ဒုတိယဗိုလ်ချုပ်ကြီး မဟာသရေစည်သူ တင်ဦး |
---|
အမည်ပြောင်(များ) | ဘယ်ရီ တင်ဦး |
---|
မွေးဖွား | ၁၃-၀၅-၁၉၃၃ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့။ |
---|
ကွယ်လွန် | ၁၉ ဖေဖော်ဝါရီ၊ ၂၀၀၁(2001-02-19) (အသက် ၆၇) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တရုတ်လှကျေးရွာအနီး။ |
---|
သစ္စာခံနိုင်ငံ | ပြည်ထောင်စု မြန်မာနိုင်ငံ |
---|
လက်နက်ကိုင်တပ် | တပ်မတော် (ကြည်း) |
---|
အမှုထမ်း ကာလ | ၅၁ နှစ် (၁၉၅၀-၂၀၀၁ ခုနှစ်) |
---|
ရာထူးအဆင့် |
တိုးမြှင့်ခံရသည့် အဆင့်များ
- ဒုတိယဗိုလ် (၁၉၅၉ - ၁၉၆၀ ခုနှစ်)
- ဗိုလ် (၁၉၆၀ - ၁၉၆၆ ခုနှစ်)
- ဗိုလ်ကြီး (၁၉၆၆ - ၁၉၇၃ ခုနှစ်)
- ဗိုလ်မှူး (၁၉၇၃ - ၁၉၇၈ ခုနှစ်)
- ဒုတိယဗိုလ်မှူးကြီး (၁၉၇၈ - ၁၉၈၁ ခုနှစ်)
- ဗိုလ်မှူးကြီး (၁၉၈၁ - ၁၉၈၉ ခုနှစ်)
- ဗိုလ်မှူးချုပ် (၁၉၈၉ - ၁၉၉၀ ခုနှစ်)
- ဗိုလ်ချုပ် (၁၉၉၀ - ၁၉၉၃ ခုနှစ်)
- ဒုတိယဗိုလ်ချုပ်ကြီး (၁၉၉၃ - ၂၀၀၁ ခုနှစ်)
|
---|
ကိုယ်ပိုင်အမှတ် | ကြည်း ၈၁၈၂ |
---|
တပ်ဖွဲ့ | စစ်ဆင်ရေးအထူးအဖွဲ့မှူးရုံး စစ်ဦးစီးအရာရှိချုပ်ရုံး(ကြည်း) |
---|
ကွပ်ကဲသည့် ဌာန | - နဝတ၊ နယက
- ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
|
---|
ပါဝင်ခဲ့သည့် စစ်ဆင်ရေးများ | နဂါးနိုင်စစ်ဆင်ရေး၊ ဘုရင့်နောင်စစ်ဆင်ရေး |
---|
ဆုတံဆိပ်များ |
ဂုဏ်ထူးဆောင်ဘွဲ့/တံဆိပ်များ
- မဟာသရေစည်သူ
- ရွှေရတုတံဆိပ်
- မြန်မာနိုင်ငံစစ်မှုထမ်းသင်္ဂဟတံဆိပ်
- စစ်မှုထမ်းကောင်းတံဆိပ်
- နိုင်ငံတော်စစ်မှုထမ်းတံဆိပ်
- ပြည်ပရန်နှိမ်တံဆိပ်
- ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်
- နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်
- မိုင်းယန်း/မဲသဝေါတိုက်ပွဲတံဆိပ်
- ရန်ငြိမ်းအေးတံဆိပ်
- တပ်မတော်ဂုဏ်ဆောင်အမှုထမ်းတံဆိပ်(ပထမအဆင့်)
- တပ်မတော်ဂုဏ်ဆောင်အမှုထမ်းတံဆိပ်(ဒုတိယအဆင့်)
- တပ်မတော်ဂုဏ်ဆောင်အမှုထမ်းတံဆိပ်(တတိယအဆင့်)
- စစ်မှုထမ်းသက်တံဆိပ်(၃၃ နှစ်အထက်)
- နိုင်ငံ့အကျိုးဆောင်တံဆိပ်
- စစ်ပွဲတံဆိပ်(၁၉၆၂ - ၁၉၇၄)
- စစ်ပွဲတံဆိပ်(၁၉၇၄ - ၁၉၈၈)
- စစ်ပွဲတံဆိပ်(၁၉၈၈ - ၁၉၉၀)
- ခြေလျင်တပ်ခွဲမှူးသင်တန်းတံဆိပ်
|
---|
အိမ်ထောင်ဖက် | ဒေါ်ခင်သန်းနွဲ့၊ အိမ်ထောင်သက် - ၃၈ နှစ် (၁၉၆၃ - ၂၀၀၁ ခုနှစ်) |
---|
