ပြည်သူ့လွှတ်တော် (၁၉၇၄)
ပြည်သူ့လွှတ်တော် (အင်္ဂလိပ်: People's Assembly) သည် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၏ တစ်ခုတည်းသော ဥပဒေပြုလွှတ်တော်ဖြစ်သည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ ဖျက်သိမ်းခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ပြည်ထောင်စုတော်လှန်ရေးကောင်စီအဖွဲ့မှ အာဏာရယူပြီးနောက် ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ဥပဒေပြုလွှတ်တော် ဟူ၍ မရှိခဲ့ဘဲ တော်လှန်ရေးကောင်စီမှသာ အုပ်ချုပ်ခဲ့သည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၄)အရ ပြည်သူ့လွှတ်တော်သည် နိုင်ငံတော်၏ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်သည်။ နိုင်ငံတော်ကောင်စီနှင့် ဗဟိုအာဏာပိုင်အဖွဲ့အစည်းများကို ပြည်သူ့လွှတ်တော်ကဖွဲ့စည်းပေးရသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဝင်များသည် ပြည်သူ့လွှတ်တော် အဖွဲ့ဝင်များ ဖြစ်ကြသည်။[၁] လွှတ်တော်၏သက်တမ်းမှာ လေးနှစ်ဖြစ်သည်။ အစည်းအဝေးကျင်းပရာနေရာပြည်သူ့လွှတ်တော်အစည်းအဝေးကို ရန်ကုန်မြို့ရှိ ပြည်သူ့လွှတ်တော်အဆောက်အဦး (ယခု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အဆောက်အဦး)၌ ကျင်းပသည်။ ![]() အခွင့်အာဏာပြည်သူ့လွှတ်တော်သည် နိုင်ငံတော်၏ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်သည့်အားလျော်စွာ အောက်ပါအဖွဲ့အစည်းများကို ဖွဲ့စည်းပေးရသည်။[၂][၃]
သဘာပတိအဖွဲ့လွှတ်တော်ကိုကြီးကြပ်ရန်အတွက် လွှတ်တော်အစည်းအဝေး တစ်ကြိမ်စတိုင်း သဘာပတိအဖွဲ့ဝင်များကို ရွေးချယ်ရသည်။ ပထမဆုံးအကြိမ်ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် ယာယီသဘာပတိကို ဦးစွာရွေးချယ်ပြီးမှ သဘာပတိအဖွဲ့ကို ဆက်လက်ရွေးချယ်သည်။ ပြည်နယ်နှင့် တိုင်း တခုစီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်နယ်နှင့်တိုင်း အလိုက် မိမိတို့အထဲမှ သဘာပတိအဖွဲ့ဝင် တဦးကျစီကို ရွေးချယ်တင်မြှောက်ရသည်။ သဘာပတိအဖွဲ့ဝင်များသည် လွှတ်တော်အစည်းအဝေး ကျင်းပသည့်နေ့များတွင် ပြည်နယ် နှင့် တိုင်းအမည် အက္ခရာစဉ်အလိုက် အလှည့်ကျ သဘာပတိများအဖြစ် တာဝန်ယူဆောင်ရွက်ကြရသည်။[၄] နိုင်ငံတော်ကောင်စီပြည်သူ့လွှတ်တော်သည် အဖွဲ့ဝင် ၂၉ဦးပါဝင်သော နိုင်ငံတော်ကောင်စီကို ဖွဲ့စည်းပေးရသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြည်နယ်နှင့် တိုင်းအလိုက် မိမိတို့အထဲမှ တဦးကျစီ ရွေးချယ်တင်မြှောက်လိုက်သော နိုင်ငံတော် ကောင်စီဝင်တစ်ဆယ့်လေးဦး၊ လွှတ်တော်မှ ရွေးချယ်တင်မြှောက်လိုက်သော နိုင်ငံတော်ကောင်စီဝင် တစ်ဆယ့်လေးဦး၊ ဝန်ကြီးအဖွဲ့မှ ဝန်ကြီးချုပ်တစ်ဦးတို့ဖြစ်သည်။ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌသည် သမ္မတဖြစ်သည်။ ဗဟိုအာဏာပိုင်အဖွဲ့အစည်းများလွှတ်တော်မှ ချမှတ်ထားသော လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရန်အတွက် ဝန်ကြီး အဖွဲ့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အနည်းဆုံးတဆယ့်ငါးဦးမှ အများဆုံး နှစ်ဆယ့်ငါးဦးဖြင့် ဖွဲ့စည်းရသည်။ ပြည်သူ့တရားသူကြီးအဖွဲ့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အနည်းဆုံး ငါးဦးမှ အများဆုံး ကိုးဦးဖြင့် ဖွဲ့စည်းရသည်။ ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး ငါးဦးမှ အများ ဆုံး ကိုးဦးဖြင့် ဖွဲ့စည်းရသည်။ ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး ငါးဦးမှ အများဆုံး ကိုးဦးဖြင့် ဖွဲ့စည်းရသည်။ ထိုအဖွဲ့များအတွက် အဖွဲ့ဝင်အရေအတွက်ကို ရွေးချယ်ထားပြီးဖြစ်သော နိုင်ငံတော်ကောင်စီက သတ်မှတ်သည်။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကော်မီတီနိုင်ငံတော်ကောင်စီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးမှအပ ကျန်ကောင်စီဝင်များမှလေးဦး၊ ဝန်ကြီးအဖွဲ့မှ ဝန်ကြီးချုပ်၊ကာကွယ်ရေး၊နိုင်ငံခြားရေး၊ပြည်ထဲရေး၊ ဘဏ္ဍာရေးနှင့် သက်ဆိုင်သောဝန်ကြီးများ စုစုပေါင်း ၉ဦးပါဝင်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia