ဒိုးနွယ်ရွာ၊ ကလေးမြို့နယ်
ဒိုးနွယ်ရွာ (အင်္ဂလိပ်: Doenwe)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ အရှေ့စီးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၅၆၆၃ ဖြစ်သည်။ [၁] ၂၀၂၁ ဖြစ်စဉ်များပြည်သူ့ကာကွယ်ရေးတပ်များအား ရွာစဉ်လှည့်ကာ ရှာနေသော စစ်ကြောင်းသည် ရွာဘုန်းကြီးကျောင်းတွင် ယာယီတပ်စွဲသည်။ ဇွန်လ ၄ ရက်တွင် ရွာသင်္ချိုင်းဘက်မှ ဝင်ကာ ပြည်သူ့ကာကွယ်ရေးတပ်က အငိုက်ယူပစ်ခတ်သဖြင့် စစ်တပ်မှ ၄ ဦး ကျသည်။ ပြည်သူ့ကာကွယ်ရေးတပ်မှ ၁ ဦး ဒဏ်ရာရသည်။ [၂] တင်းသား အရှေ့စည်း ဒိုးနွယ် ရွာများသို့ ခြေလျင်တက်လာသော စစ်ကြောင်းကို မိုင်းဆွဲကာ ဇူလိုင်လ ၁၆ ရက်တွင် တိုက်ပွဲစသည်။ စစ်တပ်က တင်းသားဘက်မှ တကြောင်း၊ အရှေ့စည်းဘက်မှ တကြောင်း ချီလာစဉ် ပြည်သူ့ကာကွယ်ရေးတပ်က အရှေ့စည်းဘက်မှစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခြင်း ဖြစ်သည်။ စစ်တပ်မှ ၂၅ ယောက် သေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မှ သတင်းထုတ်သည်။ သို့သော် တပ်ဘက်မှ တိုက်ပွဲဖြစ်ကြောင်းပင် သတင်းမထုတ်။ [၃] နောက် တင်းသားစစ်ကြောင်းက ပြန်လှည့်လာကာ လက်နက်ကြီးပစ်ကူဖြင့် တန်ပြန်တိုက်စစ်ဆင်သဖြင့် ပြည်သူ့ကာကွယ်ရေးဘက်မှ ၁ ဦးကျသည်။ [၄] ဇူလိုင်လ ၁၇ ရက်တွင် စစ်ကြောင်းမှာ ဒိုးနွယ်ရွာသို့ ရောက်လာပြီး ရွာတွင်းပစ်ခတ်မှုဖြစ်ရာ ရွာတွင်းကျန် အရပ်သား ၅ ယောက် သေဆုံးသည်။ နောက် ဘုန်းကြီးကျောင်းတွင် စခန်းချသည်။ [၅] ဇူလိုင်လ ၁၈ ရက်၌ ရွာတွင်းမှ တောစပ်များသို့ လက်နက်ကြီးများဖြင့်ပစ်ကာ နယ်မြေရှင်းလင်းမှုလည်း လုပ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်က ရွာမှခွါကာ တပ်ဆုတ်ထား၏။ စစ်တပ်သည် ရေရှင်ရွာမှ ဆိုင်ကယ်များကို သိမ်းကာ ရေရှင် ဒိုးနွယ် အရှေ့စည်း ကျောက်ဖူး စသည်တို့နှင့် အနီးအစပ်ရွာများကို လှည့်လည်နေသဖြင့် အင်းကျွန်း ရေရှင် ကုက္ကိုလ် လယ်ခြား ရှားတော ဒိုးနွယ် တင်းသား အရှေ့စည်း ကျောက်ဖူး ကျောက်ဆည် ကျောက်ပြုတ် ရွာပေါင်း ၁၁ ရွာမှ ဒေသခံများ စစ်ဘေးရှောင်နေရသည်။ [၆] စက်တင်ဘာလ ၆ ရက်တွင် ရေရှင်ရွာအနီး လမ်းဘေးတွင် အရပ်သားအလောင်း ၈ လောင်းကို တွေ့ရပြီး ရေရှင်မှ ၃၊ အခြားရွာမှ ၂၊ ပြည်သူ့ကာကွယ်ရေးတပ်မှ ၂ ဖြစ်ကြောင်း ရေရှင်ရွာခံမှ ဆိုသည်။ နောက်တရက်တွင် ကင်းလှည့်သော စစ်သားတို့ကို ဒိုးနွယ်-ကျောက်ဖူးလမ်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မှ မိုင်းဆွဲတိုက်ခိုက်သည်။ [၆] ကိုးကား
|
Portal di Ensiklopedia Dunia