တပ်မတော် ဆေးတပ်ဖွဲ့
တပ်မတော် ဆေးတပ်ဖွဲ့ (Myanmar Army Medical Corps) သည် တပ်မတော် (ကြည်း) ရှိ စစ်အကူလက်ရုံးဝန်ထမ်းတပ်ဖွဲ့ ဖြစ်ပြီး တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံးအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးရန် တာဝန်ရှိသူများ ဖြစ်သည်။ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့သည် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး၏ လက်အောက်တွင် ရှိသည်။ သမိုင်းကြောင်းဗမာ့လွတ်လပ်ရေးတပ်မတော်သည် လွတ်လပ်ရေးအတွက် စစ်ကြောင်း သုံးကြောင်းဖြင့် ဝင်ရောက်ခဲ့စဉ် ထားဝယ်မြို့တွင် စစ်မဖြစ်မီက ရှိခဲ့သော သူနာပြုတပ်ဖွဲ့သည် ထားဝယ်စစ်ကြောင်းသို့ ပထမဆုံး ဝင်ရောက်ခဲ့ကာ ရန်ကုန်မြို့သို့ ၁၉၄၂ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ရောက်ရှိကြပြီး အရာရှိတစ်ဦးနှင့် သူနာပြုရဲဘော် ၂၀ ခန့်သည် ဗမာ့လွတ်လပ်ရေးတပ်မတော်ဆေးရုံကြီးတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ကြသည်။ တပ်ခွဲမှူး၊ တပ်စုမှူး အရာရှိနှင့် တပ်စုနှစ်ခုခန့် သူနာပြုတပ်ဖွဲ့သည် ဗိုလ်ချုပ်အောင်ဆန်း ဦးစီသော ရန်ကုန်မှ အထက်ဗမာပြည် ချီတက်တိုက်ခိုက်ရေးတပ်များ၏ စစ်ကြောင်းများနှင့်အတူ လိုက်ပါချီတက်ခဲ့သည်။[၄] ဗမာ့လွတ်လပ်ရေး တပ်မတော်ခေတ်တွင် တပ်မတော်စစ်ဆေးရုံများကို ဖွင့်လှစ်ခဲ့ရာ စစ်ဝန်ကြီးရုံး၊ ဆေးဘက်ဌာန၊ ရန်ကုန် စစ်ဆေးရုံ၊ မန္တလေးစစ်ဆေးရုံ၊ ပျဉ်းမနား စစ်ဆေးရုံ၊ ပဲခူးစစ်ဆေးရုံနှင့် အနောက်တိုင်းစစ်ဌာနချုပ် ဖြစ်သော အောင်လံ၊ ပြလို့စခန်းဆေးရုံတို့ကို အပါအဝင်ဖြစ်သည်။ စစ်ဝန်ကြီးဆေးရုံ၊ ဆေးဘက်ဌာန စတင်ဖွင့်လှစ်စဉ်က ခေတ္တဆေးမှူးချုပ်မှာ ဗိုလ်ကြီး မောင်မောင် ဖြစ်သည်။ ၁၉၄၃ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ်တွင် ဗိုလ်မှူး မောင်မောင်ကြီးက ဗိုလ်ကြီးမောင်မောင်ထံမှ ဆေးမှူးချုပ်တာဝန်ကို လွှဲပြောင်း လက်ခံခဲ့သည်။[၄] ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ဆေးတပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းခဲ့ရာ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး၊ ဗဟိုဆေးတပ် (မင်္ဂလာဒုံ)၊ တပ်မတော်ဆေးရုံကြီး (မင်္ဂလာဒုံ)၊ အမှတ် (၁) အခြေချစစ်ဆေးရုံ (ခုတင်-၇၀၀) မေမြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၃၀၀) မိတ္ထီလာ၊ အမှတ် (၂) တပ်မတော်ဆေးရုံ (ခုတင်-၃၀၀) ရန်ကုန်၊ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၁၀၀) ပြည်မြို့၊ အမှတ် (၁) ရှေ့တန်းအခြေချစစ်ဆေးရုံ (ခုတင်-၇၅) ဗထူး၊ အမှတ် (၁) စစ်မြေပြင်ဆေးရုံ (ခုတင်-၁၀၀) လားရှိုး၊ အမှတ် (၂) နယ်လှည့်ခွဲစိတ်နှင့် ဓာတ်မှန်ရိုက်တပ် (မင်္ဂလာဒုံ)၊ အမှတ် (၁) နယ်လှည့်ဆေးတပ်ရင်း၊ အမှတ် (၁၃၁) စစ်မြေပြင်ဆေးတပ်ရင်း၊ အမှတ် (၂၃၂) စစ်မြေပြင်ဆေးတပ်ရင်း၊ အမှတ် (၃၃၃) စစ်မြေပြင် ဆေးတပ်ရင်း၊ အမှတ် (၄၃၄) စစ်မြေပြင် ဆေးတပ်ရင်း၊ အမှတ် (၅၃၅) စစ်မြေပြင် ဆေးတပ်ရင်း၊ အမှတ် (၁) ငှက်ဖျားနှင့် ကျန်းမာရေးတပ် (မှော်ဘီ)၊ အမှတ် (၁) အခြေချဆေးသိုလှောင်ရေးတပ်၊ အမှတ် (၁) ရှေ့တန်းအခြေချ ဆေးသိုလှောင်ရေးတပ်၊ ကျောက်ကပ်တုတပ် (မင်္ဂလာဒုံ)၊ အမှတ် (၂) နာလန်ထစခန်း (ခုတင်-၂၀၀)၊ ခြေတုလက်တု အလုပ်ရုံ၊ အမှတ် (၁) အဆုတ်ရောဂါတိုက်ဖျက်ရေးနှင့် နယ်လှည့်ဓာတ်မှန်ရိုက်တပ်၊ သွားဆေးကုဌာနတို့ အပါအဝင် တပ်မတော်ဆေးတပ်ဖွဲ့သည် တပ်ပေါင်း ၂၃ တပ်ကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။[၄] ဖွဲ့စည်းပုံ
(တစ်နိုင်ငံလုံးအနေဖြင့် စစ်မြေပြင် ဆေးတပ်ရင်း ၁၄ ခုကို ဖြန့်ကျက်နေရာချထားသည်။ စစ်မြေပြင်ဆေးတပ်ရင်းတစ်ခုစီတွင် စစ်မြေပြင်ဆေးတပ်ဖွဲ့ သုံးဖွဲ့၊ စစ်မြေပြင်ဆေးရုံ ၃ ခုနှင့် အထူးတပ်ဖွဲ့ တစ်ခုစီ ပါဝင်သည်။) ကိုးကား
|
Portal di Ensiklopedia Dunia