မြဝတီစာပေတိုက်
မြဝတီစာပေတိုက်သည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးလက်အောက်တွင်ရှိသော စာပေတိုက်ဖြစ်ပြီး တပ်တစ်ခုအဖြစ် ဖွဲ့စည်းထားသည်။ စာပေတိုက်၏ အမည်မှာ မြန်မာ့သမိုင်းတွင် ထင်ရှားသော စာဆိုစစ်သည်တော်ကြီးတစ်ဦးဖြစ်သည့် မြဝတီမင်းကြီး ဦးစကို ရည်ညွှန်း၍ ပေးထားခြင်းဖြစ်သည်။ ၎င်းအား တပ်မတော်သားများ၏ စာပေအရည်အသွေးကိုမြှင့်တင်ရန်နှင့် နိုင်ငံတော်အေးချမ်းသာယာရေးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်နေကြသော တပ်မတော်သားများနှင့် ပြည်သူလူထုအကြား ပေါင်းကူးဆက်သွယ်ပေးရန်အတွက် ရည်ရွယ်ထားသည်။[၁] သမိုင်းအကျဉ်းမြဝတီမဂ္ဂဇင်းကို ၁၉၅၂ ခုနှစ်၊ နိုဝင်ဘာလတွင် တပ်မတော်စာပေမြှင့်တင်ရေးက စတင်ထုတ်ဝေခဲ့သည်။ မြဝတီမဂ္ဂဇင်းစတင်ထုတ်ဝေပြီးနောက် ၁၉၅၃ ခုနှစ်၊ မေလတွင် အမှတ်-၁၈၄၊ ၃၂ လမ်း(အထက်)၊ ပန်းဘဲတန်းမြို့နယ်ရှိ ၂ ထပ်တိုက်တန်းရှည်အဆောက်အအုံတွင် မြဝတီပုံနှိပ်တိုက်ရုံးဖွင့်လှစ်ခဲ့သည်။ မြဝတီမဂ္ဂဇင်းကို ၁၉၅၂ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ထုတ်ဝေခဲ့ရာတွင် တပ်မတော်စာပေမြှင့်တင်ရေးအဖွဲ့က စစ်ရေးအပြင် စာပေရေးရာပါ စွယ်စုံကုံလုံ ကြွယ်ဝသည့် မြဝတီမင်းကြီး ဦးစကို ရည်ညွှန်းကာ အထိမ်းအမှတ်တစ်ခုအဖြစ် ဦးစ၏ အမွေကို ဆက်ခံကြမည့် စာဆိုစစ်သည်လောင်းများအတွက် လမ်းဖွင့်ပေးခဲ့ခြင်းဖြစ်သည်။[၂] မြဝတီမဂ္ဂဇင်း ကြီးကြပ်ရေးအဖွဲ့အဖြစ် ၁၉၅၃ ခုနှစ်တွင် ပထမဆုံးရွေးချယ်တာဝန်ပေးခဲ့သော အဖွဲ့ဝင်များမှာ -
ဟူ၍ ပါရှိသည်။ ထိုစဉ်က ဒုတိယဗိုလ်မှူးကြီး စန်းယုသည် နောင်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် နိုင်ငံတော်သမ္မတကြီး ဖြစ်လာသူဖြစ်သည်။[၂] မြဝတီမဂ္ဂဇင်းကို တပ်မတော်စာပေမြှင့်တင်ရေးအဖွဲ့က ထုတ်ဝေနိုင်ရန်အတွက် ဗိုလ်ကြီး အေးငွေ (ဒဂုံမြတ်လေးနွယ်)၊ ဦးထွန်းလွင် (ထွဏ်းနေနွယ်)၊ ကိုချစ်ဆွေ နှင့် ကာတွန်း ကိုတင်လှတို့က စာမူများ ရရှိနိုင်ရေး အပူတပြင်းရှာဖွေကြသည်။ ထိုစဉ်က အယ်ဒီတာချုပ်အဖြစ် ဗိုလ်ကြီး ဝင်းမောင် (မင်းရှင်) က တာဝန်ယူခဲ့ရသည်။ မြဝတီမဂ္ဂဇင်း ထုတ်ဝေရန်လုံးပန်းနေသော်လည်း ထိုစဉ်က မြဝတီပုံနှိပ်တိုက်ဟူ၍ မရှိသေးသဖြင့် နုယဉ်ပုံနှိပ်တိုက်ကို ပင်တိုင်ထား ရိုက်နှိပ်ထုတ်ဝေခဲ့ရသည်။ ထို့အပြင် အခြားပုံနှိပ်တိုက်ကြီးများဖြစ်သည့် ချိုးဖြူ၊ ကောင်ဝှာ၊ ရွှေပြည်ညွန့်၊ ကာလာမောင်ဝင်းနှင့် အောင်မိတ်ဆက်တိုက်များတွင်ခွဲ၍ ပုံနှိပ်ကြရသည်။[၂] မြဝတီစာပေတိုက်က ထုတ်ဝေလျက်ရှိသည့် ငွေတာရီ မဂ္ဂဇင်းကို ၁၉၆၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ဦးဝင်းမောင် (မင်းယုဝေ)က စတင်ထုတ်ဝေခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် မြဝတီပုံနှိပ်တိုက်ကို ပြည်သူပိုင်အဖြစ်သတ်မှတ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် မြဝတီပုံနှိပ်တိုက်အပါအဝင် ပြည်သူပိုင်သိမ်းထားသော သတင်းစာတိုက်များကို မူလပိုင်ရှင်များသို့ ပြန်လည်ပေးအပ်ခဲ့သည်။[၂] စာတည်းမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူများမြဝတီစာပေတိုက်၏ စာတည်းမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူများအား အောက်တွင်ဇယားဖြင့် ဖော်ပြထားသည်[၂] -
ထုတ်ဝေလျက်ရှိသော မဂ္ဂဇင်း၊ စာစောင် နှင့် ဂျာနယ်များမြဝတီစာပေတိုက်မှ အောက်ဖော်ပြပါ စာအုပ်/ စာစောင်များအား အပတ်စဉ်၊ လစဉ် ထုတ်ဝေလျှက်ရှိသည်[၁] -
ကိုးကား
|
Portal di Ensiklopedia Dunia