ဇလွန်မြို့နယ်
ဇလွန်မြို့နယ်သည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ရှိ မြို့နယ် တစ်ခု ဖြစ်သည်။ အုပ်ချုပ်ရေးရုံးစိုက်ရာမြို့မှာ ဇလွန်မြို့ ဖြစ်သည်။ သမိုင်းကြောင်းရှေးအကျဆုံး ဇလွန်မြို့ကို ကျိုက်ထောနန္န၊ ကျိုက်ဝတ်သမန္တပူရ၊ စလွန်၊ ဇရွန်းဟူ၍ အဆင့်ဆင့် ပြောင်းလဲခေါ်ဆိုရာမှ ဇလွန်ဟု အမည်တွင်လာခဲ့သည်။ ဇလွန်မြို့နယ် စည်ပင်သာယာရေးအတွက် မြူနီစီပါယ်အဖွဲ့ကို ၁၈၈၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး နောင်အခါ၌ ဒေသန္တရအုပ်ချုပ်ရေးတွင် ထည့်သွင်းသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၈၈၅ ခုနှစ် ရက်စွဲပါ အမိန့်ကြေညာစာ အမှတ်(၁၄၃)ဖြင့်လည်းကောင်း၊ ဇလွန်မြို့ကို (၂၉.၁၁.၁၈၇၂) နေ့စွဲပါ စာအမှတ် (၁၀၃) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၏ (၃၀.၁၁.၁၈၉၉) ခုနှစ် ရက်စွဲပါ အမိန့်ကြေညာစာအမှတ် (၁၂၈)ဖြင့်လည်းကောင်း မြို့အဖြစ် သတ်မှတ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၉.၁၁ .၇၂) နေ့စွဲပါစာအမှတ် ၁၀၃/၂၂ စိတ်(၁)ဖြင့် ရွာပေါင်း(၄၉၆) ရွာဖြင့် ဖွဲ့စည်းခဲ့ပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန၏ (၁.၂.၉၉)ရက်စွဲပါ အမိန့်ကြေညာစာဖြင့် ရပ်ကွက်(၅)ခု၊ ကျေးရွာအုပ်စု(၆၆)အုပ်စု၊ ကျေးရွာငယ်ပေါင်း (၄၅၉)ရွာဖြင့် ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရပြည်ထဲရေးဝန်ကြီးဌာန နေပြည်တော်၏ (၂၀.၁၀.၂၀၁၁) ရက်စွဲပါ အမိန့်ကြေညာစအမှတ်၂၁၀/၂၂-၃၁၀/ဦး၁ အရ ဇလွန်မြို့နယ်အတွင်း ရပ်ကွက်(၅)ခု၊ ကျေးရွာအုပ်စု(၆၆)အုပ်စုနှင့် ကျေးရွာငယ်ပေါင်း (၄၅၆)ရွာဖြင့် နောက်ဆုံး ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ပထဝီဝင်တည်နေရာနှင့်အကျယ်အဝန်းဇလွန်မြို့နယ်သည် မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၃၅ မိနစ် နှင့် ၁၇ ဒီဂရီ ၄၀ မိနစ်၊ အကြား အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ၊ ၁၅ မိနစ် နှင့် ၉၀ ဒီဂရီ ၄၅ မိနစ်၊ အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ (၂၁)မိုင်နှင့် တောင်မှမြောက်သို့ (၂၀) မိုင် ရှည်လျားပါသည်။ ဇလွန်မြို့နယ်သည် ၂၄၇.