နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) (အင်္ဂလိပ်: State Peace and Development Council (SPDC)) သည် ၂၀၁၁ခုနှစ်မတိုင်မီ အုပ်ချုပ်ခဲ့သော မြန်မာစစ်အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်သည်။ နအဖ သည် ၁၉၈၈ ခုနှစ် အာဏာသိမ်း အုပ်ချုပ်ရေးအဖွဲ့ဖြစ်သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ကို ပြောင်းလဲဖွဲ့စည်းထားခြင်းဖြစ်သည်။ နဝတသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ၏ အခန်းကဏ္ဍကို အစားထိုးပြောင်းလဲထားပြီး၊ အပေါ်ယံကသာ အဓိကပြောင်းထားခြင်းဖြစ်သည်။ ၁၉၉၇ တွင် နဝတ ကို ဖျက်သိမ်းပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ နအဖ တွင် ဌာနကြီးများနှင့် ဒေသဆိုင်ရာစစ်တိုင်းကြီးများ၏ တပ်မှူးကြီးများ ပါဝင်ကြသည်။ စစ်အာဏာပိုင်အဖွဲ့ဖြစ်သော နအဖ၏ အဖွဲ့ဝင် ၁၁ ဦးသည် အစိုးရဝန်ကြီးများအဖွဲ့ထက် အာဏာကိုပို၍ သုံးနိုင်ခွင့်ရှိသည်။ စစ်အာဏာပိုင်အဖွဲ့၏ အချို့သောအဖွဲ့ဝင်များသည် ဝန်ကြီးများအဖွဲ့၏ ဝန်ကြီးရာထူးများကိုလည်းယူထားသည်။ အများ၏ထင်မြင်ယူဆချက်တွင် စစ်တိုင်းမှူးများသည် ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် များများစားစားရရှိခြင်းကို ပျော်ရွှင်နှစ်သက်ကြသည်။ အစိုးရသည်တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်သော မဆလ ၏ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စံနစ်မှ နောက်ဆုတ်ထားသော်လည်း၊ လူ့အခွင့်အရေးချိုဖောက်မှု စွပ်စွဲချက်များ အများအပြားရှိခဲ့သည်။ သမိုင်းနဝတ ကို ဗိုလ်ချုပ်ကြီးစောမောင် (နောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး၊ ၁၉၉၇ ဇူလိုင်လတွင်ကွယ်လွန်) ဦးစီးသည့် မြန်မာ့လက်နက်ကိုင်တပ်များ ရှစ်လေးလုံးထကြွမှုကို နှိမ်နင်းပြီး အာဏာသိမ်းယူခဲ့သည့် ၁၉၈၈ စက်တင်ဘာလ ၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ အာဏာသိမ်းယူခဲ့သည့်နေ့တွင် နဝတ သည် အမိန့်အမှတ် ၁/၁၉၈၈ ဖြင့် တပ်မတော်မှအာဏာလွှဲပြောင်းရယူခြင်း နှင့် နဝတအဖွဲ့ ဖွဲ့စည်းကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။ အမိန့်အမှတ် ၂/၁၉၈၈ ဖြင့် နဝတ သည် ၁၉၇၄ မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ[၃] အောက်တွင် တည်ရှိကြသော “နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းများ” အားလုံးကို ဖျက်သိမ်းပစ်သည်။ ပြည်သူ့လွှတ်တော်၊ နိုင်ငံတော်ကောင်စီ၊ ဝန်ကြီးအဖွဲ့၊ ပြည်သူ့တရားသူကြီးများကောင်စီ၊ ပြည်သူ့ ဥပဒေအကျိုးဆောင်များကောင်စီ၊ ပြည်သူ့စာရင်းစစ်များကောင်စီ၊ ထိုနည်းတူစွာ ပြည်နယ်နှင့်တိုင်း၊ မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာ ပြည်သူ့ကောင်စီများ ကို ဖျက်သိမ်းပစ်သည်။ နဝတ သည် ယခင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလပါတီ)တွင် ဒုဝန်ကြီးများ၏အလုပ်တာဝန်များအစားထိုးခြင်း ကိုလည်း ရပ်ဆိုင်းသည့်အမိန့် ထုတ်ပြန်ခဲ့သည်။ (၁၉၇၄ မြန်မာ့အခြေခံဥပဒေတွင် “ဝန်ကြီးအဖွဲ့” သည် ဝန်ကြီးများအဖွဲ့အဖြစ်ဆောင်ရွက်သော်လည်း ဒုဝန်ကြီးများကို ဝန်ကြီးအဖွဲ့၏ တရားဝင်အစိတ်အပိုင်းအဖြစ် မထားရှိခဲ့သည့်အတွက် နဝတ သည် တိကျသေချာစေရန် ယခင် မဆလ အစိုးရအတွင်းရှိ ဒုဝန်ကြီးများကို ဝန်ကြီးများနှင့်အတူထားရှိပြီး ရပ်ဆိုင်းခဲ့သည်။) အာဏာ သိမ်းသည့်နေ့တွင် ထုတ်ပြန်ခဲ့သည့် နဝတ ၏အမိန့်များကို ၁၉၈၈ စက်တင်ဘာ ၁၉ ရက်ထုတ် လုပ်သား ပြည်သူ့နေ့စဉ်သတင်းစာ တွင်တွေ့မြင်နိုင်သည်။ နဝတ ၏ပထမဦးဆုံးဥက္ကဋ္ဌသည် ဗိုလ်ချုပ်ကြီးစောမောင် ဖြစ်ပြီး၊ နောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး ဖြစ်လာကာ ဝန်ကြီးချုပ်လည်းဖြစ်သည်။ သူသည် ၁၉၉၂ ဧပြီလ ၂၃ ရက်နေ့တွင် ရာထူးမှဖယ်ရှားခံရပြီး၊ ထိုစဉ်ကဗိုလ်ချုပ်ကြီး နောက်ပိုင်းတွင်ဗိုလ်ချုပ်မှူးကြီး ဖြစ်လာသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မှ နဝတဥက္ကဋ္ဌ နှင့် ဝန်ကြီးချုပ်ရာထူးများကို လွှဲပြောင်းရယူသွားသည်။ ၁၉၉၇ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် နဝတ ကို ဖျက်သိမ်းပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ ဖြိုးရေးကောင်စီ အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ အများအားဖြင့် သို့မဟုတ် အားလုံးမဟုတ်သော စစ်အစိုးရ၏အဖွဲ့ဝင် အများစုသည် ဖျက်သိမ်းလိုက်သည့် နဝတအဖွဲ့ ထဲမှ အဖွဲ့ဝင်များပင်ဖြစ်သည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၂၀၀၂)
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၂၀၀၃)
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၂၀၀၅)
အစောပိုင်းကာလတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ပုဂ္ဂိုလ်များနှင့် တိုင်းမှူးများကို အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ထားသော်လည်း ၂၀၀၀ ပြည့်နှစ်တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာသော ဗိုလ်မှူးချုပ်အေးကြွေ၊ ၂၀၀၁ ခုနှစ်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်လာသော ဗိုလ်မှူးချုပ်မြင့်ဆွေ(ယခု ယာယီသမ္မတ ဦးမြင့်ဆွေ)တို့ နောက်ပိုင်း တိုင်းမှူးများကို နယကအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခြင်း မရှိတော့ပေ။ ထို့အတူ ၂၀၀၁ ခုနှစ်တွင် စစ်ဆင်ရေးအထူးအဖွဲ့မှူးများအဖြစ် တာဝန်ပေးအပ်ခြင်းခံရသော ဒုတိယဗိုလ်ချုပ်ကြီးများအပ နောင်ဖြစ်လာသည့် ဒုတိယဗိုလ်ချုပ်ကြီးများသည်လည်း နယကအဖွဲ့ဝင်များ အဖြစ် တာဝန်ပေးအပ်ခြင်း မခံရတော့ပေ။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၂၀၁၀)
အကြီးအကဲများ![]() ဥက္ကဋ္ဌ
ဒုတိယဥက္ကဋ္ဌ
အဖွဲ့ဝင်များ![]() အစီအစဉ်အတိုင်းမှာ-
လူ့အခွင့်အရေးချိုးဖောက်မှုများကုလသမဂ္ဂအဖွဲ့များ၊ အင်္ဂလန်နိုင်ငံ မြန်မာ့အရေးဆောင်ရွက်သူများ၊ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ နှင့် အခြားသောအဖွဲ့များ၏ အစီရင်ခံစာများတွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ချိုးဖောက်မှုများကို အသေးစိတ်ဖော်ပြထားသည်တို့မှာ -
ကလေးစစ်သားများစုဆောင်းခြင်းနအဖသည် ကလေးများ- အချို့အသက် ၁၀ နှစ်အရွယ်-အား ၎င်း၏စစ်တပ်၊ တပ်မတော်တွင် အမှုထမ်း ရန်အတွက် အတင်းအကြပ်လိုက်လံစုဆောင်းနေသည့်အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် အစီရင်ခံထားကြသည်။ လတ်တလောမြန်မာစစ်တပ်ထဲတွင်ကလေးစစ်သားမည်မျှရှိသည်ကိုခန့် မှန်းရန်ခက်ခဲသည်။ သို့သော်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၊ ကလေးစစ်သားများကမ္ဘာ့အစီရင်ခံစာ ၂၀၀၈ နှင့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တို့၏အဆိုအရ ထောင်ဂဏန်း နီးပါး ရှိသည်။ ကလေးစစ်သားများစုဆောင်းနေခြင်းအတွက် အကြောင်းပြချက်များထဲမှတစ်ခုမှာ တစ်နိုင်ငံလုံးကို ပိတ်ဆို့ ထိမ်းချုပ်ထားနိုင်မည့် စစ်တပ်ဖြစ်ရန် စစ်သား ပို၍ များများလိုအပ်သောကြောင့်ဖြစ်သည်။ တသီးတခြား နှင့် အခွင့်ထူးခံသည့် မြန်မာစစ်ခေါင်းဆောင်များအပေါ် မြန်မာအများစု၏မနှစ်မြို့ဖွယ် ခံစားနေရမှုများကို ပြသည့်အနေဖြင့် စစ်တပ်ထဲမဝင်ကြသည့်အတွက်ကြောင့် စစ်တပ်သည် တစ်ခါတစ်ရံ တွင်ကလေးစစ်သား အတင်းအကြပ်စုဆောင်းခြင်းဘက်သို့ လွှဲပြောင်းလုပ်ဆောင်ရသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် ကလေးစစ်သားများစုဆောင်းခြင်း နှင့် အသုံးပြုခြင်းကို တားဆီးသည့် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများကို ချိုးဖောက်သည့်အတွက် လေးကြိမ်ဆက်တိုက် အစီရင်ခံစာများတွင် နအဖ ကို နာမည်ထည့်သွင်းခဲ့သည်။
အတင်းအကြပ်ပြောင်းရွှေ့ခြင်းလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အစီရင်ခံထားသည်မှာ ၂၀၀၈ မေ နာဂစ်မုန်တိုင်းပြီးချိန်မှစ၍ မြန်မာအာဏာပိုင်များသည် ထောင်နှင့်ချီမဟုတ်သော်လည်း ရာနှင့်ချီသောနေရာမဲ့လူများကို ကျောင်းများ၊ ဘုန်းကြီးကျောင်းများ နှင့် အများပိုင်အဆောက်အအုံများမှ ဖယ်ရှားခဲ့ပြီး၊ ထိုသူတို့ကို ဧရာဝတီမြစ်ဝကျွန်းပေါ် ရှိ ပျက်စီးနေသည့် ၎င်းတို့၏ရွာများသို့ပြန်ရန် တိုက်တွန်းခဲ့သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် ဆန္ဒခံယူပွဲကို ရက်ရွှေ့ဆိုင်းပေးရန် နှင့် လူသားချင်းစာနာထောက်ထားမှုကယ်ဆယ်ရေး အပေါ် ၎င်းတို့၏အရင်းအမြစ်များ ချိန်ဆရန် တို့အတွက် မေတ္တာရပ်ခံတောင်းဆိုခဲ့သော်လည်း၊ အာဏာပိုင်များသည် အခြေခံဥပဒေအသစ် ဆန္ဒခံယူပွဲ မဲရုံလုပ်ရန်အတွက် အချို့သော အများပိုင်အဆောက်အအုံများ နှင့် ကျောင်းများကို ရှင်းလင်းထားခဲ့သည်။ ထိုစဉ်အခါ၌ နအဖသည် ယခင်မြို့တော်ရန်ကုန်အနီးတစ်ဝိုက်ရှိ ဒါဇင်ပေါင်းများစွာရှိသော အစိုးရလုပ်ကိုင်နေသည့် ကယ်ဆယ်ရေးရွက်ဖျင်တဲများမှ ဒုက္ခသည်များအား နှင်ထုတ်ခဲ့ကြပြီး၊ ၎င်းတို့ကြုံတွေ့နေရသည့်အခက်အခဲတို့ကို အလေးမမူတော့ပဲ မိမိတို့အိမ်သို့ ပြန်ကြရန် အမိန့်ပေးခဲ့သည်။ အတင်းအကြပ်နှင်ထုတ်ခြင်းသည် အရေးပေါ်ကယ်ဆယ်ရေးကာလ ပြီးဆုံးသွားသည်နှင့် နိုင်ငံခြားအကူအညီမလိုပဲ လေဘေးသင့်လူအများသည် ၎င်းတို့၏ဘဝများကို ၎င်းတို့ပြန်လည်တည်ဆောက်နိုင်ပြီ ဆိုသည်များကို ပြသရန် အစိုးရ၏ကြိုးပမ်းအားထုတ်မှုတစ်ပိုင်းဖြစ်သည်။ နာဂစ်မုန်တိုင်းကြောင့် အိုးအိမ်မဲ့ဖြစ်ရသူများသည် အပြည်ပြည်ဆိုင်ရာဥပဒေအောက်တွင် နိုင်ငံအတွင်းရွှေ့ပြောင်းရသူများဟု နားလည်သိရှိထားသည်။ နိုင်ငံအတွင်းရွှေ့ပြောင်းရခြင်းအပေါ် ကုလသမဂ္ဂလမ်းညွှန်စည်းမျဉ်းများ အောက်တွင် မြန်မာအစိုးရသည် နိုင်ငံအတွင်းရွှေ့ပြောင်းရသူများ မိမိတို့၏အိမ်သို့ ပြန်ရန် သို့မဟုတ် နေထိုင်နေကျနေရာများသို့ပြန်ရန် သို့မဟုတ် နိုင်ငံ၏အခြားသောနေရာတွင် ဆန္ဒအလျှောက် အခြေချနေထိုင်ရန် တို့အတွက် စိတ်ချလက်ချနှင့်သိက္ခာရှိရှိ ဆန္ဒအလျှောက်ဖြစ်စေရမည့် အခွင့်အရေးကို သေချာမှုဖြစ်စေရမည်။ အတင်းအကြပ်ခိုင်းစေမှုများအဆိုးရွားဆုံး အတင်းအကြပ်ခိုင်းစေမှုအချို့ကို မြန်မာအရှေ့တောင်အရပ်မှ အစီရင်ခံခဲ့သည်။ ထိုနေရာတွင် ဒေါ်လာဘီလီယံနှင့်ချီသော ဓာတ်ငွေ့ပိုက်လိုင်းကို အမေရိကန် ယူနိုကယ် (UNOCAL) နှင့် ပြင်သစ် တိုတယ် (TOTAL) ရေနံကုမ္ပဏီများ ပူးပေါင်းအဖွဲ့နှင့် မြန်မာအစိုးရတို့ တည်ဆောက်ခဲ့ကြသည်။ အတင်းအကြပ်ခိုင်းစေမှုကို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးစီမံကိန်းများတွင်လည်း သုံးစွဲခဲ့သည်။ ၁၉၉၇ မတ်လ တွင် ဥရောပသမဂ္ဂသည် အတင်းအကြပ်အလုပ်ခိုင်းစေမှု နှင့် အခြားသောချိုးဖောက်မှုများ ကြီးထွားလာသည့်အတွက်ကြောင့် မြန်မာနိုင်ငံအား ပေးထားသည့် ကုန်သွယ်ရေးအထူးအခွင့်အရေးကို ရုပ်သိမ်းသွားခဲ့သည်။ နိုင်ငံရေးအကျဉ်းချထားမှု၂၀၀၇ ဩဂုတ်လတွင် အကြီးအကျယ်ဆန္ဒပြမှုများ မစတင်ခဲ့မှီအချိန်၌ အာဏာပိုင်များသည် နိုင်ငံရေးအပေါ်အခြေပြု၍ အစိုးရနှင့်ဆန့်ကျင်သူ နာမည်ကြီးများကို ဖမ်းဆီးခဲ့ပြီး၊ ထိုသူတို့အနက်မှ များစွာသောသူများကို လများစော၍ အကျဉ်းထောင်မှ လွှတ်ပေးခဲ့သည်။ ၂၅-၂၉ စက်တင်ဘာ ဖြိုခွဲနှိမ်နင်းမှုမတိုင်မှီ ဆန္ဒပြပွဲများစီစဉ်သည်နှင့်တစ်ပြိုင်နက်တည်း အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏အဖွဲ့ဝင်များကို ပိုမိုဖမ်းဆီးခဲ့ပြီး၊ ယင်းကိစ္စကို ဖြိုခွင်းနှိမ်နင်းမှုမတိုင်မှီ ကြိုတင်ရှင်းလင်းခြင်းလုပ်ရပ်အဖြစ် လူအများက ရှုမြင်ခဲ့ကြသည်။ ဖြိုခွဲနှိမ်နင်းမှုကာလအတွင်းမှာပင် လူစုလူဝေး စုရုံးမှုများ ဖြစ်ပွားခဲ့ပြီး အာဏာပိုင်များသည် ၂၀၀၇ တစ်လျှောက်လုံး ဆန္ဒပြသူများနှင့်ထောက်ခံသူများကို ဆက်တိုက် လိုက်လံဖမ်းဆီးခဲ့သည်။ ၃၀၀၀ နှင့် ၄၀၀၀ အကြား ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ထိန်းသိမ်းထားခဲ့ပြီး၊ ထိုသူတို့အနက်မှ ၇၀၀ သည် နှစ်ကုန်အထိ ဆက်လက်ထိန်းသိမ်းခံထားရသည်ဟု ယုံကြည်ရသည်။ အနည်းဆုံးလူ ၂၀ သည် အပြည်ပြည်ဆိုင်ရာမျှတမှုခုံရုံးစံချိန်စံညွှန်းများနှင့် မကိုက်ညီသည့် အကြမ်းဖက်မှုနှိမ်နင်းရေးဥပဒေဖြင့် တရားစွဲဆိုပြီး စီရင်ချက်ချခဲ့သည်။ ထိန်းသိမ်းခံရသူများနှင့် ကာကွယ်ပေးသူများသည် တရားဥပဒေဆိုင်ရာအခွင့်အရေးများကို ငြင်းပယ်ခြင်းခံခဲ့ရသည်။[၄] မြန်မာ အစိုးရအဖွဲ့ဝင်များအစိုးရဝန်ကြီးဌာနများနှင့် အခြားအစိုးရဌာနများ
ရည်ညွှန်းကိုးကား
|
Portal di Ensiklopedia Dunia