ဆွေမျိုးသားချင်း | ဖခင်- ဦးလှသောင်း မိခင်- ဒေါ်မြကြည် |
---|
ဒုတိယဗိုလ်ချုပ်ကြီး မဟာသရေစည်သူ တင်ဦး (၁၃ မေလ ၁၉၃၃ - ၁၉ ဖေဖော်ဝါရီလ ၂၀၀၁) သည် မြန်မာနိုင်ငံသား၊ တပ်မတော်သား တစ်ဦးဖြစ်သည်။ သူသည် တပ်မတော်တွင် စတင်ဝင်ရောက်ခဲ့ချိန် ၁၉၅၀ ပြည့်နှစ်မှ ၂၀၀၁ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး "စစ်ဆင်ရေးအထူးအဖွဲ့မှူး နှင့် စစ်ဦးစီးအရာရှိချုပ်(ကြည်း)" ရာထူးတာဝန်များအထိ ခန့်အပ်ခံခဲ့ရသော တပ်မတော်အရာရှိကြီး တစ်ဦးဖြစ်သည်။ ၎င်းအပြင် ယခင် တပ်မတော်စစ်အစိုးရလက်ထက်များဖြစ်သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တို့၏ "အတွင်းရေးမှူး(၂)" တာဝန်ကို ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။ သူ့အား သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် မိဘများဖြစ်ကြသည့် ဦးသူငယ်လေး(အဖ)နှင့် ဒေါ်ခင်(အမိ)တို့မှ ၁၉၃၃ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် မွေးဖွားခဲ့သည်။[၁]
စစ်မှုထမ်းခြင်း
ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးသည် တပ်မတော်သို့ ၁၉၅၀ ပြည့်နှစ်၌ စတင်ဝင်ရောက်ခဲ့သည်။ ထို့နောက် ၁၉၅၈ ခုနှစ်တွင် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၂)သို့ တက်ရောက်အောင်မြင်ခဲ့ပြီး၊ ၁၉၅၉ ခုနှစ်တွင် တပ်မတော်ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခံခဲ့ရသည်။ သူသည် ၁၉၅၉ ခုနှစ်တွင် ဒုတိယဗိုလ် အဆင့်နှင့် ဗိုလ် အဆင့်၊ ၁၉၆၆ ခုနှစ်တွင် ဗိုလ်ကြီး အဆင့်၊ ၁၉၇၃ ခုနှစ်တွင် ဗိုလ်မှူး အဆင့်၊ ၁၉၇၈ ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီး အဆင့်၊ ၁၉၈၁ ခုနှစ်တွင် ဗိုလ်မှူးကြီး အဆင့်၊ ၁၉၈၉ ခုနှစ်တွင် ဗိုလ်မှူးချုပ် အဆင့်၊ ၁၉၉၀ ပြည့်နှစ်တွင် ဗိုလ်ချုပ် အဆင့်နှင့် ၁၉၉၃ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်သို့ အဆင့်ဆင့်တိုးမြှင့်ခြင်းခံခဲ့ရသည်။[၁]
ထိုသို့ တိုးမြှင့်ခံခဲ့ရသော အဆင့်၊ ခန့်အပ်ခံခဲ့ရသော ရာထူးတာဝန်နှင့် တာဝန်ထမ်းဆောင်ခဲ့ရသော တပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။[၁]
တပ်မတော်၌ တာဝန်ထမ်းဆောင်ခဲ့မှုများ
စဉ်
|
အဆင့်
|
ရာထူး
|
တပ်/ ရုံးဌာနချုပ်
|
ကာလ (ခုနှစ်)
|
ပါဝင်ခဲ့သော
စစ်ဆင်ရေးများ
|
မှ
|
ထိ
|
၁
|
-
|
-
|
တပ်မဟာ(၅)
|
၁၉၅၀
|
-
|
- နဂါးနိုင်စစ်ဆင်ရေး
- ဘုရင့်နောင်စစ်ဆင်ရေး
|
၂
|
-
|
-
|
တပ်မဟာ(၁၀)
|
-
|
၁၉၅၈
|
၃
|
ဒုတိယဗိုလ်
|
တပ်စုမှူး
|
ခလရ(၁၀)
|
၁၉၅၉
|
၁၉၆၀
|
၄
|
ဗိုလ်
|
ထောက်လှမ်းရေးအရာရှိ
|
ခလရ(၂၀)
|
၁၉၆၀
|
၁၉၆၃
|
၅
|
ဗိုလ်ကြီး
|
စိန်ပြောင်းကြီး တပ်စုမှူး
|
ခလရ(၂၁)
|
၁၉၆၃
|
၁၉၆၆
|
၆
|
စစ်ဦးစီးမှူး(တတိယတန်း)
|
နမခ
|
၁၉၆၆
|
-
|
|
၇
|
ကက(ကြည်း)၊ စစ်ဆင်ရေးဌာန
|
-
|
-
|
|
၈
|
ဗိုလ်မှူး/ ဗိုလ်ကြီး
|
ယာယီတပ်ခွဲမှူး(ဗိုလ်မှူး)
|
ခလရ(၃၄)
|
-
|
-
|
|
၉
|
ဗိုလ်မှူး
|
စစ်ဦးစီးမှူး(ဒုတိယတန်း)
|
ရမခ
|
-
|
-
|
|
၁၀
|
ကက(ကြည်း)၊ စစ်ဆင်ရေးဌာန
|
-
|
၁၉၇၇
|
|
၁၁
|
ဒုတိယဗိုလ်မှူးကြီး
|
တပ်ရင်းမှူး
|
ခမရ(၁၀၆)
|
၁၉၇၇
|
၁၉၇၉
|
|
၁၂
|
စစ်ဦးစီးမှူး(ပထမတန်း)
|
နကတ
|
၁၉၇၉
|
-
|
|
၁၃
|
ကက(ကြည်း)၊ စစ်ဆင်ရေးဌာန
|
-
|
၁၉၈၀
|
|
၁၄
|
ဗိုလ်မှူးကြီး
|
နည်းဗျူဟာမှူး
|
တမခ(၅၅)
|
၁၉၈၀
|
-
|
|
၁၅
|
ဒုတိယတပ်မမှူး
|
တမခ(၃၃)
|
-
|
၁၉၈၅
|
|
၁၆
|
စစ်ဦးစီးမှူး(ဗိုလ်မှူးကြီး)
|
ကက(ကြည်း)
|
၁၉၈၅
|
-
|
|
၁၇
|
ဗိုလ်မှူးချုပ်
|
တပ်မတော်စစ်ဆေးရေး အရာရှိချုပ်
|
တပ်မတော်စစ်ဆေးရေး အရာရှိချုပ်ရုံး
|
-
|
၁၉၈၈
|
|
၁၈
|
ဗိုလ်ချုပ် /
ဒုတိယဗိုလ်ချုပ်ကြီး
|
စစ်ဆင်ရေးအထူးအဖွဲ့မှူး /
စစ်ဦးစီးအရာရှိချုပ်(ကြည်း)
|
ကက(ကြည်း)
|
၁၉၈၈
|
၂၀၀၁
|
|
ကိုယ်ပိုင်ဘဝ
သူသည် ၁၉၆၃ ခုနှစ်တွင် ဦးလှသောင်း(အဖ)နှင့် ဒေါ်မြကြည်(အမိ)တို့၏ သမီးဖြစ်သူ ဒေါ်ခင်သန်းနွဲ့ နှင့် လက်ထပ်ထိမ်းမြားခဲ့သည်။ သူတို့ ဇနီးမောင်နှံနှစ်ဦးတွင် သား (၂)ဦး နှင့် သမီး (၃)ဦး ထွန်းကားခဲ့သည်။[၁]
တာဝန်ထမ်းဆောင်နေစဉ် ကွယ်လွန်ခြင်း
ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး သည် ၁၉၅၀ ပြည့်နှစ်မှစ၍ ၂၀၀၁ ခုနှစ်အထိ နှစ်ပေါင်း ၅၀ကျော် နိုင်ငံတော်နှင့် တပ်မတော်အတွက် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အတွင်းရေးမှူး(၂) ၊ တပ်မတော်၏ စစ်ဆင်ရေးအထူးအဖွဲ့မှူးနှင့် စစ်ဦးစီးအရာရှိချုပ်(ကြည်း) တာဝန်များအား ထမ်းဆောင်နေစဉ် ၂၀၀၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက် နေ့တွင် ရုတ်တရက်ကွယ်လွန်ခဲ့သည်။[၁]
သူ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်ခင်သန်းနွဲ့၊ သားများဖြစ်ကြသော- ဦးဇော်ထွန်းဦး၊ ဦးနေထွန်းဦး၊ သမီးများဖြစ်ကြသော- ဒေါ်ဖြူဖြူဦး၊ ဒေါ်ယဉ်မာဦး တို့နှင့် မြေး(၄)ဦး ကျန်ရစ်သည်။[၁]
ကိုးကား