တောင်ကမ္ဘာလုံးခြမ်း![]() ![]() ![]() ![]() တောင်ကမ္ဘာလုံးခြမ်း ဆိုသည်မှာ အီကွေတာမှ တောင်ဘက် ကမ္ဘာတစ်ခြမ်းကို ဆိုလိုသည်။ တောင်ကမ္ဘာလုံးခြမ်းတွင် တိုက်ကြီးငါးတိုက် (အန္တာတိက၊ ဩစတြေးလျ၊ တောင်အမေရိက ၏ တစ်ဆယ်ပုံကိုးပုံ၊ အာဖရိက ၏ သုံးပုံတစ်ပုံ(တောင်ဘက်အခြမ်း)၊ အာရှ၏ တောင်ဘက် ကျွန်းစုအချို့)[၁]၊ သမုဒ္ဒရာ လေးခု (အိန္ဒိယသမုဒ္ဒရာ၊ တောင်အတ္တလန္တိတ်သမုဒ္ဒရာ၊ တောင်ပိုင်း သမုဒ္ဒရာ၊ တောင်ပစိဖိတ်သမုဒ္ဒရာ)နှင့် အိုရှန်းနီးယားဒေသအများစု ပါဝင်သည်။ ကမ္ဘာသည် တိမ်းစောင်း၍ လည်ပတ်နေခြင်းကြောင့် တောင်ကမ္ဘာလုံးခြမ်းဒေသတွင် နွေရာသီမှာ ဒီဇင်ဘာလမှ မတ်လ အထိဖြစ်ပြီး၊ ဆောင်းရာသီမှာ ဇွန်လမှ စက်တင်ဘာလအထိ ဖြစ်သည်။ နေ့တာနှင့်ညတာ ညီမျှသောရက်များမှာ နွေဦးကာလအတွက် စက်တင်ဘာလ ၂၂ သို့ ၂၃ ရက်ဖြစ်ပြီး ဆောင်းဦးအတွက် မတ်လ ၂၀ သို့ ၂၁ ရက်ဖြစ်သည်။ ရာသီဥတု![]() ![]() တောင်ကမ္ဘာလုံးခြမ်း၏ ရာသီဥတုမှာ ဆင်တူလတ္တီတွဒ်ဒေသများတွင် ယေဘုယျအားဖြင့် မြောက်ကမ္ဘာလုံးခြမ်းနှင့်စာလျှင် အနည်းငယ် လျော့နည်းသည်။ သို့သော် အန္တာတိကဒေသမှာ အာတိတ်ဒေသထက် အအေးပိုသည်။ အဘယ့်ကြောင့်ဆိုသော် တောင်ကမ္ဘာလုံးခြမ်းဖက်တွင် သမုဒ္ဒရာပိုများပြီး ကုန်းမြေဒေသနည်းသောကြောင့် ဖြစ်သည်။ တောင်ကမ္ဘာလုံးခြမ်းတွင် နေသည် အရှေ့မှ အနောက်သို့ မြောက်ဘက်အရပ်မှ ဖြတ်သန်းသော်လည်း တောင်ယဉ်စွန်းတန်း၏ မြောက်အရပ်တွင် မွန်းတည့်နေသည် ဦးခေါင်းအထက်တည့်တည့် သို့မဟုတ် တောင်စူးစူး၌ ရှိသည်။ မြောက်ကမ္ဘာလုံးခြမ်းတွင် ဆိုင်ကလုံးမုန်တိုင်းများနှင့် အပူပိုင်းမုန်တိုင်းများမှာ လက်ဝဲရစ် လည်ပတ်တိုက်ခတ်သော်လည်း တောင်ကမ္ဘာလုံးခြမ်းတွင်မူ ကိုရီယိုလစ်အကျိုးဆက်ကြောင့် လက်ယာရစ်အတိုင်း လည်ပတ်တိုက်ခတ်ကြသည်။[၂] တောင်ကမ္ဘာလုံးခြမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော တောင်သမပိုင်းဇုန်တည်ရှိရာသည် သမုဒ္ဒရာဒေသအများစုတွင် ဖြစ်သည်။ တောင်သမပိုင်းဇုန်တွင် ဥရုဂွေး၊ လီဆိုသို၊ ဆွာဇီလန်နှင့် နယူးဇီလန် ဒေသများအားလုံး၊ ချီလီ၊ အာဂျင်တီးနား၊ တောင်အာဖရိကနှင့် ဩစတြေးလျနိုင်ငံများ၏ ဒေသအများစုနှင့်၊ ပါရာဂွေး၊ ဘရာဇီး၊ နမီးဘီးယား၊ ဘော့ဆွာနာ၊ မိုဇမ်ဘစ်၊ မဒါဂတ်စကားနိုင်ငံများ၏ တစ်စိတ်တစ်ပိုင်းတို့ ပါဝင်သည်။ ပါဝင်သည့်တိုက်များနှင့် နိုင်ငံများတိုက်ကြီးများနှင့် တိုက်ငယ်လေးများ
နိုင်ငံများနှင့် နယ်မြေဒေသများ
ကိုးကား
|
Portal di Ensiklopedia Dunia