ထွန်းထွန်းဦး (တရားသူကြီးချုပ်)


ထွန်းထွန်းဦး
ပြည်​ထောင်စုတရားသူကြီးချုပ်
တာဝန်သက်တမ်း
၃၀ မတ်လ ၂၀၁၁ – ၂ ဩဂုတ် ၂၀၂၃
ခန့်အပ်သူဦးသိန်းစိန်
သမ္မတ
ယခင်လူဦးအောင်တိုး
ဆက်ခံသူဦးသာဌေး
ဒုတိယပြည်​ထောင်စုတရားသူကြီးချုပ်
တာဝန်သက်တမ်း
၂၀၀၇ – ၂၀၁၁
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၅၆-0၇-၂၈) ၂၈ ဇူလိုင်၊ ၁၉၅၆ (အသက် ၆၈)
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ကြင်ဖော်​အေး​အေးသိန်း
ပညာရေးB.A. (Law), LL.B (၁၉၇၉)
ရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်​ရှေ့​နေ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
Commandsအ​နောက်​တောင်တိုင်း (၁၉၈၁-၁၉၈၉)
Major, Military Advocate General Office (1990-1994)

ဦးထွန်းထွန်းဦး (၂၈ ဇူလိုင်၊ ၁၉၅၆ မွေးဖွား) သည် မြန်မာနိုင်ငံ၏ ပြည်​ထောင်စုတရားသူကြီးချုပ် အဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ပြည်ထောင်စုတရားသူကြီးချုပ်ကို နိုင်ငံတော် သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့်၂၀၁၁ မတ်လ ၃၀ ကစပြီး ခန့်အပ်ခြင်းဖြစ်သည်။[]၎င်းသည်  ၂၀၂၃  ဩဂုတ် ၂ရက် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

ပညာသင် ဘ၀

၁၉၇၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ B.A(Law) နှင့် LL.B ဥပဒေဘွဲ့များကို ရရှိခဲ့သည်။

ဝန်ထမ်းဘဝ

ဥပဒေဘွဲ့ရရှိပြီးနောက် မြန်မာ့ တပ်မတော်တွင် တာဝန်ထမ်းဆောင်သည်။ ၁၉၉၄ ခုနှစ်အထိ စစ်ဥပဒေချုပ်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၀၇ ခုနှစ်တွင် ဒုတိယပြည်ထောင်စုတရားသူကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှ စတင်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၂၀၂၃ ဩဂုတ်လ ၂ရက်နေ့အထိ ပြည်​ထောင်စုတရားသူကြီးချုပ်တာဝန် ထမ်း​ဆောင်​ခဲ့သူဖြစ်သည်။[] []

အရေးယူပိတ်ဆို့ ခံရမှု

နိုင်ငံတွင်းတရားဥပဒေစိုးမိုးရေး ယုတ်လျော့စေရန် နှင့်  ဒီမိုကရေစီအဖွဲ့အစည်းများ ချိနဲ့ ဆုတ်ယုတ်စေရန် ဆောင်ရွက်ပေးသည်ဆိုသော စွပ်စွဲချက်ဖြင့်  အမေရိကန်က ဦးထွန်းထွန်းဦးကို ၂၀၂၂ ဇန်နဝါရီ ၃၁ရက်တွင် ဒဏ်ခတ်ပိတ်ဆို့မှုလုပ်သည်။ အလားတူ ဥရောပသမဂ္ဂကလည်း    ရွေးကောက်ခံနိုင်ငံ့ခေါင်းဆောင်များအား  ဖမ်းဆီးခြင်းအပါအဝင်  စွပ်စွဲချက်ပုဒ်မများတပ် အရေးယူထောင်ချခဲ့မှုနှင့် စပ်လျဉ်းပြီး တာဝန်ရှိသည်ဆိုကာ  ၂၀၂၂ နိုဝင်ဘာ ၈ရက်တွင် ဒဏ်ခတ်ပိတ်ဆို့ အရေးယူသည်။[] []

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya