ဒီးမော့ဆိုမြို့နယ်
ဒီးမော့ဆိုမြို့နယ် သည် မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ ဒီးမော့ဆိုခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ဒီးမော့ဆိုမြို့ ဖြစ်သည်။ သမိုင်းကြောင်းဒီးမော့ဆိုမြို့နယ်ကို ၁၉၆၂ ခုနှစ် ဒီဇင်ဘာလတွင် ဒီးမော့ဆိုမြို့နယ်အဖြစ် စတင် ခေါ်ဆိုခဲ့သည်။ ၁၉၅၂ ခုနှစ်မတိုင်မီက နောင်ပုလဲလမ်းဟု ခေါ်ဆိုပြီး လူနေအိမ်များ မရှိသေးပေ။ ၁၉၅၂ ခုနှစ် နောက်ပိုင်းတွင် ကယားပြည်နယ်၊ ခရိုင်ဝန်ကြီး ဦးအေမြလေးက ဒီမောဆိုးမြို့နေရာတွင် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရင်း အိမ်နှင့် မွေးမြူရေးခြံများ ဆောက်လုပ်ခဲ့သည်။ ၁၉၅၅ ခုနှစ် နောက်ပိုင်းတွင် လေးအိမ်စုခြံဟု အမည်ပေးခဲ့ပြီး ဒီးမော့ဆိုပန်းခြံရိပ်သာနှင့် အခြားအိမ်ငယ်ကို ဆောက်လုပ်ခဲ့သည်။ ၁၉၇၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်ကို ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်စာဖြင့် ဖွဲ့စည်းခဲ့သည်။[၁]မြို့နယ်၏ တရားဝင်အမည်မှာ ဒီးမော့ဆိုဖြစ်သော်လည်း လွယ်ကူစွာဖြင့် ဒီမောဆိုးဟု ခေါ်လေ့ရှိကြသည်။ ![]() ပထဝီဝင်အနေအထားမြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၁၅ မိနစ်နှင့် ၁၉ ဒီဂရီ ၄၅ မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၀ ဒီဂရီ ၁၅ မိနစ်နှင့် ၉၇ ဒီဂရီ ၂၅ မိနစ်အကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ ၄၅၉.၆၃ စတုရန်းမိုင် (၁,၁၉၀.၄ စတုရန်း ကီလိုမီတာ) ဖြစ်သည်။[၂] အရှေ့မှ အနောက်သို့ ၃၁ မိုင်နှင့် တောင်မှ မြောက်သို့ ၃၅ မိုင်ခန့် ရှည်လျားသည်။ နယ်နိမိတ်ဒီးမော့ဆိုမြို့နယ်၏ အရှေ့ဘက်နှင့် မြောက်ဘက်တွင် လွိုင်ကော်မြို့နယ်၊ အနောက်ဘက်တွင် ရှမ်းပြည်နယ်ရှိ ဖယ်ခုံမြို့နယ်၊ တောင်ဘက်တွင် ဖရူးဆိုးမြို့နယ်နှင့် ဘော်လခဲမြို့နယ်တို့နှင့် နယ်နမိတ် ထိစပ်လျက်ရှိသည်။[၂] မြေမျက်နှာသွင်ပြင်ဒီးမော့ဆိုမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၉၈၂ပေတွင် တည်ရှိသည်။ တောင်ကုန်းတောင်တန်းများပေါများပြီး သစ်တောများ ဖုံးလွှမ်းလျက်ရှိသည်။ တောင်ပေါ်ဒေသဖြစ်ပြီး မြေပြန့်လွင်ပြင်နှင့် ချိုင့်ဝှမ်း အနည်းငယ်သာ ရှိသည်။ အမြင့်ဆုံးတောင်မှာ လွိုင်နန်းဖတောင်ဖြစ်ပြီး ပင်လယ်ရေ မျက်နှာပြင် အထက်အမြင့် ၅၀၁၀ ပေ ရှိကာ ကယားပြည်နယ်၏ အမြင့်ဆုံးတောင်ဖြစ်သည်။[၂] ![]() ရာသီဥတုဒီးမော့ဆိုမြို့နယ်သည် အေးမြစိုစွတ်သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၄ ဒီဂရီ စင်တီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန်မှာ ၆ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ ပုံမှန်မိုးရေချိန်မှာ ၃၀.၆၅ လက်မ ဖြစ်သည်။[၂] ရေဆင်းဒီးမော့ဆိုမြို့နယ်တွင် အနောက်မှ တောင်သို့ စီးဆင်းနေသော နန့်စံဖူးချောင်း၊ အနောက်မှ အရှေ့သို့ စီးဆင်းနေသော နန်းမယ်ခုံချောင်းနှင့် ဆင်တောင်ချောင်း၊ အနောက်မှ မြောက်သို့ စီးဆင်းနေသော ငွေတောင်ချောင်းတို့ ရှိသည်။[၂] လူဦးရေဒီးမော့ဆိုမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ကယားလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ဗမာ၊ရှမ်း၊ကရင်၊ရခိုင်၊ကချင်၊ချင်းနှင့် မွန်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာ၊ဟိန္ဒူ၊အစ္စလာမ်နှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်လူဦးရေ၏ ၀.၃၂%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် ဂေါ်ရခါးလူမျိုးများဖြစ်သည်။ ဒီးမော့ဆိုမြို့နယ်၏ ၂၀၁၈ ခုနှစ် မတ်လကုန်အထိ လူဦးရေမှာ ၈၆,၉၅၂ ဦး ဖြစ်သည်။[၁] စီးပွားရေးဒီးမော့ဆိုမြို့နယ်သည် ကယားပြည်နယ်အတွင်းရှိ စီးပွားရေးအရ အချက်အချာကျသောမြို့နယ်ဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ဆန်စပါး၊ ပြောင်း၊ မြေပဲနှင့် အခြားစားသုံးသီးနှံများဖြစ်ကာ အထက်မြန်မာပြည်သို့ အများဆုံးတင်ပို့ရောင်းချသည်။ မြို့နယ်အတွင်း စက်ရုံ၆၈ရုံ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း၁၄ခု တည်ရှိသည်။ ဈေးများ
ပို့ဆောင်ဆက်သွယ်ရေးဒီးမော့ဆိုမြို့နယ်သည် ကုန်းလမ်းများဆုံရာတွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော မြို့နယ်ဖြစ်သည်။တောင်ငူ-လိပ်သို-ယာဒို-လွိုင်ကော်-ဟိုပုံးလမ်းမှာ မြို့နယ်အတွင်း ဖြတ်သန်းသွားသည်။ ပညာရေးအခြေခံပညာအထကအထက်တန်းကျောင်း ၇ကျောင်းရှိသည်။
အထက(ခွဲ)/အလက
အမကမူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၁၀ကျောင်းရှိသည်။ [၁] ကျန်းမာရေးဒီးမော့ဆိုမြို့နယ်တွင် မြို့နယ်ဆေးရုံ ၁ ခု၊ တိုက်နယ်ဆေးရုံ ၃ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၇ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၂၉ ခု တည်ရှိသည်။[၁] ဆေးရုံများ
ထင်ရှားသော နေရာများဓာတ်ပုံများ
ကိုးကား
|
Portal di Ensiklopedia Dunia