ဝါးခယ်မမြို့ဝါးခယ်မမြို့သည် ဧရာဝတီတိုင်း၊ မြောင်းမြခရိုင် အတွင်းတည်ရှိ၍ ဝါးခယ်မမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ဧရာဝတီမြစ်၏ မြစ်ခွဲများဖြစ်ကြသော ရွှေလောင်းမြစ်နှင့် ပြန်မလော့မြစ်တို့ကို ဆက်သွယ်ထားသည့် အလျား ၂၃ မိုင် ရှိသော ဝါးခယ်မမြစ်၏ ကမ်းပါးပေါ်၌ မြို့တည်ထားလေသည်။ အမည်ဆင်းသတ်လာပုံနှင့် သမိုင်းမြန် မာ့စွယ်စုံကျမ်း အမှတ် ၁၂ တွင်မူ ဝါးခယ်မ ဟူသောအမည်သည် ဝါးကြုယ်မ ဟူသောစကားလုံး မှ ရွေ့လျားလာခြင်း ဖြစ်ပြီး အဓိပ္ပာယ် ဝါး = ကွင်း ကြုယ်= မျိုးစေ. ထို့ကြောင့် မျိုးစေ့များကြဲချစိုက်ပျိုးရာကွင်း ဖြစ်သည်ဟု ရေးသားပါသည်။
ရှေး လူကြီးများ၏ အပြောအရမူ ဝါးခယ်မသည် စလေသား ဆင်ဖြူကျွန်းသား အများစု ပါသောအညာသူ အညာသားများ စုပေါင်းနေထိုင်ခဲ့သောမြို့ဖြစ်ကြောင်း ဌာနေများက ဗမာများ နေထိုင်ရာဖြစ်၍ ဗမာ့ကွင်း ဟု မွန်ဘာသာဖြင့်ခေါ်ရာမှ ဝါးခယ်မ ဖြစ်လာကြောင်း ယခင်က ဆင်ဖြူကျွန်းပိုင်း စလေပိုင်း (ယခုမြသိန်းတန်) ပွဲစားတန်း မင်းပိုင်း လှေကျင်းကုန်း ဟုခွဲခြား ထားခဲ့ကြကြောင်း ထိုစဉ်က ဝါးခယ်မတွင် အိမ်ခြေ ၁၀၀၀ မပြည့်၍ မြူနီစပယ် အဖွဲ့ မဖွဲ့နိုင်သဖြင့် ထော်ကနွတ် ရွာသစ် တရုတ်တန်း သော်က စသည်တို့ကို မြို့နယ် နယ်နမိတ်အတွင်း သွတ်သွင်း ခဲ့ရကြောင်း ဝါးခယ်မမြို့သည် မြောင်းမြ ခရိုင်အတွင်း အလည်ဗဟိုဖြစ်၍ ဒီစတြိတ် မြို့သတ်မှတ်၍ အရေးပိုင် ရုံးစိုက်ဖူးကြောင်း ထောင်ပိုင်ဆရာဝန် ပြောင်းလာသောအခါ ရေတွင်း ရေကန်ကောင်းကောင်း မရှိ မြေနိမ့် မြေပျော့ဖြစ်၍ ခရိုင်ရုံး ထောင်စသည်တို့ပြုလုပ်ရန် မဖြစ်ကြောင်း တင်ပြ ငြင်းဆိုသဖြင့် မြောင်းမြကို ခရိုင်ရုံးစိုက်ရာ မြို့အဖြစ် ပြောင်းရွေ့ခဲ့ရကြောင်း မှတ်သားရသည်။ ပိနန်ဆရာတော်ကြီး ဦးပညာဝံသ ကမူ လွန်ခဲ့သော နှစ် ၂၀၀ နီးပါးက မြစ်၀ကျွန်းပေါ်ဒေသတွင် မူရင်းနေထိုင်သူအလွန်နည်းပါးကြောင်း ဆင် ကျား မျောက် ငှက် သားရဲ တိရစ္ဆာန် များကျက်စားနေထိုင်သော သစ်ဝါးနွယ် ကြိမ်ပင်များ ပေါများသည်. တောနက်များသာဖြစ်ကြောင်း နေရာအနှံ့အပြားမှ လူများ လာရောက်အခြေချ နေထိုင်ရာမှ ကျေးရွာ ကြီးများအဖြစ်ပြောင်းလဲလာကြောင်း ထိုစဉ်က ကူးသန်းရောင်းဝယ်ရာ အချက်အချာ မြို့မှာ ရွှေလောင်းဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း ကမ်းမြေပြိုခြင်းတို့ကြောင့် ဝါးခယ်မတည်ရာသို့ ရွေ့ပြောင်း၍ မြို့တည်ကြောင်း ဆိုသည်။ စာပေကျမ်းဂန်နှံ့စပ်လှသော ဟင်္သာတ မြစ်ကွေ့တိုက်ဆရာတော်က အမျိုးသား ပညာဝန် ဦးဖိုးကျားထံ မြို့အမည်နှင့်ပတ်သက်၍ ဝါးဟဲ့ခယ်မ ကိုလည်းကောင်း ဝါးရုံနှင့် ခဲပြား ခဲမ များ ရှိသည် နှင့်လည်းကောင်း ဆက်စပ်မှု ရှိ/ မရှိ၁၂၉၉နတ်တော်လပြည်.ကျော်၆ ရက် (၁၉၃၇ ခန်.)က စာရေး မေးမြန်းရာ ဦးဖိုးကျားက ၂၉ .၁၂ . ၁၉၃၇ ရက်စွဲဖြင့် ဝါးခယ်မဟာ မွန်စကားရင်း ဖြစ်ဟန်ရှိသည်။ မြန်မာသံနှင့် ကြံတော်မမူပါနှင့် ဘုရားဟု ပြန်လည်ဖြေကြား လျှောက်ထား ဖူးကြောင်းလဲ မှတ်သားရသည်။ ဝါးခယ်မသမိုင်း၏ အထောက်အထားတစ်ခုဖြစ်သော ကုမာရန္တီလင်္ကာ
ထိုလင်္ကာ ကိုအစအဆုံးရှာဖွေတွေ့ရှိခြင်းမဟုတ်ပဲ စာရေးဆရာကြီးသတိုးသောင်းဖော်ထုတ်ခဲ့သော အပိုင်းအစတစ်ရပ်အဖြစ်သာတွေ့ရသည်။ စာဆိုဦးလူငယ်ဆိုသည်မှာ သီပေါမင်း၏ ကျောက်ရစ်စင်တော်ကြီး၏ စာဆိုတော်ဟုသိရသည်။ တည်နေရာနှင့် အကျယ်အဝန်းဧရာဝတီမြစ်ဝကျွန်းပေါ် မြို့တစ်မြို့ဖြစ်သဖြင့် တည်ရာအရပ်သည် ပြန့်ဖြူးသော မြေနိမ့်ဒေသဖြစ်သည်။ ဝါးခယ်မမြို့သည် ဧရာ၀တီတိုင်း ဒေသကြီး ၏ ခရိုင် ၆ ခု(နာဂစ်မတိုင်မှီက ၅ ခု) အနက် မြောင်းမြခရိုင်အတွင်းတွင် ပါဝင်ပြီး မြို့နယ်အဆင့်ရှိ မြို့တစ်ခုဖြစ်သည်။ မြောက်လတ္တီတွဒ် ၁၆ဒီဂရီ ၀၆ မိနစ် မှ ၁၈ ဒီဂရီ ၅၀ မိနစ်အတွင်း အရှေ.လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၀၁ မိနစ်မှ ၉၅ ဒီဂရီ ၃၀ မိနစ် အတွင်း တည်ရှိသည်။ မြောက်ဘက်နှင့် အရှေ့မြောက် ဘက်တွင် ပန်းတနော်မြို့နယ်နှင့် မအူပင်မြို့နယ် အရှေ့ဘက်တွင် ကျိုက်လတ်မြို့နယ် အရှေ့ တောင်ဘက်တွင် မော်လမြိုင်ကျွန်း