တုန်းဟိုင် လေကြောင်းလိုင်း
![]() တုန်းဟိုင် လေကြောင်းလိုင်းသည် တရုတ်နိုင်ငံ၊ ရှိန်းကျိန့် အခြေစိုက် လေကြောင်းလိုင်း ဖြစ်ပြီး ရှိန်းကျိန့် ပေါင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အခြေစိုက်၍ ပျံသန်းလျက်ရှိသည်။ [၁][၂] သမိုင်းကုမ္ပဏီကို ၂၀၀၂ ခုနှစ် နိုဝင်ဘာလတွင် ဂျက်ဝင်း ကုန်တင် လေကြောင်းလိုင်းအဖြစ် တည်ထောင်ခဲ့သည်။ ၂၀၀၅ ခုနှစ်မှ ဘိုရင်း ၇၃၇ လေယာဉ်ဖြင့် စတင်ပျံသန်းရန် မျှော်မှန်းခဲ့သည်။ ၂၀၀၆ခုနှစ်ထိ လေကြောင်းလိုင်းမှ စတင်ပျံသန်းခွင့် မရှိသေးဘဲ အရှေ့ ပစိဖိတ် လေကြောင်းလိုင်း (East Pacific Airlines) အဖြစ် နာမည် ပြောင်းလဲခဲ့သည်။ ပျံသန်းခွင့်ကို တရုတ် လေကြောင်းအာဏာပိုင်အဖွဲ့မှ ၂၀၀၆ခုနှစ် ဩဂုတ်လတွင် ရရှိနိုင် မျှော်မှန်းခဲ့သည်။ အမှန်တကယ်တွင် ၂၀၀၆ ခုနှစ် စက်တင်ဘာလမှသာ ဘိုးရင်း ၇၃၇ လေယာဉ် ၃ စီးကို ခရီးသည်လေယာဉ်အဖြစ် ပြောင်းလဲပြီး စတင်ပျံသန်းနိုင်ခဲ့သည်။ [၃]
၂၀၁၅ ခုနှစ်တွင် ကုမ္ပဏီ၏ အနာဂတ်စီမံကိန်းကို ကြော်ငြာခဲ့သည်။ ၂၀၂၀ နင့် ၂၀၂၃ ခုနှစ်အတွင်းတွင် ပြည်ပခရီးစဉ်များနှင့် ခရီးရှည်များကို ပျံသန်းနိုင်ရန် နှင့် ၂၀၂၅ ခုနှစ်တွင် လေယာဉ် ၁၂၀ စင်းထိ ပိုင်ဆိုင်ရန် ဖြစ်သည်။[၄] ပျံသန်းရာမြို့များလေယာဉ်များလက်ရှိလေယာဉ်![]() ၂၀၁၇ ခုနှဏ် ဩဂုတ်လအထိ တုန်းဟိုင် လေကြောင်းလိုင်းသည် ဘိုးရင်းလေယာဉ်များသာ အောက်ပါအတိုင်း အသုံးပြုလျက်ရှိသည်။[၈]
ယခင် လေယာဉ်၂၀၀၆ မှ ၂၀၁၆ ဩဂုတ်လအထိ ဘိုးရင်း ၇၃၇-၃၀၀ လေယာဉ်များကို အသုံးပြုခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia