ကူမင်း ချန်ဆွေ အပြည်ပြည်ဆိုင်ရာ လေဆိပ် ကူမင်း ချန်ဆွေ အပြည်ပြည်ဆိုင်ရာ လေဆိပ် 昆明长水国际机场 "Kumming Changshui International Airport" |
---|
 View from roof of the airport terminal. | | အချက်အလက်များ |
---|
အမျိုးအစား | ပြည်သူပိုင် |
---|
စီမံကွပ်ကဲသူ | ယူနန်လေဆိပ်အဖွဲ့ |
---|
ဝန်ဆောင်မှု ဧရိယာ | ကူမင်း၊ ယူနန်ပြည်နယ်၊ တရုတ်နိုင်ငံ |
---|
တည်နေရာ | ချန်ဆွေရွာ၊ ကွမ်တု၊ ကူမင်း |
---|
ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်း |
|
---|
ပင်လယ်မျက်နှာပြင် အထက် | ၂၀၁၃ မီတာ / ၆,၆၀၄ ပေ |
---|
ဝက်ဘ်ဆိုဒ် | kmgairport.com |
---|
မြေပုံ |
---|
တည်နေရာပြမြေပုံ | ပြေးလမ်း |
---|
ဦးတည်ရာအရပ်
|
အလျား
|
မျက်နှာပြင်
|
မီတာ
|
ပေ
|
03/21
|
4000
|
၁၃,၁၂၃
|
နိုင်လွန်ကတ္တရာ
|
04/22
|
4500
|
၁၄,၇၆၄
|
နိုင်လွန်ကတ္တရာ
|
| ကိန်းဂဏန်း အချက်အလက်များ (၂၀၁၄) |
---|
|
ကူမင်း ချန်ဆွေ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းမြို့တွင် တည်ရှိသည်။ ကူမင်းမြို့မှ ၂၄.၅ကီလိုမီတာ (၁၅.၂ မိုင်) အရှေ့မြောက်ဘက်တွင် တည်ရှိသည်။ ပင်လယ်ပြင်မျက်နှာပြင်အထက် ၂၁၀၀ မီတာ (၆၉၀၀ ပေ) တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ မနက် ၈ နာရီတွင် ဖွင့်လှစ်ခဲ့သည်။[၁] ကူမင်းမို့ လေဆိပ်ဟောင်း မှာ ကူမင်း ဝူကြားဘ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖြစ်သည်။ တရုတ်အိစ်စတန်း လေကြောင်းလိုင်း၊ ကူမင်း လေကြောင်းလိုင်း၊ လက်ကီး လေကြောင်းလိုင်း နှင့် စီချွန် လေကြောင်းလိုင်း တို့၏ အခြေစိုက်ရာအဖြစ် အသုံးပြုသည်။
လေယာဉ်ပြေးလမ်း ၂ ခု တည်ဆောက်ထားပြီး ၂၀၁၄ ခုနှစ်တွင် ခရီးသည် ၃၃သန်း ကျော်ကို ဝန်ဆောင်မှု ပေးနိုင်ခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် ခရီးသည် ၄၃ သန်း ကျော် ဝန်ဆောင်မှု ပေးနိုင်ရန် မျှော်မှန်းထားသည်။
ကူမင်း ချန်ဆွေ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တရုတ်နိုင်ငံ၏ အဓိကလေဆိပ်များထဲတွင် တစ်ခု အပါအဝင်ဖြစ်သည်။
လေဆိပ် အဆောက်အဦး
လေဆိပ် အဆောက်အဦးမှာ ၅၄၈၃၀၀ စတုရန်းမီတာ (၅၉၀၂၀၀၀ စတုရန်းပေ) ကျယ်ဝန်းသည်။ တရုတ်နိုင်ငံရှိ လေဆိပ်အဆောက်အဦးများတွင် ဒုတိယ အကြီးဆုံးဖြစ်သည်။[၂] လေယာဉ်ဆိုက်ကပ်နိုင်သော ဂိတ် ၆၆ ဂိတ် ရှိပြီး ဂိတ်ပေါင်း ၈၈ ဂိတ် ရှိသည်။
တည်ဆောက်ခြင်း
