တလျန်မြို့![]() တလျန်မြို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့မြောက်ပိုင်းရှိ လျောင်းနင်ပြည်နယ်၏ဒုတိယအကြီးဆုံး မြို့ကြီးတစ်မြို့ ဖြစ်သည်။ ရှန်းတုန်းကျွန်းဆွယ်နှင့် မျက်နှာချင်းဆိုင် လျောင်တုန်းကျွန်းဆွယ်တွင် တည်ရှိပြီး ပေါဟိုင် ပင်လယ် ကမ်းခြေရှိ ဆိပ်ကမ်းမြို့ ကြီးတစ်ခု ဖြစ်သည်။ ပင်လယ်ဝါနှင့်လည်း နယ်ချင်းထိစပ်နေသည်။ လျောင်းနင်ပြည်နယ်တွင်းရှိ ခရိုင်ကြီး(prefecture) မြို့တော်အဆင့်ရှိသော မြို့တော်ဖြစ်သလို လျောင်းနင်ပြည်နယ်ခွဲမြို့တော် (sub-provincial city) လည်းဖြစ်သည်။ တလျန်ကို ရိုးရှင်းတရုတ်စာ(simplified Chinese) အားဖြင့် 大连 ဟုရေးပြီး ရိုးရာတရုတ်စာ(traditional Chinese)အားဖြင့် 大連 ဟုရေးသည်။ ဖျင်းယင်းအသံထွက်အားဖြင့် Dàlián ဟုရေးသည်။ ဂျပန်ဘာသာအားဖြင့် ဒိုက်ရင် だいれん ဟုခေါ်ဆိုပြီး ကိုရီးယားဘာသာအားဖြင့် 다롄 ဟုခေါ်သည်။ ရုရှားဘာသာအားဖြင့် Далянь, Дальний (Dalny) ဟုခေါ်သည်။ အင်္ဂလိပ်စာဖြင့်ရေးသော ရှေးသမိုင်းအရေးအသားတွင်Dairen ဟု ရေးသားသည်ကိုလည်း တွေ့ရသည်။ သမိုင်းကြောင်းရှေးခေတ်ချင်မင်းဆက်နှင့် ဟန့်မင်းဆက် (ဘီစီ ၂၂၁- အေဒီ ၂၂၀) များ လက်ထက်တွင် တလျန်မြို့သည် လျောင်တုန်းခရိုင်တွင်းရှိ နယ်တစ်နယ် ဖြစ်ခဲ့သည်။ အေဒီ ၃ရာစုမှ ၅ရာစုအတွင်း တရုတ်ပြည်တွင် တိုင်းပြည်ပေါင်း (၁၆)ခုကွဲပြားလျက်ရှိစဉ်က တလျန်သည် အိမ်နီးချင်း ဂေါ်ဂုရဲယော တိုင်းပြည် (ယခု ကိုရီးယား) ၏ လက်အောက်ခံဖြစ်ခဲ့သည်။ ထန်မင်းဆက် (အေဒီ ၆၁၈ - ၉၀၇) လက်ထက်တွင် ကျီးလီပြည်နယ်၊ အန်းတုန်းခရိုင်၏ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့သည်။ လျောင်မင်းဆက် (၉၁၆ - ၁၁၂၅) လက်ထက်တွင် တုန်းကျင်းထုန် လျောင်းယန်ခရိုင်အောက်ရောက်ခဲ့ပြန်သည်။ တလျန်ကို ဝေကျင်မင်းဆက်လက်ထက် (၂၂၀ - ၄၂၀) တွင် စန်းရှန်း(Sanshan) ဟုလည်းကောင်း၊ ထန်မင်းဆက် (၆၁၈ - ၉၀၇) တွင် စန်းရှန်းဖူ (San Shanpu) ဟုလည်းကောင်း၊ မင်မင်းဆက်(၁၃၆၈ - ၁၆၄၄) လက်ထက်တွင် စန်းရှန်းဆိပ်ကမ်းမြို့(Sanshan Seaport) ဟုလည်းကောင်း ချင်မင်းဆက်လက်ထက် (၁၆၄၄ - ၁၉၁၁) တွင် ချင်းနီဝါးခို ဟုလည်းကောင်း နာမည်အမျိုးမျိုး ပြောင်းလဲခေါ်တွင်ခဲ့သည်။ ချင်မင်းဆက်ခေတ်ချင်မင်းဆက်လက်ထက် ၁၈၈၀ခုနှစ်တွင် ခံတပ်မြို့အဖြစ်တည်ဆောက်ပြီး အမြောက်လက်နက်ကြီးများတပ်ဆင်ခဲ့သည်။ တလျန်ပင်လယ်အော်၏ မြောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်တွင် သတ္တုတူးဖော်ခဲ့သည်။ ကျင်းကျိုးမြို့ (ယခုတလျန်၏လက်အောက်ခံခရိုင်ခွဲတစ်ခု)သည် ထိုစဉ်က မြို့ရိုးတံတိုင်းများကာရံလျက် ရှိပြီး နိုင်ငံရေး၊ စီးပွားရေး အချက်အချာမြို့ ဖြစ်ခဲ့သည်။ ဗြိတိသျှ၊ ရုရှနှင့် ဂျပန် ကိုလိုနီခေတ်၁၈၅၈တွင် ဗြိတိသျှတို့က သိမ်းယူခဲ့ပြီး ၁၈၈၀တွင် တရုတ်သို့ ပြန်ပေးခဲ့သည်။ ၁၈၉၅ ပထမ တရုတ်ဂျပန် စစ်ပွဲအပြီးတွင် ဂျပန်တို့က သိမ်းပိုက်ခဲ့ပြန်သည်။ ထိုခေတ်က တလျန်ဆိပ်ကမ်းကို ပို့အာသာ (Port Arthur) ဟု အမည်ပေးခဲ့ခြင်းမှာ ဗြိတိသျှ ဝိတိုရိယဘုရင်မ ၏ သားတော် မင်းသား အာသာ၏အမည်ဖြစ်သည်။ ဂျပန်တို့သည် ရှီမိုနိုဆေကီစာချုပ်အရ တလျန်နှင့် အနီးပတ်ဝန်းကျင်ဒေသများကို မြေငှားစာချုပ် ချုပ်ဆိုရာတွင် ပြင်သစ်၊ ဂျာမနီ၊ ရုရှား စသော သုံးပွင့်ဆိုင်နိုင်ငံများ၏ ဝင်ရောက်စွက်ဖက်ခြင်းကိုခံခဲ့ရသည်။ ၁၈၉၈တွင် ရုရှားအင်ပိုင်ယာက ချင်မင်းဆက်ထံမှ လျောင်တုန်းကျွန်းဆွယ်တစ်ခုလုံးကို မြေငှားစာချုပ် အောင်မြ်ငစွာချုပ်ဆိုခဲ့သည်။ ယနေ့ခေတ် တလျန်မြို့ကွက်ကို ဒယ်လ်နီ ဟူသော ရုရှားအမည်ဖြင့် တည်ဆောက်ခဲ့သည်။ ဆိုက်ဘေးရီးယားဖြတ် မီးရထားလမ်း၏ လမ်းခွဲတစ်ခုဖြစ်ခဲ့သည်။ ဒယ်လ်နီမြို့သည် ရုရှား၏ အာရှတိုက်ရှိ အကြီးဆုံးဆိပ်ကမ်းမြို့ကြီးတစ်ခု ဖြစ်လာခဲ့သည်။ ရုရှားတို့သည် တလျန်မြို့ကို တည်ဆောက်ရာတွင် ထိုခေတ်က ရွှေ ရူဘယ်ငွေ (၁၀)သန်းကျော် (ယနေ့ခေတ် ရုရှားရူဘယ်ငွေ ၁၁.၅ ဘီလျံကျော်) သုံးစွဲခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးခေတ်၁၉၄၅ခုနှစ်တွင် ဂျပန်တို့ချွင်းချက်မရှိ လက်နက်ချပြီးနောက် တလျန်မြို့ကို ဆိုဗီယက်တို့က သိမ်းပိုက်လိုက်ပြန်သည်။ တရုတ်တို့၏ ဆန့်ကျင်မှုများကြောင့် ခက်ခဲစွာ အုပ်ချုပ်ရသော ယင်းကာလတွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ပေးကြပြန်သည်။ အထူးသဖြင့် ဆိပ်ကမ်းကို အလေးပေးပြုပြင်တည်ဆောက်ခဲ့ပြီး ဆိုဗီယက်တို့ ငှားရမ်းသော ဆိပ်ကမ်းအဖြစ် ဆက်လက်ရပ်တည်လာခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း တလျန်မြို့သည် ကြီးမားစွာထိခိုက်ပျက်စီးခဲ့ခြင်း