ကလေးခရိုင်
ကလေးခရိုင် သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အနောက်ဘက်အကျဆုံး ခရိုင်တစ်ခု ဖြစ်သည်။ မြို့နယ်သုံးခုပါဝင်ကာ ခရိုင်ရုံးစိုက်ရာမြို့မှာ ကလေးမြို့ ဖြစ်သည်။ ကလေးခရိုင်တွင်းရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၅၀၈,၀၁၅ ယောက်[၁] ဖြစ်သည်။ မြို့နယ်များ![]() ကလေးမြို့နယ် ကလေးဝမြို့နယ် မင်းကင်းမြို့နယ် ကလေးခရိုင်တွင် ပါဝင်သည့် မြို့နယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ထိစပ်လျက်ရှိသော နယ်နမိတ်များကလေးခရိုင်၏ အနောက်ဘက်တွင် ဖလမ်းခရိုင် (ချင်းပြည်နယ်)၊ မြောက်ဘက်တွင် မော်လိုက်ခရိုင်၊ အရှေ့ဘက်တွင် ရွှေဘိုခရိုင်၊ တောင်ဘက်တွင် မုံရွာခရိုင်နှင့် ဂန့်ဂေါခရိုင် (မကွေးတိုင်းဒေသကြီး) တို့နှင့် အသီးသီး ထိစပ်လျက်ရှိသည်။ ကိုးကွယ်မှုကလေးခရိုင်တွင် ဗုဒ္ဓဘာသာ နှင့် ခရစ်ယာန် ဘာသာ ကိုးကွယ်မှုတို့ရှိသည်။ မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာကိုးကွယ်သူ အများအပြား နေထိုင်ရာ နေရာများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ မီဇိုးလူမျိုးများ၏ မြို့တော်ဟု ခေါ်ဆိုကြသည့် တာဟန်းရပ်ကွက် (ကလေးမြို့)တွင် နေထိုင်သူ ၉၉% ခန့်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူများ ဖြစ်ကြသည်။ တာဟန်းတွင် ခရစ်ယာန်ဘုရားကျောင်းပေါင်း ၅၀ ကျော် တည်ရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia