နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်
နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (အင်္ဂလိပ်: National Defence College, အတိုကောက် နကတ) သည် မြန်မာနိုင်ငံ၊ နေပြည်တော်ရှိ စစ်ဖက်ဆိုင်ရာ တက္ကသိုလ်တစ်ခု ဖြစ်သည်။[၁][၂] နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တွင် စစ်ဖက်ဆိုင်ရာအရာရှိများအတွက် ကာကွယ်ရေးသိပ္ပံဆိုင်ရာ မဟာဘွဲ့များကို ပေးအပ်လျက်ရှိသည်။[၂] သမိုင်းကြောင်းနိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကို ၁၉၅၅ ခုနှစ်တွင် မင်္ဂလာဒုံမြို့နယ်ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၅၈ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဖွဲ့စည်းပုံ W.E (B.A/437/1/58) ဖြင့် ကာကွယ်ရေးဝန်ကြီးဌာန၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ယင်းနောက် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကို မင်္ဂလာဒုံ မှ ကန်တော်လေး (၃၄/၃၉) ကြေးနန်း ဆက်သွယ်ရေးတပ်ဖွဲ့ထံ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ၁၉၆၆ ခုနှစ် မေလ ၅ ရက်နေ့တွင် အမှတ် (၄) အလံပြဘုရားလမ်း ဒဂုံ (၁) ကျောင်းအနီးသို့ ထပ်မံရွှေ့ပြောင်းခဲ့သည်။ ၁၉၇၆ ခုနှစ် ဧပြီလ ၂ဝ ရက်နေ့တွင် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် နေရာကို ရန်ကုန် ၉ မိုင်ခွဲသို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဖွဲ့စည်းပုံ (War Establishment – W.E) ကဖ ၁ဝ၆၊ ၂- ၉၁ ဖြင့် ထပ်မံ ပြင်ဆင်ခဲ့သည်။ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ၉ မိုင်ခွဲနေရာမှ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကုန်းမြင့်သာသို့ ရွှေ့ပြောင်းခဲ့သည်။ ၂ဝဝ၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကို ကုန်းမြင့်သာ မှ ဒဂုံမြို့နယ်ရှိ စစ်ရုံး ရုံးဟောင်းဝင်းကြီးအတွင်းသို့ ရွှေ့ပြောင်းခဲ့သည်။ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်တွင် ၁၉၆၆ ခုနှစ်မှ ၁၉၇ဝ ခုနှစ်အထိ တပ်မှူးများ မွမ်းမံ သင်တန်း ၉ ခုကို ဖွင့်လှစ်ခဲ့ပြီး ၁၉၈၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ ဥပဒေရက်တို မွမ်းမံသင်တန်း ၁ဝ ခု ဖွင့်လှစ်ခဲ့သည်။ စစ်တပ်က အာဏာသိမ်းပြီး ၁၉၉၂-၁၉၉၃ ခုနှစ်တွင် တပ်မှူးများ မွမ်းမံ သင်တန်း ၄ ခုနှင့် အရာရှိကြီးများ အုပ်ချုပ်မှုသင်တန်း ၄ ခု ဖွင့်လှစ် သင်ကြားခဲ့သည်။ ဖွဲ့စည်းပုံနိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်၏ မူဝါဒဆိုင်ရာ လမ်းညွှန်အဖွဲ့အနေဖြင့် နာယကအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆောင်ရွက်ပြီး ဥက္ကဋ္ဌအဖြစ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဆောင်ရွက်သည်။ အဖွဲ့ဝင်များအဖြစ် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)၊ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်၊ စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်၊ လေကြောင်း ကာကွယ်ရေး အရာရှိချုပ်၊ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် အတွင်းရေးမှူးအဖြစ် ကျောင်းအုပ်ကြီးတို့ ပါဝင်ဖွဲ့စည်းထာသည်။ ကိုးကား
|
Portal di Ensiklopedia Dunia