နိုင်ငံတော်ကောင်စီ
ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ကောင်စီကို အဖွဲ့ဝင် ၂၉ဦးဖြင့် ဖွဲ့စည်းသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြည်နယ်နှင့် တိုင်းအလိုက် မိမိတို့အထဲမှ တဦးကျစီ ရွေးချယ်တင်မြှောက်လိုက်သော နိုင်ငံတော် ကောင်စီဝင်တစ်ဆယ့်လေးဦး၊ လွှတ်တော်မှ ရွေးချယ်တင်မြှောက်လိုက်သော နိုင်ငံတော်ကောင်စီဝင် တစ်ဆယ့်လေးဦး၊ ဝန်ကြီးအဖွဲ့မှ ဝန်ကြီးချုပ်တစ်ဦးတို့ဖြစ်သည်။ ရွေးချယ်ခြင်းခံရသော ကောင်စီဝင်များသည် မိမိတို့အထဲမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးကို ရွေးချယ်ကာ ပြည်သူ့လွှတ်တော်သို့ အတည်ပြုချက် ရယူရသည်။ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌသည် သမ္မတဖြစ်သည်။ နိုင်ငံတော်ကောင်စီတွင် ပြည်နယ်နှင့်တိုင်း အားလုံးမှ ကိုယ်စားပြုပါဝင်နိုင်ရန် သတ်မှတ်ထားသည်။[၂][၃] နိုင်ငံတော်ကောင်စီမှ ချမှတ်လိုက်သော ဆုံးဖြတ်ချက်များကို ဝန်ကြီးအဖွဲ့မှ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးအဖွဲ့နှင့် ကောင်စီအကြား လွယ်ကူစွာဆက်သွယ်နိုင်ရန် ဝန်ကြီးအဖွဲ့မှ ဝန်ကြီးချုပ်ကို ကောင်စီဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းထားသည်။ နိုင်ငံတော်ကောင်စီ၏သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းအတိုင်းဖြစ်ကာ နိုင်ငံတော်သမ္မတ၏ သက်တမ်းသည်လည်း ကောင်စီ၏ သက်တမ်းအတိုင်းဖြစ်သည်။ ပြည်သူ့လွှတ်တော်သက်တမ်းကုန်ဆုံးပြီး နောက်ထပ်နိုင်ငံတော်ကောင်စီအသစ်ရွေးချယ်ပြီးစီးသည့်အချိန်တွင် နိုင်ငံတော်ကောင်စီအသစ်ကို လွှဲပြောင်းပေးရသည်။ တာဝန်နှင့် ဝတ္တရားများနိုင်ငံတော်ကောင်စီသည် ပြည်သူ့လွှတ်တော်သို့ အစီရင်ခံရသည်။ ပြည်သူ့လွှတ်တော်အစည်းအဝေးခေါ်ရန်လိုအပ်လျှင် လွှတ်တော်သဘာပတိအဖွဲ့နှင့် ညှိနှိုင်း၍ ခေါ်ယူနိုင်သည်။ လွှတ်တော်ကပြဋ္ဌာန်းလိုက်သော ဥပဒေ၊ နည်းဥပဒေများကို ထုတ်ပြန်ရသည်။ အခြားသော ဗဟိုအာဏာပိုင်အဖွဲ့များဖြစ်ကြသည့် ဝန်ကြီးအဖွဲ့၊ပြည်သူ့တရားသူကြီးအဖွဲ့၊ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၊ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့များကို လွှတ်တော်ကရွေးချယ်နိုင်ရန်အတွက် နိုင်ငံတော်ကောင်စီဝင်များကစုပေါင်း၍ လွှတ်တော်ကိုယ်စားလှယ်များထဲမှရွေးချယ်ကာ အမည်စာရင်းတင်သွင်းရသည်။ ထို့အတူ လွှတ်တော်ရေးရာကော်မီတီများကိုလည်း ထိုအတိုင်း ရွေးချယ်ပေးရသည်။ နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန်ရေးရာကိစ္စများ ဆောင်ရွက်နိုင်သည်။ လွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံတကာ စာချုပ်ကိစ္စများ ဆောင်ရွက်နိုင်သည်။ ပြည်ပနိုင်ငံများ၏ ကျူးကျော်ခြင်းခံရလျှင် ပြည်သူ့လွှတ်တော်ကို အစီရင်ခံပြီး စစ်ရေးအရလိုအပ်သလို ဆောင်ရွက်နိုင်သည်။ နိုင်ငံအတွင်း လိုအပ်ပါကလည်း အရေးပေါ်အခြေအနေကြေညာကာ ဆောင်ရွက်နိုင်သည်။ အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲများ မလုပ်နိုင်ပါက ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီများ၏သက်တမ်းကို တစ်ကြိမ်လျှင် ၆လဖြင့် ၃ကြိမ်သက်တမ်းတိုးပေးနိုင်သည်။ ဝန်ထမ်းအဖွဲ့အစည်းများ ဖွဲ့စည်းရေးကို ဆောင်ရွက်နိုင်သည်။[၄] ကောင်စီဥက္ကဋ္ဌများကိုးကား
|
Portal di Ensiklopedia Dunia