နေတိုးအဖွဲ့၏ စစ်ဘက်ရာထူးများနေတိုးအဖွဲ့သည် စစ်ဖက်မဟာမိတ်အဖွဲ့ ဖြစ်သည့်အလျောက် နိုင်ငံအသီးသီးမှ တပ်မတော်များပါဝင်ကြသည်။ ထိုတပ်မတော်များ၏ ရာထူးအဆင့်အတန်းကို တန်းတူဖြစ်စေရန် နေတိုးအဖွဲ့အနေဖြင့် ဖန်တီးပေးရသည်။ သတ်မှတ်ပုံ၁၉၇၈ ခုနှစ်တွင် နေတိုးအဖွဲ့သည် နိုင်ငံအသီးသီးမှ တပ်မတော်များ၏ ရာထူးအဆင့်များကို တန်းတူဖြစ်စေရန်အလို့ငှာ "STANAG 2116" အမည်ရှိသော စာတမ်းတစ်စောင်ကို ထုတ်လုပ်ခဲ့၍ "စံပြုအဆင့်အတန်းစကေး" ဟူ၍သတ်မှတ်ခဲ့သည်။ ပြန်တမ်းဝင်အရာရှိများပြန်တမ်းဝင်အရာရှိများအတွက် အဆင့်စကေးကို အိုအက်ဖ်-၁ မှ အိုအက်ဖ်-၁၀ အထိသတ်မှတ်သည်။ အိုအက်ဖ် (OF) သည် "officer" ကို အတိုချုံ့ယူထားခြင်းဖြစ်သည်။[၁]
အရာခံဗိုလ်များနိုင်ငံအများစုတွင် အရာခံဗိုလ်ရာထူးကို အခြားအဆင့်အဖြစ် ထည့်သွင်းသော်လည်း အမေရိကန်ပြည်ထောင်စု၏ တပ်မတော်များ၌ အရာခံဗိုလ်ရာထူးကို သီးခြားထားရှိထားသည်။ အရာခံဗိုလ်ရာထူးကို WO-1 မှ WO-5 အထိ သတ်မှတ်ထားသည်။ အခြားအဆင့်များအခြားအဆင့်များအတွက် အဆင့်စကေးကို အိုအာ ၁ မှ ၉ အထိ သတ်မှတ်သည်။ အိုအာ (OR) သည် "other ranks" ကို အတိုချုံ့ယူထားခြင်းဖြစ်သည်။[၃]
မြန်မာ့တပ်မတော်နှင့် နှိုင်းယှဉ်ချက်
ဆက်စပ်ဖတ်ရန်
ကိုးကား
|
Portal di Ensiklopedia Dunia