မရှိခဲ့ပေ။ ၁၉၅၀ခုနှစ်တွင် ဆိုဗီယက်တို့က တလျန်မြို့ကို လျောကြေးတစ်စုံတရာ မပေးပဲ တရုတ်ကွန်မြူနစ်အစိုးရလက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ ဆိုဗီယက်စစ်တပ်များသည် ၁၉၅၅တွင် တလျန်မှ အပြီးအပိုင် ဆုတ်ခွာသွားခဲ့သည်။ ယင်းနောက် တရုတ်အစိုးရက တလျန်တွင် သင်္ဘောတည်ဆောက်ရေးလုပ်ငန်း အဓိက အခြေစိုက်ခဲ့သည်။ ၁၉၉၀ပြည့်လွန်နှစ်များတွင် မြို့တော်ဝန်ဖြစ်လာသော ပေါရှိလိုင် (တရုတ်ကွန်မြူနစ်ပါတီ ပထမမျိုးဆက်အကြီးအကဲ ပေါယိပေါ၏သား) လက်ထက်တွင် တလျန်မြို့ကို အထူးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ခဲ့သည်။ ဂျပန်ခေတ်နှင့် ရုရှားခေတ် ဗိသုကာလက်ရာ အမွေအနှစ်များကို ထိန်းသိမ်းခဲ့သည်။ သူသည် နောက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဖြစ်လာခဲ့သည်။ ပထဝီဝင်အနေအထားနှင့်ရာသီဥတုတလျန်မြို့အုပ်ချုပ်ရေး ဧရိယာတွင် တလျန်အပြင် လွီရွှင့်ခိုဆိပ်ကမ်းမြို့တို့ပါ ပါဝင်သည်။ သမိုင်းအထောက်အထားများအရ ရုရှားတို့ ဒယ်လ်နီမြို့(ယခုတလျန်)ကိုတည်ထောင်စဉ်က တောင်ပိုင်းရှိ ပို့အာသာ(ယခုလွီရွှင်မြို့)နှင့် ကီလိုမီတာ (၄၀) ကွာဝေးသည်။ တလျန်သည် ပင်လယ်ဝါ၏အနောက်ဘက် ပေါဟိုင်ပင်လယ်၏အရှေ့ဘက် လျောင်တုန်းကျွန်းဆွယ်၏ ထိပ်နားတွင်တည်ရှိသည်။ ၁၉၀၆ကီလိုမီတာ ရှည်လျားသော လျောင်တုန်းကျွန်းဆွယ် ကမ်းရိုးတန်းဒေသနှင့် ကျွန်းနှင့် သန္တာကျောက်တန်းပေါင်း (၂၆၀)ကျော်အပါအဝင် နယ်မြေအပိုင်းအခြားသည် တလျန်မြို့၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။ ယားလုမြစ်၏ အနောက်တောင်အရပ်တွင်တည်ရှိပြီး ဆိပ်ကမ်းဝင်ပေါက်ဘက်မှ ပင်လယ်ကို တလျန်ပင်လယ်အော်ဟု ခေါ်ဆိုသည်။
အုပ်ချုပ်ရေးတလျန်သည် လျောင်းနင်ပြည်နယ်တွင် ဒုတိယအကြီးဆုံးမြို့ဖြစ်သည်။ ပြည်နယ်၏မြို့တော် ရှင်ယန်မြို့မှာ လျောင်းနင်ပြည်နယ်တွင် အကြီးဆုံးမြို့ဖြစ်သည်။ တလျန်မြို့တော်ကို မြို့တော်ဝန်နှင့်မြူနီစီပယ်အစိုးရအဖွဲ့ကအုပ်ချုပ်သည်။ မြူနီစီပယ်အစိုးရမြူနီစီပယ်အစိုးရရုံးသည် တလျန်မြို့၊ ကျုံးရှန်းလမ်းမကြီး၊ ပြည်သူ့ရင်ပြင်၏မြောက်ဘက်တွင်တည်ရှိသည်။ ယင်းအဆောက်အဦးသည် မူလက ကွမ်ထုံသဘောတူစာချုပ်အရ မြေငှားခဲ့စဉ်က အုပ်ချုပ်ရေးရုံးဖြစ်ခဲ့သည်။ ကူးသန်းရောင်းဝယ်ရေး၊ နိုငငံခြားကုန်ကူးသန်းရေး၊ အိုင်တီစက်မှုလုပ်ငန်းများ၊ ရဲစခန်းများ၊ ဘာသာရေး၊ သိပ္ပံနှင့်နည်းပညာ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း စသည့် ခရိုင်အဆင့်နှင့် မြို့တော်အဆင့် စီမံအုပ်ချုပ်ရေးရုံးများ ဖွဲ့စည်းတည်ရှိသည်။
အုပ်ချုပ်ရေးရုံးခွဲများတလျန်မြို့တော်သည် ခရိုင်ကြီးအဆင့်မြို့တော်ဖြစ်ပြီး၊ လက်အောက်တွင် ခရိုင်ခွဲ(districts) (၆)ခု၊ ခရိုင်ငယ်အဆင့်မြို့တော် (county-level cities) (၃)ခု နှင့် ခရိုင်ငယ် (county (县 xian)) တစ်ခု တို့ကို အုပ်ချုပ်သည်။ စုစုပေါင်း ခရိုင်ငယ်ပေါင်း (၉၂)ခု နှင့် မြို့နယ်ပေါင်း (၆၉)မြို့တို့ ပါဝင်သည်။
စီးပွားရေး၁၉၉၂မှစ၍ စီးပွားရေးဆက်တိုက်တိုးတက်ခဲ့သည်။ ၂၀၀၈ခုနှစ်တွင် တလျန်၏ ဂျီဒီပီမှာ ၁၆.၅ % တိုးတက်ခဲ့ပြီး ရင်မင်ဘီ ၃၈၅.၈ ဘီလျံ အထိ ရရှိခဲ့သည်။ လူတစ်ဦးချင်း၏ တစ်နှစ်တာ ပျမ်းမျှ ဂျီဒီပီသည် ၆၂,၉၄၀ ရင်မင်ဘီ အထိ ရှိလာခဲ့သည်။ တရုတ်တစ်နိုင်ငံလုံးအတိုင်းအတာအရ မြို့တော်များအားလုံးတွင် တိုးတက်မှု အဆင့် (၈)တွင် ရှိသည်။ စက်ပစ္စည်းများထုတ်လုပ်ခြင်း၊ ရေနံဓာတုပစ္စည်းများ၊ ရေနံသန့်စင်ချက်လုပ်ခြင်းလုပ်ငန်းများ နှင့် အီလက်ထရွန်းနစ်လုပ်ငန်းများသည် တလျန်၏ အဓိက စီးပွားရေးလုပ်ငန်းများ ဖြစ်သည်။ စိုက်ပျိုးရေးနှင့်ရေထွက်ပစ္စည်းလုပ်ငန်းများ
အကြီးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများ
တလျန်ဖွံ့ဖြိုးရေးဇုန်
စက်မှုဇုန်များ
ဘဏ္ဍာအခွန်လုပ်ငန်းများ
အိုင်တီလုပ်ငန်းများလူဦးရေနှင့်လူမျိုးများ၂၀၀၈ခုနှစ် စာရင်းအရ လူဦးရေစုစုပေါင်း ၆.၁၃ သန်း ရှိသည်။ ယဉ်ကျေးမှု
ခရီးသွားလုပ်ငန်း
သယ်ယူပို့ဆောင်ရေးလုပ်ငန်း
ပညာရေးပုဂ္ဂလိကပိုင် ၇ခု အပါအဝင် အဆင်မြင့်ပညာတက္ကသိုလ်နှင့် ကောလိပ် စုစုပေါင်း (၂၃)ခု၊ သက်မွေးပညာသင်ကျောင်း (၁၀၈)ကျောင်း၊ အထက်တန်းကျောင်း (၈၀)၊ အလယ်တန်းကျောင်း (၁၀၄၉)ကျောင်း၊ မူလတန်းကြိုကျောင်း (၁၄၃၂)ကျောင်း ရှိသည်။ သူငယ်တန်းမှ တက္ကသိုလ်အဆင့်ထိ ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၁)သိန်း(၈)ထောင်ရှိသည်။ အဆင့်မြင့်ပညာတက္ကသိုလ်၊ ကောလိပ်များ
အထက်တန်းကျောင်းများ
နိုင်ငံတကာဆက်ဆံရေး
ကျမ်းကိုး
|
Portal di Ensiklopedia Dunia