ဖားဆောင်းမြို့နယ်
ဖားဆောင်းမြို့နယ် သည် မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ ဘော်လခဲခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ဖားဆောင်းမြို့ ဖြစ်သည်။ သမိုင်းကြောင်းသံလွင်မြစ်နှင့် ပွန်ချောင်းဆုံရာအရပ်၏ အထက်ဘက်တွင် ကြီးမားသော ကျောက်ဖျာတစ်ချပ် စောင်းလျက်ရှိသည်ကို အစွဲပြု၍ ဖာဆောင်းဟု ခေါ်ဝေါ်ခဲ့သည်။ ရှမ်းဘာသာစကားဖြင့် ဖာ ဆိုသည်မှာ ကျောက်ဖျာနံရံ ဖြစ်သည်။ ဖားဆောင်းမြို့နေရာတွင် အိမ်ခြေ ၁၄-၁၅ အိမ်ဖြင့် စတင်နေထိုင်ခဲ့ကြသည်။ ၁၉၇၁ ခုနှစ်တွင် ခဲမဖြူရွာ မီးလောင်ပျက်စီးသောအခါ မီးဘေးဒုက္ခသည်များ ဖားဆောင်းရွာသို့ ပြောင်းရွှေ့အခြေချလာရာမှ အိမ်ခြေများပြားလာကာ မြို့အဖြစ် ပေါ်ပေါက်လာခဲ့သည်။ ၁၉၇၂ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ဖားဆောင်းမြို့နယ်ကို ကျေးရွာအုပ်စု ၁၂ စု၊ ကျေးရွာပေါင်း ၇၂ ရွာဖြင့် ဖွဲ့စည်းခဲ့သည်။ ၁၉၉၀ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် ဖားဆောင်းမြို့နယ်အတွင်းရှိ မယ်စဲ့ကျေးရွာကို မြို့အဖြစ် တိုးချဲ့ဖွဲ့စည်းလိုက်သဖြင့် ဖားဆောင်းမြို့နယ်တွင် ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၈ ခု၊ ကျေးရွာငယ် ၅၇ ရွာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၈ ခု၊ ကျေးရွာ ၅၅ ရွာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။[၁] ပထဝီဝင်တည်နေရာအကျယ်အဝန်းဖားဆောင်းမြို့နယ်သည် မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၃၀ မိနစ် မှ ၁၉ ဒီဂရီ ၁၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၅၇ မိနစ် မှ ၉၇ ဒီဂရီ ၄၅ မိနစ်အကြားတွင် တည်ရှိပြီး မြို့နယ် ၏ အကျယ်အဝန်းမှာ ၆၂၉.၄၄ စတုရန်းမိုင် (၁,၆၃၀.၂ စတုရန်း ကီလိုမီတာ) ဖြစ်သည်။[၂] နယ်နိမိတ်ဖားဆောင်းမြို့နယ်၏ အရှေ့ဘက်တွင် မယ်စဲ့မြို့နယ်နှင့် အနောက်ဘက်တွင် ကရင်ပြည်နယ်ရှိ သံတောင်ကြီးမြို့နယ်၊ တောင်ဘက်တွင် ကရင်ပြည်နယ်ရှိ ဖာပွန်မြို့နယ်၊ မြောက်ဘက်တွင် ဘော်လခဲမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက် ရှိသည်။[၂] မြေမျက်နှာ သွင်ပြင်ဖားဆောင်းမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၅၃၇ ပေတွင် တည်ရှိသည်။ သံလွင်မြစ်ဝှမ်းနှင့် တောင်ကြားလွင်ပြင်များတွင်သာ မြေညီမြေပြန့်ရှိပြီး ကျန်ဒေသများမှာ တောင်ကုန်း တောင်တန်း တောင်စွယ်များနှင့် ချောက်ကမ်းပါးများ ဖြစ်သည်။ အမြင့်ဆုံးတောင်မှာ မော်ချီးကျေးရွာနှင့် ၇ မိုင်အကွာရှိ နတ်တောင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက်အမြင့် ၈၆၀၇ ပေ ရှိသည်။[၂] ရေဆင်းဖားဆောင်းမြို့နယ်တွင် သံလွင်မြစ်နှင့် တောင်ကျချောင်း ၉ ချောင်း စီးဆင်းလျက်ရှိပြီး အရှည်ဆုံးမြစ်မှာ သံလွင်မြစ်ဖြစ်၍ ဖားဆောင်းမြို့ကို ဖြတ်သန်း၍ ကရင်ပြည်နယ်သို့ စီးဆင်းလျက်ရှိသည်။[၂] ရာသီဥတုဖားဆောင်းမြို့နယ်သည် အပူပိုင်းမုတ်သုံရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၀ ဒီဂရီ စင်တီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန်မှာ ၈ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ ပုံမှန်မိုးရေချိန်မှာ ၄၀.၀၂ လက်မ ဖြစ်သည်။[၂] လူဦးရေဖားဆောင်းမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ကရင်လူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ဗမာ၊ရှမ်း၊ကယား၊ရခိုင်၊မွန်၊ချင်းနှင့် ကချင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာ၊အစ္စလာမ်နှင့် ဟိန္ဒူကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်လူဦးရေ၏ ၀.၃၂%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊ဘင်္ဂလားဒေရှ့်၊အိန္ဒိယ၊ပါကစ္စတန်နှင့် အခြား စသည့်လူမျိုးများဖြစ်သည်။ ဖားဆောင်းမြို့နယ်တွင် ၂၀၁၈ ခုနှစ် မတ်လ စာရင်းများအရ လူဦးရေမှာ ၂၂,၈၆၈ ဦး ဖြစ်သည်။[၁] စီးပွားရေးဖားဆောင်းမြို့နယ်သည် ကယားပြည်နယ်အတွင်းရှိ စီးပွားရေး အသင့်အတင့် ကောင်းမွန်သော မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိက ထွက်ကုန်မှာ ခဲ၊ သတ္တုဖြစ်ကာ အစိုးရ၏ သတ္တုတွင်းဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပို့ရောင်းချသည်။ မြို့နယ်အတွင်း အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၅ခုတည်ရှိသည်။[၁] ပို့ဆောင်ဆက်သွယ်ရေးဖားဆောင်းမြို့နယ်သည် လွိုင်ကော်-ဖားဆောင်း-မော်ချီး၊ မယ်စဲ့-ဖားဆောင်း-လွိုင်ကော် လမ်းမပေါ်တွင် တည်ရှိသောကြောင့် လမ်းပန်းဆက်သွယ်ရေး အသင့်အတင့် ကောင်းမွန်သည်။[၁] ပညာရေးအခြေခံပညာအထကအထက်တန်းကျောင်း ၂ကျောင်းရှိသည်။
အထက(ခွဲ)/အလက
အမကမူလတန်း ၂၂ကျောင်းရှိသည်။ [၁] ကျန်းမာရေးဖားဆောင်းမြို့နယ်တွင် မြို့နယ်ဆေးရုံ ၁ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၂ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၈ ခု ရှိသည်။[၁] ကိုးကား
|
Portal di Ensiklopedia Dunia