ကလေးမြို့
ကလေးမြို့သည် စစ်ကိုင်းတိုင်းမှ ခရိုင်မြို့ဖြစ်ပြီး စစ်ကိုင်းတိုင်း၏ အနောက်ဘက်အစွန်ဆုံးရှိ ခရိုင်မြို့တစ်မြို့ ဖြစ်သည်။ မုံရွာ၊ ကန့်ဘလူဒေသများနှင့် မဟာမြိုင်တောကြီးက ခြားထားသည်။ ပုံတောင်၊ ပုံညာတောင်တန်းကြီးနှစ်ခုကလည်း မြောက်မှ တောင်သို့ တန်းလျက် ယင်းမာပင် ၊ ပေါက်၊ ပခုက္ကူဒေသများနှင့်ခြားထားပြန်သည်။ ချင်းတွင်းမြစ်သည် ခန္တီးဒေသကိုစီးဆင်းဖြတ်သန်းလာပြီး မြောက်မှ တောင်သို့ စီးဆင်းကာကျွန်းလှ၊ မြေဒူး၊ သက်ကယ်ကျင်းဒေသတို့ဖြင့် ကလေးမြို့ကို ပိုင်းခြားထားသည်။ ကလေးမြို့သည် အထက်ချင်းတွင်းဒေသဖြစ်ပြိး အရှေ့ဘက် မြစ်သာမြစ် မှ အနောက်ဘက် ချင်းတောင်ခြေနှင့် ထိစပ်သည်ထိဖြစ်သည်။ (ယခင်က မြစ်သာမြစ်ဘေးရှိ ပြင်သာရွာ နှင့် တောင်အူရွာတို့ကို ယခုအခါမြို့ပေါ် ရပ်ကွက် အောင်မေတ္တာ အဖြစ်ပြောင်းလဲသတ်မှတ်ထားသည်။) ယခင်က ကလေးမြို့နယ်တစ်ခုလုံး၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၈၉၂ ခန့်ရှိ၍ ကလေးမြို့နယ်တစ်ခုလုံး၏ အကျယ်အဝန်းမှာ စတုရန်း ၂၄ ဖာလုံရှိ၍ မြို့ပေါ်တွင် မြို့ပေါ်ရပ်ကွက် ရပ်ကွက် ၂၀ ရှိပြီး အိမ် ခြေပေါင်း တစ်သောင်းကျော်ခန့်ရှိသည်။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ ကလေးမြို့တွင် လူဦးရေ ၃၁၅၈ ခန့်နှင့် အိမ်ခြေ ၅၆၇ ခန့်ရှိသည်။ ကလေးမြို့မှာ မြို့ပိုင်ရုံးစိုက်ရာမြို့ ဖြစ်သည့်အပြင်၊ အထက် တန်း ကျောင်းကိုးကျောင်းနှင့် ခေတ်မှီသော လေယာဉ်ကွင်း လည်း ရှိသဖြင့်၊ အထက်မြန်မာပြည်တွင် တိုးတက်စည်ကား လာသော မြို့ကလေးတစ်မြို့ ဖြစ်ပေသည်။ မြို့ပေါ်ရှိ လူဦးရေ ၏ ၅ပုံ ၃ ပုံမှာ တောင်သူလယ်လုပ်များဖြစ်၍၊ မြို့နယ်ရှိလူထု မှာလည်း လယ်ယာလုပ်ငန်းနှင့် အသက်မွေးမြူကြသူများ ဖြစ် ကြသည်။ ကလေးမြို့နှင့် မိုင် ၂ဝခန့်အကွာတွင်သစ်ချောက် ကျောက်မီးသွေးတွင်း တစ်ခုကို တွေ့ရှိရသဖြင့်၊ နိုင်ငံတော်အစိုးရသည် စတင်တူးဖော် လုပ်ကိုင်လျက်ရှိသည်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးသည့်နောက်၊ ကလေးမြို့ အနီးတစ်ဝိုက် ကျေးရွာများသို့ ချင်းတောင်ဒေသမှ ချင်းလူမျိုးများသည်လည်းကောင်း၊ အိန္ဒိယ-မြန်မာနယ်စပ်မှ လူရှေ(ခေါ်) လူးဆိုင် ချင်းလူမျိုးများသည်လည်းကောင်း၊ အိမ်ထောင်စုအလိုက် တစ် သုတ်ပြီးတစ်သုတ် ဆင်းလာကြ၍ လယ်ယာကိုင်းကျွန်းများ လုပ်ကိုင်လျက်ရှိကြ၏။ ကလေးမြို့သည် ရှေးက ငှက်ဖျားရောဂါ ထူပြောသော မြို့တစ်မြို့ ဖြစ်သော်လည်း၊ ယခုအခါ မြို့ပတ်ဝန်းကျင်ကို သုတ်သင် ပြုပြင်ထားပြီးဖြစ်ရကား ငှက်ဖျားရောဂါ မရှိ သလောက် နည်းပါးသွားပြီဟု ဆိုရပေမည်။ ကလေးမြို့တွင် သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သည်ဆိုသော ရွှေဘုံသာ စေတီတော် ရှိလေသည်။ ရာဇမဟာမုနိစေတီတော်မှာလည်း ထင်ရှားသည်။[၁]
ကလေးမြို့၏ မြောက်ဘက် (၁၂)မိုင်ခန့် အကွာတွင် ဇီးချောင်းရေအားလျှပ်စစ် လုပ်ငန်းရှိသည်။ နိုင်ငံတော်ငွေကြေးများစွာ အကုန်အကျခံ ဆောက်လုပ်ပေးခဲ့ပြီး ၁၉၉၆ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့သည်။ ကလေးမြို့တွင် အားကစားကွင်း ၊ မိုးလုံလေလုံအားကစားရုံ၊ ဘူတာရုံ၊ လေယာဉ်ကွင်းတို့ ရှိသည်။ လေယာဉ်ကွင်းမှာ ပြေးလမ်းအလျားပေ (၅၅၀ဝ) ရှိသည်။ ကလေးမြို့ရှိကလေးတက္ကသိုလ်မှာလည်း အခြားပြည်နယ်တိုင်းများမှကောလိပ်များနည်းတူ အဆင့်မီ ပညာသင်ကြားရေး၊ အဆောင်နေနိုင်ရေးတို့ကို ခေတ်ပုံစံများဖြင့် ဆောက်လုပ်ပေးထားသည်။ ကလေးမြို့တွင်းရှိ ဦးအောင်ဇေယျလမ်းဆုံတွင် သတိုးသုဓမ္မ မဟာဗန္ဓုလ၏ မြင်းစီးရုပ်တုကြီးကို စိုက်ထူထားသည်။ အဆိုပါ မြင်းစီးရုပ်တုကြီးကို ၁၉၉၅ ခုနှစ်၊ နိုဝင်ဘာ (၁၆)ရက်နေ့တွင် တည်ဆောက် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။ ယခုအခါ မြို့တော်ခန်းမရှေ့သို့ပြောင်းရွေ့ထားပြီးဖြစ်သည် ကိုးကား
|
Portal di Ensiklopedia Dunia