တောင်ယဉ်စွန်းတန်း![]() ![]() ![]() တောင်ယဉ်စွန်းတန်းသည် မွန်းတည့်ချိန် ဦးခေါင်းအထက် တည့်တည့်တွင် နေတည်ရှိသည့် တောင်ဖက်ဆုံး လတ္တီတွဒ်မျဉ်း ဖြစ်သည်။ ဤအဖြစ်အပျက်သည် တောင်ကမ္ဘာလုံးခြမ်း နေဘက်သို့ အဆုံးစွန် တိမ်းစောင်းသည့် ဆောင်းယဉ်စွန်းချိန်တွင် ဖြစ်ပွားသည်။ အလားတူ မြောက်ကမ္ဘာလုံးခြမ်းဖက်တွင် မြောက်ယဉ်စွန်းတန်း တည်ရှိသည်။ ၂၀၁၄ ခုနှစ်အတွက် တောင်ယဉ်စွန်းတန်းသည် အီကွေတာ၏ တောင်ဖက် ၂၃° ၂၆′ ၁၄.၄၄၀″ တွင်တည်ရှိသည်။ တောင်ယဉ်စွန်းတန်းသည် မြောက်ဖက်သို့ တစ်နှစ်လျှင် ၁၅ မီတာခန့် တဖြည်းဖြည့် ရွေ့လျားနေသည်။ ရာသီဥတုနှင့် ပတ်ဝန်းကျင်တောင်ယဉ်စွန်းတန်းသည် တောင်ဖက် တောင်သမပိုင်းဇုန်နှင့် မြောက်ဖက် အပူပိုင်းဇုန်များကို ပိုင်းခြားထားသည့် မျဉ်းတစ်ခုဖြစ်သည်။ တောင်ယဉ်စွန်းတန်းတစ်လျောက် ဒေသအများစုမှာ မိုးခေါင်ခြောက်သွေ့ပြီး မိုးနည်းသောဒေသများဖြစ်သည်။ ဩစတြေးလျရှိ အပူပိုင်းဒေသအများစု၏ မိုးရေချိန်မှာ ကမ္ဘာပေါ်ရှိ အများဆုံးပြောင်းလဲနေသည့် မိုးရေချိန်များထဲတွင် ပါဝင်သည်။[၁] တစ်နှစ်ပတ်လုံး မိုးခေါင်သောကြောင့် စွတ်စိုသည့်ဒေသများတွင်ပင် လယ်ယာစိုက်ပျိုး၍မရနိုင်ပေ။ မိုးရေချိန်ကောင်းသော အာဖရိကတောင်ပိုင်းတွင် စိုက်ပျိုးဖြစ်ထွန်းသော်လည်း မြေဩဇာအသုံးပြုထားပင်ငြား အထွက်နှုန်းနည်းပါးသည်။ တောင်အမေရိကတွင် မြေလွှာသည် ဩစတြေးလျနှင့် အာဖရိကတောင်ပိုင်းကဲ့သို့ သက်တမ်းရင့်သည်။ သို့သော် ဘူမိဗေဒအရ သက်တမ်းနုသည့် အန်းဒီးတောင်တန်းသည် အပူလျော့ပိုင်း ဆန့်ကျင်ဆိုင်ကလုံးဒေသ၏ အနောက်ဖက်တွင် ရှိသည့်အတွက် အတ္တလန္တိတ်သမုဒ္ဒရာဖက်မှ ပူနွေးစွတ်စိုသော လေရရှိသည်။ အကျိုးဆက်အားဖြင့် အပူပိုင်းဒေသနှင့်နီးသော ဘရာဇီးနိုင်ငံ၏ ဒေသများမှာ စိုက်ပျိုးရေးအတွက် အရေးပါသော ဒေသများဖြစ်ကြကာ ကော်ဖီစသော ကောက်ပဲသီးနှံများ ကောင်းစွာ ဖြစ်ထွန်းသည်။ အန်းဒီးတောင်တန်း၏ အနောက်ဖက်တွင်မူ ဟမ်းဘော့ရေစီးကြောင်းကြောင့် အလွန်အမင်းမိုးခေါင်သော ဒေသဖြစ်ကာ ကမ္ဘာ့အခြောက်သွေ့ဆုံးစာရင်းဝင် ကန္တာရကို ဖြစ်ပေါ်စေသည်။ ပတ်ပတ်လည်ကမ္ဘာ့ဒေသများပရိုင်းမီရီဒီယန်မှ စ၍ အရှေ့ဖက်သို့ တောင်ယဉ်စွန်းတန်း ဖြတ်သန်းသွားသော ဒေသများ
တောင်ယဉ်စွန်းတန်းတစ်လျောက် တည်ရှိသော နေရာများအောက်ပါဒေသများမှာ တောင်ယဉ်စွန်းတန်းအနီး သို့မဟုတ် တောင်ယဉ်စွန်းတန်းဖြတ်သန်းသွားသည့် ဒေသများဖြစ်သည်။
တောင်ယဉ်စွန်းတန်း၏ တောင်ဖက်တွင် ကျရောက်သော ဒေသများကမ္ဘာ့၏အဓိက ကုန်းမြေများမှာ မြောက်ကမ္ဘာလုံးခြမ်းတွင် ရှိနေသောကြောင့် တောင်ယဉ်စွန်းတန်း တောင်ဖက်တွင် လေးနိုင်ငံသာ တည်ရှိသည်။ (မြောက်ယဉ်စွန်းတန်း မြောက်ဖက်တွင် ၇၄ နိုင်ငံ တည်ရှိသည်။)
မှတ်စု
ကိုးကား |
Portal di Ensiklopedia Dunia