မြို့နယ် တောင်ဘက်တွင် လပွတ္တာ မြို့နယ် အနောက်ဘက်တွင် မြောင်းမြမြိုနယ် အနောက်မြောက်ဘက်တွင် အိမ်မဲမြို့နယ်တို့ ရှိသည်။ မြို့၏အကျယ်အဝန်းမှာ ၁ဝ၈၉ ဧက (စတုရန်းမိုင် ၄၂ဝ ခန့်) ဖြစ်၍ အလျားမှာ နှစ်မိုင်၊ အနံမှာ အနောက်ဘက်၌ တစ်မိုင်ရှိ၍ အရှေ့ဘက်၌ ခြောက်ဖာလုံရှိရှိ၍ ကျေးရွာအုပ်စုပေါင်း ၁၃၅ ရှိသည်။ မြောက်ဘက်စွန်းမှ တောင်ဘက်စွန်းထိ ၄၄ မိုင်ခန့်ရှိပြီး အရှေ့ ဘက်စွန်းမှ အနောက်ဘက်စွန်းထိ ၁၉ မိုင်ခန့် ရှိသည်။ ရာသီဥတုအပူပိုင်း မုတ်သုန်ရာသီဥတု ကို ခံစားရသည်။ လူဦးရေ နှင့် လူမျိုးများမြန်မာ လူမျိုးနှင့် ကရင်လူမျိုးများ အများဆုံးနေထိုင်လျက်ရှိပြီး ၁၉၈၄ ခုနှစ်တွင် လူဦးရေ ၂၄၃၀၄၈ ရှိ ကာ ယခုအခါ လူဦးရေ စုစုပေါင်း ၃၉၄၉၂၅ ဦး နေထိုင်လျက်ရှိသည်။ အစိုးရရုံးဌာနများမြို့၏စည်ပင်သာယာရေးကို မြူနီစီပယ်အဖွဲ့က ဆောင်ရွက်သည်။ မြို့ပေါ်ရှိ အစိုးရအဆောက်အအုံများမှာ နယ်ပိုင်ရုံး၊ မြို့ပိုင်ရုံး၊ ပြည်သူ့ရဲတပ်ဖွဲစခန်း၊ စာတိုက်နှင့် ကြေးနန်းဌာန၊ လူဝင်မှုကြီးကြပ်ရေးရုံး၊ သစ်တောအကောက်ဌာန၊ ဆေးရုံ စသည်တို့ဖြစ်သည်။ ပညာရေးအစိုးရနည်းပညာကောလိပ်၊ အထက်တန်းကျောင်း နှစ်ကျောင်း၊ အလယ်တန်းကျောင်း နှစ်ကျောင်းနှင့် မူလတန်းကျောင်း ခုနစ်ကျောင်း ရှိသည်။ လူဦးရေအရောင်းအဝယ်စည်ကားသော မြို့ ဖြစ်၍ မြို့ပေါ်ရှိ လူဦးရေမှာ (၁၉၇၁-ခုနှစ်) ၂၁၆,ဝဝဝ ယောက်ဖြစ်၍ ဗုဒ္ဓဝါဒီ မြန်မာလူမျိုးတို့သည် အများစုဖြစ်သည်။ မြို့ပေါ်နေ ပြည်ထောင်စုတိုင်းရင်းသားများထဲမှ ဒုတိယအများဆုံးသည် ကရင်လူမျိုးဖြစ်သည်။ မြို့နေ တိုင်းတစ်ပါးသားများတွင် တရုတ်အမျိုးသားသည် အများဆုံးဖြစ်၍ ဒုတိယအများဆုံးသည် အိန္ဒိယ တိုင်းရင်းသားများဖြစ်ကြလေသည်။ ဘာသာရေးမြို့၏ ကျက်သရေဆောင် သာသနိကအဆောက်အအုံများအနက် သကျမဟာသီရိ ရုပ်ပွားတော်ကြီးသည် အဓိကရဖြစ်၍ ယင်းဆင်းတုတော်ကြီးကို နှစ်သစ်ကူးချိန်တွင်တစ်ခါ၊ သီတင်းကျွတ်တွင်တစ်ကြိမ် တခမ်းတနား ရောင်တော်ဖွင့်ပွဲကျင်းပလေ့ရှိကြသည်။ ဝါးခယ်မမြို့ တစ်ဖက်ကမ်းရှိ သော်ကစေတီကို နှစ်စဉ် တပေါင်းလပြည့်၌ စည်ကားသိုက်မြိုက်စွာ ပွဲတော် ကျင်းပသည်။ ထို့ပြင် မြသိန်းတန်စေတီမှာလည်း ထင်ရှားသည့်စေတီပုထိုးဖြစ်သည်။ မြို့ပေါ်နှင့် ဆင်ခြေဖုံးတွင် ဘုန်းကြီးကျောင်းပေါင်း ၃ဝ ကျော်ရှိ၍ သာသနာ့ရိပ်သာနှင့် ဟံသာဝတီရိပ်သာ အမည်ရှိ ကမ္မဋ္ဌာန်း ရိပ်သာနှစ်ခုလည်းရှိလေသည်။ စီးပွားရေးမြို့နယ်လူထု၏ အဓိကလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးခြင်း ဖြစ်သည်။ မြေနုကျွန်းပေါ်ဒေသဖြစ်သည့်ပြင် မိုးလည်းကောင်စွာရရှိသဖြင့် ဝါးခယ်မမြို့နယ်မှ ဆန်စပါး အထွက်ကောင်းသည်။ ဆန်စပါးကို အဓိက စိုက်ပျိုးကြ၍ မြေပဲနှင့် ဂုံလျှော်ကိုလည်း အများအပြား စိုက်ပျိုးလုပ်ကိုင်ကြသည်။ ၁၉၆၅-၆၆ ခုနှစ် မြေပဒေသာစီမံကိန်းအရ စပါး၊ မြေပဲ၊ ဂုံလျှော်၊ ပဲအမျိုးမျိုး၊ ငရုတ်၊ ကြက်သွန် စသည်တို့အပါအဝင် လယ်ယာကိုင်းကျွန်းသီးနှံ ၁၇ မျိုးအတွက် ဧကပေါင်း ၁၈၄,၈ဝဝ စိုက်ပျိုးလုပ်ကိုင်ရန် လျာထားသည်။ ဆိုခဲ့သော စိုက်ပျိုးမည့် ဧကများအနက် စပါးအမျိုးမျိုး အတွက် ဧက ၁၆၃,ဝဝဝ၊ မြေပဲအတွက် ၄,၉ဝ၁ ဧက၊ ဂုံလျှော်အတွက်ဧက ၁၁,၂၅ဝ ဟူ၍ သီးသန့်ထားလေသည်။ ဝါးခယ်မမြို့ပေါ်နှင့် ဆင်ခြေဖုံးတွင် ဆန်စက် ၁ဝ လုံးခန့်ရှိသည်။ ထို့ပြင် နယ်သုံးအတွက် ဆီစက်နှစ်စက်နှင့် သစ်စက်လည်းရှိပေသည်။[၁] ထူးခြားထင်ရှားဝန်ကြီးချုပ်ဟောင်း ဦးနု၊ ဝါးခယ်မ သခင်သိန်းဖေ၊ စာရေးဆရာမခင်နှင်းယု၊ အနုပညာရှင် ဝါးခယ်မရဲမောင်၊ စာရေးဆရာ မောင်ခြိမ့်၊ အဆိုတော် ဂျေညီညီ တို့မှာ ထင်ရှားသော ဝါးခယ်မသားများဖြစ်ကြသည်။ ဒေသစားစရာမြန်မာ့ရိုးရာ စားစရာ မုန့်ဟင်းခါး အမျိုးအစားစုံလင်စွာရှိရာ များလှစွာသော မုန့်ဟင်းခါးအမျိုးအစားများထဲမှ ဝါးခယ်မ မုန့်ဟင်းခါးသည် တမျိုးတဘာသာ ထူးခြားသည်။ ငါးဖယ်ကြော်၊ ပုဇွန်ထောင်းကြော်၊ ပုဇွန်ဦးဏှောက်ကြော်များမှာလည်း ဝါးခယ်မသို့ အလည်ရောက်သူများ အမှတ်တရ စားကြသည့် ဒေသစားစရာများဖြစ်ကြသည်။ ကိုးကား
|
Portal di Ensiklopedia Dunia