၄၄၇ sq mi[convert: မသိသော ယူနစ်] ကျယ်ဝန်းသည်။ နယ်နိမိတ်နှင့် မြို့နယ်ဖွဲ့စည်းပုံဇလွန်မြို့နယ်၏အရှေ့ဘက်တွင် တိုက်ကြီး နှင့် သာယာဝတီမြို့နယ်၊ တောင်ဘက်တွင် ဓနုဖြူမြို့နယ်နှင့် ထိစပ်လျက်ရှိသည်။ အနောက်ဘက်တွင် ကျုံပျော်နှင့် ဓနုဖြူမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ဟင်္သာတမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။ မြို့နယ်ကို ရပ်ကွက် (၅) ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၆) ခုဖြင့် ဖွဲ့စည်းထားသည်။ မြို့ပေါ်ရပ်ကွက် (၅) ခု၁) ကမ်းနားရပ်ကွက် ၂) လမ်းမတော်(မြောက်) ရပ်ကွက် ၃) လမ်းမတော်(တောင်) ရပ်ကွက် ၄) ဆန်တန်းရပ်ကွက် ၅) ညောင်ပင်ဈေးရပ်ကွက် တို့ဖြစ်သည်။ ကျေးရွာအုပ်စု (၆၆) အုပ်စု၁) လမိုင်း ၂) သဖန်းကုန်း ၃) မရိုးခ ၄) ညောင်ပင်သာ ၅) ပကွဲ ၆) ပကွဲရေလဲ ၇) ရေလဲ ၈) ကြွမန်း ၉) မြစ်ဝ ၁၀) နန်းတော်ကျွန်း ၁၁) ရေတွင်းကုန်း ၁၂) လေးတူး (အရှေ့) ၁၃) ထုံးတပို ၁၄) အုပ်ရှစ်ကွင်း ၁၅) သရက်တစ်ပင် (မြောက်) ၁၆) သရက်တစ်ပင် (တောင်) ၁၇) လိန်ကုန်း ၁၈) အရှုပ်ကွင်း ၁၉) ယင်းမလွတ် ၂၀) ဗျည်းညား ၂၁) ဂျမ်းတိုက် ၂၂) ကော့စိန် ၂၃) ကော့ကပ်ကြီး ၂၄) ကော့ကပ်လေး ၂၅) ကျုံကော့ ၂၆) ပက်တန်း ၂၇) မဟာသာ ၂၈) ပြင်ဝ ၂၉) တံခွန်တိုင် ၃၀) ဆင်မြေစား ၃၁) ဝါးပတော ၃၂) မင်းဒရယ် ၃၃) သာဒုချောင်း ၃၄) ကူးတို့ဆိပ် ၃၅) ငြိမ်းအေး ၃၆) ဆုံကုန်း ၃၇) အထွတ် ၃၈) ဖားလက်ခို ၃၉) ကျုံရှ ၄၀) ဇော်ဂျီကွင်း ၄၁) ဖက်သောင် ၄၂) ဓနုဘေး ၄၃) အဗျဉ်း ၄၄) မေရီလန်း ၄၅) ကြာအင်း ၄၆) အောက် ၄၇) သက္ကယ်ကျွန်း ၄၈) ကျုံအီ ၄၉) ကျုံမတ် ၅၀) ကျုံကြိုက် ၅၁) အင်းတရော် ၅၂) ပျဉ်းမကုန်း (အနောက်) ၅၃) နှဲမောက်တန်း ၅၄) ပျဉ်းမကုန်း (အရှေ့) ၅၅) စွန်ပိ ၅၆) ကတော့ကရက် ၅၇) လေးတူး (အနောက်) ၅၈) ရင်းတိုက်ကုန်း ၅၉) သဲကုန်း ၆၀) ကျုံတနော် (တောင်) ၆၁) ကျုံခမွန် ၆၂) ကျုံတနော် (မြောက်) ၆၃) အိုးဘို ၆၄) ဒေါင့်ကြီး ၆၅) သရက်ချောင်း ၆၆) တောင်ပို့တစ်ရာ လူမှုပထဝီဝင်ဘာသာရေးဘုန်းကြီးကျောင်း (၁၇၀)ကျောင်း၊ သီလရှင်ကျောင်း (၁၁)ကျောင်း ရှိသည်။ ခရစ်ယာန်ဘာသာ (ဘုရားကျောင်း) မြို့ပေါ် (၁)ကျောင်းနှင့် ကျေးလက် (၁၈)ကျောင်း ရှိသည်။ အစ္စလာမ်ဘာသာ (ဗလီ) မြို့ပေါ် (၃)ကျောင်းနှင့် ကျေးလက် (၂)ကျောင်း ရှိသည်။ တရုတ်ဘုရားကျောင်း မြို့ပေါ် (၁) ကျောင်း ရှိသည်။ ထင်ရှားသည့်ဘုရားစေတီနှင့်ပုထိုးများ
ပရိယတ္တိစာသင်တိုက်များ
ပြင်ပလင့်ခ်များ
ကိုးကား
|
Portal di Ensiklopedia Dunia