လေဆိပ် တည်ဆောက်ခြင်းကို ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့သည်။ တည်ဆောက်ရေး ကာလအတွင်း မတော်တဆ ဖြစ်ပွားမှု ၂ ခု ဖြစ်ပွားခဲ့သည်။ ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ပထမ မတော်တဆ ဖြစ်ပွားခဲ့သည်။ အလုပ်သမား ၇ ဦး သေဆုံးခဲ့သည်။[၃] နောက်ထပ် မတော်တဆမှုမှာ ၂၀၁၁ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ တွင် ဖြစ်ခဲ့သည်။ အလုပ်သမား ၁၁ ဦး လှိုင်ခေါင်းထဲတွင် ထိခိုက်ဒဏ်ရာ ရခဲ့သည်။[၄] လေဆိပ်အဆောက်အဦးကို ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ပြီးဆုံးခဲ့သည်။[၅]
သယ်ယူပို့ဆောင်ရေး
လေဆိပ်သည် ကူမင်းမြို့ပတ်ရထား လိုင်းအမှတ် (၆)၏ ခရီးဆုံးဘူတာ ဖြစ်သည်။ လေဆိပ်ဖွင့်ရက်နှင့်အတူ လေဆိပ်ဘူတာ ကိုပါ ဖွင့်ခဲ့သည်။ ကူမင်း ၁၃ကီလိုမီတာ အဝေးပြေးလမ်းမကြီးနှင့်လည်း ချိတ်ဆက်နေသလို ပြည်နယ်လမ်းမကြီး အက်စ်၁၀၁ နှင့်လည်း ချိတ်ဆက်နေသည်။
လေကြောင်းလိုင်းများနှင့် ပျံသန်းရာမြို့များ
၂၀၁၁ ခုနှစ် ဧပြီတွင် တွေ့ရသော လေဆိပ်အဆောက်အဦး တည်ဆောက်မှု
အဆောက်အဦး အပြင်ဘက်
အဆောက်အဦး အတွင်းပိုင်း မြင်ကွင်း
လက်မှတ်စစ် ကောင်တာများ
ခရီးသည်
လေကြောင်းလိုင်းများ | ပျံသန်းရာနေရာ | Terminal |
---|
Air Busan | Seasonal charter: Busan | ပြည်ပ
| အဲချိုင်းနား လေကြောင်းလိုင်း | ပေကျင်း-မြို့တော်၊ Chengdu, Dazhou, Hangzhou, Harbin, ရှန်ဟိုင်း-ဖူတုန်း၊ Shenyang, Tianjin, Wenzhou, Yuncheng | ပြည်တွင်း
| အဲချိုင်းနား လေကြောင်းလိုင်း | ရန်ကုန် | ပြည်ပ
| အဲအေးရှား လေကြောင်းလိုင်း | ကွာလာလမ်ပူ | ပြည်ပ
| ပေကျင်းမြို့တော် လေကြောင်းလိုင်း | Hangzhou, Lijiang, Mangshi, Xishuangbanna | ပြည်တွင်း
| Chengdu Airlines | Chengdu, Liuzhou, Xiamen, Xishuangbanna | ပြည်တွင်း
| ချိုင်းနားအိစ်စတမ်း လေကြောင်းလိုင်း | Anshun, Baoshan, Baotou, Beihai, ပေကျင်း-မြို့တော်, Changsha, Chengdu, Chongqing, Dali, Dalian, Daocheng, Diqing, Guangzhou, Guiyang, Hangzhou, Harbin, Hefei, Huangshan, Jiayuguan, Jinan, Jining, Lanzhou, Lhasa, Lijiang, Lincang, Liupanshui, Liuzhou, Luoyang, Luzhou, Mangshi, Nanchang, Nanchong, Nanjing, Nanning, Ningbo, Ninglang, Ordos, Pu'er, Qianjiang, Qingdao, Sanya, ရှန်ဟိုင်း-ဟုန်ချောင်၊ ရှန်ဟိုင်း-ဖူတုန်း၊ Shantou, Shenyang, Shenzhen, Taiyuan, Tengchong, Tianjin, Tongren, Urumqi, Wenshan, Wenzhou, Wuhan, Wuxi, Xiamen, Xi'an, Xichang, Xingyi, Xining, Xishuangbanna, Yancheng, Yibin, Yichang, Yinchuan, Yongzhou, Zhanjiang, Zhaotong, Zhengzhou | ပြည်တွင်း
| ချိုင်းနားအိစ်စတမ်း လေကြောင်းလိုင်း | ဘန်ကောက်-သုဝဏ္ဏဘူမိ၊ ချင်းမိုင်၊ ချင်းရိုင်၊ Colombo, Da Nang, Dhaka, Dubai-International, ဟနွိုင်း၊ ဟိုချီမင်းစီးတီး၊ Hong Kong, Kathmandu, Kolkata, Malé, မန္တလေး၊ နေပြည်တော်၊ Paris-Charles de Gaulle, ဖူးခက်၊ ဆိုးလ်-အင်ချွန်၊ စီရန်ရိ၊ စင်ကာပူ၊ ထိုင်ဝမ်-ထောင်ယွမ်၊ Vancouver, ဗီယင်ကျန်း၊ ရန်ကုန် | ပြည်ပ
| China Express Airlines | Guiyang, Nanyang | ပြည်တွင်း
| China Southern Airlines | ပေကျင်း-မြို့တော်၊ Changchun, Changsha, Chongqing, Dali, Dalian, Guangzhou, Guilin, Guiyang, Haikou, Hangzhou, Harbin, Lijiang, Nanning, Sanya, ရှန်ဟိုင်း-ဖူတုန်း၊ Shantou, Shenyang, Shenzhen, Taiyuan, Urumqi, Wuhan, Xi'an, Xishuangbanna, Yiwu, Zhengzhou, Zhuhai | ပြည်တွင်း
| China Southern Airlines operated by Chongqing Airlines | Chongqing | ပြည်တွင်း
| China United Airlines | Beijing-Nanyuan, Foshan | ပြည်တွင်း
| Donghai Airlines | Shenzhen | ပြည်တွင်း
| Dragonair | Hong Kong | ပြည်ပ
| Fuzhou Airlines | Fuzhou | ပြည်တွင်း
| Hainan Airlines | ပေကျင်း-မြို့တော်၊ Haikou, Shenzhen, Xi'an | ပြည်တွင်း
| Hebei Airlines | Shijiazhuang | ပြည်တွင်း
| HK Express | Hong Kong | ပြည်ပ
| Juneyao Airlines | Bijie, Nanjing(begins March 2016), ရှန်ဟိုင်း-ဟုန်ချောင်၊ Zhangjiajie | ပြည်တွင်း
| Korean Air | ဆိုးလ်-အင်ချွန် | ပြည်ပ
| Kunming Airlines | Changchun, Changsha, Changzhou, Chengdu, Chongqing, Fuzhou, Guangzhou, Guiyang, Hangzhou, Harbin, Jinan, Lijiang, Lincang, Mangshi, Nanjing, Nanning, Qingdao, Shenzhen, Taiyuan, Taizhou, Tengchong, Wuhan, Xiamen, Xi'an, Xishuangbanna, Yangzhou, Yinchuan, Yiwu, Zhengzhou | ပြည်တွင်း
| လာအို လေကြောင်းလိုင်း | ဗီယင်ကျန်း | ပြည်ပ
| Loong Air | Hangzhou | ပြည်တွင်း
| Lucky Air | Baotou, ပေကျင်း-မြို့တော်၊ Chengdu, Chongqing, Dali, Dalian, Datong, Diqing, Fuzhou, Ganzhou, Guilin, Guiyang, Haikou, Hangzhou, Hefei, Hohhot, Jinan, Lanzhou, Lijiang, Mangshi, Nanjing, Nanning, Ningbo, Pu'er, Qingdao, Sanya, ရှန်ဟိုင်း-ဟုန်ချောင်၊ ရှန်ဟိုင်း-ဖူတုန်း၊ Shenzhen, Taiyuan, Tengchong, Urumqi, Wuhan, Xiamen, Xi'an, Xishuangbanna, Xuzhou, Yichang, Yichun, Zhengzhou | ပြည်တွင်း
| Lucky Air | Hualien, Krabi, ဖူးခက်၊ Samui, Sihanoukville Seasonal: Jeju | ပြည်ပ
| အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း | မန္တလေး၊ ရန်ကုန် | ပြည်ပ
| Okay Airways | Changsha, Hefei, Tianjin, Yulin | ပြည်တွင်း
| Orenair | Seasonal Charter: Liège | ပြည်ပ
| Ruili Airlines | Beihai, Chengdu, Hohhot, Mangshi, Nanchang, Nanning, Taiyuan, Wenzhou, Xi'an | ပြည်တါင်း
| Shandong Airlines | Chongqing, Jinan, Nanjing, Qingdao, Xiamen, Yantai | ပြည်တွင်း
| Shandong Airlines | Delhi | ပြည်ပ
| Shanghai Airlines | ရှန်ဟိုင်း-ဟုန်ချောင်၊ Tianjin | ပြည်တွင်း
| Shenzhen Airlines | Guangzhou, Nanchang, Nanjing, Quanzhou, Shenyang, Shenzhen, Taiyuan, Wuhan, Wuxi, Zhengzhou | ပြည်တွင်း
| Sichuan Airlines | ပေကျင်း-မြို့တော်၊ Changchun, Changsha, Chengdu, Chongqing, Dalian, Guiyang, Harbin, Hohhot, Jinan, Kangding, Lanzhou, Mangshi, Nanchang, Nanjing, Ningbo, Qingdao, Shenyang, Shijiazhuang, Urumqi, Wanzhou, Wenzhou, Xiamen, Xi'an, Xining, Xishuangbanna, Xuzhou, Yichang, Yinchuan, Zhengzhou | ပြည်တွင်း
| Sichuan Airlines | ထိုင်ဝမ်-ထောင်ယွမ် | ပြည်ပ
| ဆစ်အဲ လေကြောင်းလိုင်း | စင်ကာပူ | ပြည်ပ
| Sky Wings Asia Airlines | Charter: စီရန်ရိ | ပြည်ပ
| SriLankan Airlines | Colombo | ပြည်ပ
| Spring Airlines | Changde, Huaihua, Mianyang, Qianjiang, ရှန်ဟိုင်း-ဟုန်ချောင်၊ ရှန်ဟိုင်း-ဖူတုန်း၊ Shenyang, Shijiazhuang, Zunyi | ပြည်တွင်း
| ထိုင်း လေကြောင်းလိုင်း | ဘန်ကောက်-သုဝဏ္ဏဘူမိ၊ ချင်းမိုင် | ပြည်ပ
| ထိုင်းအဲအေးရှား လေကြောင်းလိုင်း | ဘန်ကောက်-ဒွန်မောင်း | ပြည်ပ
| Tianjin Airlines | Tianjin, Xi'an | ပြည်တွင်း
| Uni Air | Kaohsiung | ပြည်ပ
| ဗီယက်နမ် လေကြောင်းလိုင်း | Seasonal charter: Nha Trang | ပြည်ပ
| West Air (China) | Chongqing, Xishuangbanna | ပြည်တွင်း
| ရှမန် လေကြောင်းလိုင်း | Fuzhou, Hangzhou, Quanzhou, Wuhan, Xiamen | ပြည်တွင်း
|
၇၂ နာရီ ကူးပြောင်းဗီဇာ
ကူးမင်းလေဆိပ်တွင် ကူးပြောင်းခရီးစဉ်များအတွက် ၇၂ နာရီ နိုင်ငံအတွင်း ဝင်ရောက်ခွင့်ကို ခွင့်ပြုထားသည်။ အဆိုပါ အစီအစဉ်မှာနိုင်ငံပေါင်း ၅၁ နိုင်ငံအတွက် အကျုံးဝင်သည်။
ကိုးကား
|