ဇော်ဝေစိုး
ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးသည် အရိုးအကြောဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်တစ်ဦး နှင့် ပါမောက္ခတစ်ဦးဖြစ်ပြီး ၏ ဆေးတက္ကသိုလ် ၁ ရန်ကုန်၏ ပါမောက္ခချုပ်အဖြစ် ၂၀၁၅ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[၁][၂]၂၀၁၄ခုနှစ်မှ ၂၀၁၅ခုနှစ်အထိလည်း ဆေးတက္ကသိုလ် ၂ ရန်ကုန်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၃] ၂၀၂၁ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဒေါက်တာဇော်ဝေစိုးအား ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီမှ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန စသည့်ဌာနများ၏ ခေတ္တပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။[၄][၅]
အလုပ်အကိုင်ဒေါက်တာဇော်ဝေစိုးသည် ၁၉၈၆ ခုနှစ်တွင် ဆေးတက္ကသိုလ် (၂) ရန်ကုန်မှ ဆေးပညာဘွဲ့ကို ရရှိခဲ့သည်။၎င်းနောက် မြင်းခြံဆေးရုံတွင် လက်ထောက်ဆရာဝန်အဖြစ် သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် ယူကေနိုင်ငံမှ ပြန်လာပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရိုးရောဂါဌာန၊ အရိုးရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်) တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဆေးတက္ကသိုလ် (၂) ရန်ကုန်၏ ပါမောက္ခချုပ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၂၀၁၅ ခုနှစ်၊ မေလ ၂၀ရက်နေ့တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန် ပါမောက္ခချုပ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ဒေါက်တာဇော်ဝေစိုးသည် မြန်မာနိုင်ငံရှိ ကျောရိုးခွဲစိတ်ပညာ နှင့် အရေးပေါ်ကုသမှုဆေးပညာတို့ကို တည်ထောင်သူများအနက် တစ်ဦးအပါအဝင်ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံပါမောက္ခချုပ်များကော်မတီ၏ ဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ၂၀၂၀ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် ၁၉ ရောဂါတိုက်ဖျက်ရေးတွင် ဦးဆောင်သူတစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ကော်မတီ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၂၀၂၁ခုနှစ် မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရပြီးနောက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် နှစ်နာရီကြာခန့် ထိန်းသိမ်းခံခဲ့ရပြီး ဆန္ဒပြမှုတွင် ပါဝင်ခြင်း ရှိ၊မရှိ စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရသည်။ ကိုးကား
|
Portal di Ensiklopedia Dunia