သာဌေး

ဗိုလ်မှူးကြီး (ငြိမ်း)
တရားသူကြီးချုပ်

သာဌေး
ပြည်​ထောင်စုတရားသူကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဩဂုတ် ၂၀၂၃
သမ္မတဦးမြင့်ဆွေ (ယာယီ)
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးထွန်းထွန်းဦး (တရားသူကြီးချုပ်)
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၁၄ မတ် ၂၀၂၂ – ၃ ဩဂုတ် ၂၀၂၃
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ယခင်လူဦးသန်းကျော်
ဆက်ခံသူဦးအောင်ဇော်သိန်း
ပြည်ထောင်စု တရားလွှတ်တော်ချုပ်
တရားသူကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၁၃ မတ် ၂၀၂၂
ခန့်အပ်သူဦးသိန်းစိန်
သမ္မတ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၅၈
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
သွေးသားတော်စပ်သူဦးသာအေး
ပညာရေးရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်​ရှေ့​နေ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၈၄-၂၀၁၀
ရာထူးဗိုလ်မှူးကြီး

ဦးသာဌေး (၁၉၅၈ မွေးဖွား) သည် လက်ရှိ မြန်မာနိုင်ငံ၏ ပြည်ထောင်စုတရားသူကြီးချုပ်ဖြစ်သည်။[] ၎င်းကို နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေကြေညာထားသည့်ကာလ ၂၀၂၃ ဩဂုတ် ၃ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ခန့်အပ်ခဲ့ခြင်းဖြစ် သည်။ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ပေါ်ပေါက်လာသည့် ဒုတိယမြောက် ပြည်ထောင်စုတရားသူကြီးချုပ် လည်းဖြစ်သည်။

ပညာသင်ဘဝ

၁၉၈၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဥပဒေဘွဲ့ (LL.B) ကိုရရှိခဲ့သည်။ ယင်းဘွဲ့ကို စာပေးစာယူသင်တန်းဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။

ဝန်ထမ်းဘဝ

ဥပဒေဘွဲ့ရရှိပြီးနောက် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းမှ တဆင့် တပ်မတော်သို့ ဝင်ရောက်ခဲ့သည်။ ယင်းနောက် စစ်ဥပဒေချုပ်ရုံးတွင် လက်ထောက်စစ်ဥပဒေချုပ်ရာထူးအထိ ဗိုလ်မှူးကြီးအဆင့်ဖြင့် ၂၄ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။

သူသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ခုနှစ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်ဥပဒေချုပ်ရုံးမှ အငြိမ်းစားယူခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည်။ ထိုတာဝန်ကို ၂၀၁၁ ခုနှစ် မတ်လ ၂၉ ရက်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ပြည်ထောင်စုလွှတ်တော် တွင် အဆိုတင်သွင်းခံရမှုအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဖြစ်လာသည်။[]ထိုတာဝန်ကို ၂၀၁၁ မတ်လ ၃၀ ရက်မှ စစ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ []

၂၀၂၂ မတ်လ ၁၄ ရက်နေ့တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခြင်းခံရသည်။[]

တရားသူကြီးချုပ်တာဝန်

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့အထိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် နောက်တစ်ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၎င်းကို ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်သည်။

မိသားစုဘဝ

ဦးသာဌေး သည် အိမ်ထောင်သည်တစ်ဦး ဖြစ်သည်။ ၎င်း၏ အကိုမှာ  နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်ဟောင်းလည်းဖြစ်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်သည့် ဦးသာအေး ဖြစ်သည်။

ဂုဏ်ပြုခံရခြင်း

၂၀၂၂ ခုနှစ် ၊ မတ်လ  ၂၇  ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၆/၂၀၂၂ အားဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ဖြစ်သော စည်သူဘွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[]

ကိုးကား

  1. ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌများ အပါအဝင် ဒုတိယဝန်ကြီးအချို့ ခန့်အပ်Eleven Media (၃ ဩဂုတ်၂၀၂၃)။ ၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေး ကရင်ပြည်နယ်အတွင်းရှိ တရားသူကြီးများ၊ တရားရေး အရာရှိများနှင့် တွေ့ဆုံMyanmar Digital News (၃ မေ ၂၀၁၉)။ 5 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများThe Supreme Court of The Union of Myanmar။ ၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  4. နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးMWD Webportal (၁၄ မတ် ၂၀၂၂)။ ၅ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း။ NPE။ 2 August 2025 တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya