အထက်မြန်မာပြည်

အထက်မြန်မာပြည် မှာ မြန်မာနိုင်ငံ အလယ်ပိုင်းအညာဒေသ နှင့်ထက်ပိုင်းဒေသများဖြစ်သည်။ မန္တလေးနှင့် သူ၏အဆက်အစပ် အလယ်ပိုင်းဒေသနှင့် မြောက်ပိုင်း၊ အရှေ့ပိုင်း တောင်တန်းဒေသများစွာ ဖြစ်သည်။ ထိုအခေါ်ကို အင်္ဂလိပ်များမှ စတင်ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်သည်။ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်အပြီး ၁၈၅၂ ခုနှစ်တွင် အောက်မြန်မာပြည်ကို အင်္ဂလိပ်များက သိမ်းယူထားပြီး အထက်မြန်မာပြည်ကို ဗမာမင်းက အုပ်ချုပ်နေသည်။အထက်မြန်မာပြည်သည် သမိုင်းအရ အဓိကအားဖြင့် ဗမာများဖြစ်ပြီး အောက်မြန်မာပြည်မှာ ၁၉ ရာစုမတိုင်ခင်အထိ မွန်စကားပြောရာဒေသ ဖြစ်သည်။ ကိုလိုနီခေတ်တွင် တောင်တန်းဒေသနှင့်ပေါင်းကာ အုပ်ချုပ်ရေးနယ်ပယ်တစ်ခုအဖြစ် ထားခဲ့သည်။

အထက်နှင့် အောက်ကို အချို့သောအစိုးရနယ်ပယ်တွင် တွင်ကျယ်စွာအသုံးပြုသေးသည်။ ဥပမာ- ပညာရေးဝန်ကြီးဌာနအဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန်မာပြည်)နှင့် အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)တို့ ဖြစ်သည်။ ဗမာစကားတွင် အထက်မြန်မာပြည်မှလူကို အညာသားနှင့် အောက်မြန်မာပြည်မှလူကို အောက်သားဟု ခေါ်သည်။

အထက်မြန်မာပြည်တွင် ကုန်းတွင်းပိုင်းဖြစ်သော ပြည်နယ်နှင့် တိုင်းဒေသကြီးများဖြစ်သည့် မန္တလေးတိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးချင်းပြည်နယ်ကချင်ပြည်နယ်ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ပါဝင်သည်။ အောက်မြန်မာပြည်တွင် ကမ်းရိုးတန်းဒေသများနှင့် တောင်ပိုင်းဒေသများ ပါဝင်သည်။ အထက်မြန်မာပြည်ရှိ အနိမ့်ပိုင်းလွင်ပြင်ဒေသများတွင် ဗမာလူမျိုးအများစုနေထိုင်ကြပြီး တောင်တန်းဒေသများတွင် ချင်းကချင်နှင့် ရှမ်းလူမျိုးများ နေထိုင်ကြသည်။ လူဦးရေ ၂၃ သန်းကျော်နေထိုင်ပြီး စိုက်ပျိုးမွေးမြူရေး၊ သဘာဝတွင်းထွက်များ ပေါကြွယ်ဝကာ၊ အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်ထိစပ်လျက်ရှိသည်။ မြန်မာနိုင်ငံရှိ အကြီးမြို့ ဆယ်မြို့တွင် ပါဝင်သော မန္တလေးတောင်ကြီးမုံရွာနှင့် မြစ်ကြီးနားတို့သည် အထက်မြန်မာပြည်တွင် တည်ရှိသည်။

ပထဝီဝင်

မြန်မာနိုင်ငံအထက်ပိုင်းသည် ပထဝီဝင်အနေအထားအရ ကွဲပြားပြီး မြောက်ဘက်တွင် ဟိမဝန္တာ တောင်တန်းနှင့် တိဗက်ကုန်းပြင်မြင့်၊ အနောက်ဘက်တွင် ရခိုင်ရိုးမ နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး ယင်းဒေသသည် မြန်မာနိုင်ငံအောက်ပိုင်း ရခိုင်ပြည်နယ်နှင့် ပိုင်းခြားထားသည်။ မြန်မာနိုင်ငံအထက်ပိုင်းသည် မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်ထွတ်ဖြစ်သော ခါကာဘိုရာဇီတည်ရှိရာ နေရာဖြစ်သည်။ ထိုဒေသသည် မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးဖြစ်သော ဧရာဝတီမြစ်စတင်မြစ်ဖျားခံရာဖြစ်ပြီး နိုင်ငံတလျောက် ဖြတ်သန်းစီးဆင်းနေသည်။ မြန်မာနိုင်ငံအထက်ပိုင်း အရှေ့ဘက်ခြမ်းကို ရှမ်းရိုးမတောင်တန်းများနှင့် သံလွင်မြစ်တို့က ဝန်းရံထားသည်။ ရခိုင်ရိုးမနှင့် ရှမ်းရိုးမတောင်တန်းများကြားတွင် မြေနိမ့်ပိုင်း အလယ်ပိုင်းလွင်ပြင်များ ('ဧရာဝတီမြစ်ဝှမ်း' ဟုလည်း ခေါ်တွင်သည်) တွင် ဗမာလူမျိုးများ အများစုနေထိုင်ကြသည်။

သမိုင်းကြောင်း

၁၀၄၄ ခုနှစ်တွင် အနော်ရထာမင်းသည် ယနေ့မြန်မာပြည် အထက်ပိုင်းဒေသတွင် ပုဂံဘုရင့်နိုင်ငံကို တည်ထောင်ခဲ့သည်။ မွန်ဂိုကျူးကျော်သိမ်းပိုက်မှုအပြီး ပုဂံဘုရင့်နိုင်ငံ ပြိုလဲသွားသည့်အခါ မြင်းစိုင်းဘုရင်ခံနိုင်ငံအဖြစ် တည်ရှိခဲ့သည်။ ၁၃၁၃ နှင့် ၁၃၁၅ ခုနှစ်တွင် ဘုရင်ခံနိုင်ငံအား ဘုရင့်နိုင်ငံနှစ်ခုအဖြစ် ပိုင်းခြားခဲ့သည်။ အထက်မြန်မာပြည်၏ မြောက်ပိုင်းဒေသသည် စစ်ကိုင်းဘုရင့်နိုင်ငံဖြစ်လာပြီး တောင်ပိုင်းဒေသသည် ပင်းယဘုရင့်နိုင်ငံဖြစ်လာသည်။ ၁၃၂၆ ခုနှစ်တွင် စစ်ကိုင်းနှင့် ပင်းယနိုင်ငံတို့ အင်းဝဘုရင့်နိုင်ငံ ပြန်လည်ပေါင်းစည်းခဲ့သည်။ အင်းဝနိုင်ငံဘုရင့်နိုင်ငံအား အင်းဝ၊ ပြည်နှင့် တောင်ငူဟူသော နယ်မြေ၃ခုဖြင့် ဖွဲ့စည်းခဲ့သည်။ ပြည်ဘုရင့်နိုင်ငံနှင့် တောင်ငူမင်းဆက် တို့သည် ၁၄၈၂ ခုနှစ်နှင့် ၁၅၁၀ ခုနှစ်တွင် အင်းဝဘုရင့်နိုင်ငံမှ လွတ်လပ်ရေးရရှိခဲ့သည်။ လွတ်လပ်သော တောင်ငူမင်းဆက်သည် ၁၅၄၂ ခုနှစ်တွင် ပြည်ဘုရင့်နိုင်ငံနှင့် ၁၅၅၅ ခုနှစ်တွင် အင်းဝဘုရင့်နိုင်ငံကို သိမ်းပိုက်ခဲ့သည်။ ထို့နောက်အင်းဝသည် တောင်ငူမင်းဆက်၏ နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။ ၁၇ ရာစုနှောင်းပိုင်းတွင် ပြည်မြို့နှင့် တောင်ငူမြို့များအား အင်းဝသို့ ထည့်သွင်းခဲ့သည်။ ၁၇၆၂ တွင် အင်းဝသည် အညာ‌ဒေသအနေဖြင့် ကုန်းဘောင်မင်းဆက်၏နယ်‌မြေဖြစ်လာသည်။ ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲတွင် စစ်ရှုံးပြီးနောက် အင်္ဂလိပ်တို့က ပြည်မြို့နှင့် တောင်ငူမြို့တို့ကို အညာမှ သိမ်းပိုက်ခဲ့သည်။ ၁၈၈၅ ခုနှစ်တွင် ကုန်းဘောင်မင်းဆက်ကျဆုံးပြီးနောက် ဗြိတိသျှတို့က အညာဒေသကို အပိုင်းသစ်သုံးပိုင်းခွဲခဲ့သည်။ မကွေးတိုင်းမန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့ ဖြစ်သည်။ အင်္ဂလိပ်တို့က ချင်းတောင်တန်းများကို မကွေးတိုင်းသို့လည်းကောင်း ကချင်တောင်တန်းများကို စစ်ကိုင်းတိုင်းအတွင်းသို့လည်းကောင်း ထည့်သွင်းခဲ့သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် မြန်မာအစိုးရသည် ကချင်ပြည်နယ်နှင့် ချင်းဝိသေသတိုင်းတို့ကို ထူထောင်ခဲ့သည်။

၁၈၈၅ခုနှစ် မြန်မာပြည်မြေပုံ။ လိမ္မော်ရောင်မှာ ဗြိတိသျှတို့ မကြာသေးခင်က သိမ်းပိုက်ထားသော သီပေါမင်းအုပ်ချုပ်ခဲ့သည့်အထက်မြန်မာပြည်ဖြစ်ပြီး ပန်းရောင်မှာ အောက်မြန်မာပြည်ဖြစ်သည်။ အစိမ်းရောင်မှာ ရှမ်းစော်ဘွားနယ်များနှင့် သီပေါမင်း၏ ပိုင်နက်မဟုတ်သော လွတ်လပ်သည့် မျိုးနွယ်စုနယ်မြေများဖြစ်သည်။ (၁၈၈၅ ခုနှစ်)

'အထက်မြန်မာပြည်' (Upper Burma) ဟူသော ဝေါဟာရကို ဗြိတိသျှတို့က ၁၈၅၂ မှ ၁၈၈၅ ခုနှစ်အကြား မြန်မာနိုင်ငံ၏ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများကို ရည်ညွှန်းရာတွင် ပထမဆုံး အသုံးပြုခဲ့သည်။[] ၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးတွင် အောက်မြန်မာပြည်သည် ဗြိတိသျှအင်ပါယာအောက် ကျရောက်ခဲ့ကာ အထက်မြန်မာပြည်မှာ ၁၈၈၅ ခုနှစ် တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲမတိုင်မီအထိ ကုန်းဘောင်မင်းဆက်၏ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့သည်။

၂၀၂၁ခုနှစ်တွင် ပြည်တွင်းစစ်ဖြစ်ပွားသောအခါနောက် အထက်မြန်မာပြည်သည် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ရှိနေခြင်းကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်အောက်ခံ တပ်မတော်အား ဆန့်ကျင်ခုခံမှုအားကောင်းသည့် ဒေသဖြစ်လာသည်။[]

လူဦးရေ

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အထက်မြန်မာပြည်တွင် လူဦးရေ ၂၃,၃၅၄,၁၉၉ ဦး နေထိုင်ကာ မြန်မာတစ်နိုင်ငံလုံး လူဦးရေ၏ ၄၆% ဖြစ်သည်။[] အထက်မြန်မာပြည် လူဦးရေ၏ ၇၅% မှာ ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ဖြစ်သည်။

ပြည်နယ်/တိုင်းဒေသကြီး မြို့ပြ ကျေးလက် စုစုပေါင်း %
 မန္တလေး ၂,၁၄၃,၄၃၆ ၄,၀၂၂,၂၈၇ ၆,၁၆၅,၇၂၃ ၂၆%
 ရှမ်း ၁,၃၉၅,၈၄၇ ၄,၄၂၈,၅၈၅ ၅,၈၂၄,၄၃၂ ၂၅%
 စစ်ကိုင်း ၉၁၁,၃၃၅ ၄,၄၁၄,၀၁၂ ၅,၃၂၅,၃၄၇ ၂၃%
 မကွေး ၅၈၈,၀၃၁ ၃,၃၂၉,၀၂၄ ၃,၉၁၇,၀၅၅ ၁၇%
 ကချင် ၅၉၂,၃၆၈ ၁,၀၅၀,၄၇၃ ၁,၆၄၂,၈၄၁ ၇%
 ချင်း ၉၉,၈၀၉ ၃၇၈,၉၉၂ ၄၇၈,၈၀၁ ၂%
စုစုပေါင်း ၅,၇၃၀,၈၂၆ ၁၇,၆၂၃,၃၇၃ ၂၃,၃၅၄,၁၉၉ ၁၀၀%


ဆက်စပ်ကြည့်ရှုရန်

ကိုးကား

  1. Upper Burma | region, Myanmar (in en)။ 2023-03-04 တွင် ပြန်စစ်ပြီး။
  2. The Closing Window Problem Facing Myanmar's Pro-Democracy Forces (in en)။ 2023-03-04 တွင် ပြန်စစ်ပြီး။
  3. 2014 Census Data


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya