ဗိုလ်ချုပ်မှူးကြီး
ဗိုလ်ချုပ်မှူးကြီး (အင်္ဂလိပ်: Senior General) အဆင့်သည် မြန်မာ့တပ်မတော်၏ သတ်မှတ်ထားသော အမြင့်ဆုံးတိုးမြှင့်နိုင်သည့် အဆင့်ဖြစ်သည်။ အနောက်တိုင်းအသုံးအနှုန်းတွင် ဖီးမာရှယ် (Field Marshal) သို့မဟုတ် "General of the Army" အဆင့်နှင့် တူညီသည်။ တစ်နည်းအားဖြင့် နေတိုးအဖွဲ့၏ အဆင့်စကေးအရ OF-10 အဆင့် သို့မဟုတ် ကြယ်ငါးပွင့်အဆင့်ဖြစ်သည်။ တပ်မတော်တွင် အမြင့်ဆုံးခန့်အပ်သည့် ရာထူးတာဝန်ဖြစ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ ရရှိသောအဆင့်ဖြစ်သည်။ ထူးခြားစွာဖြင့် ထိုရာထူး၏ဒုတိယအဆင့်မှာ ဒုတိယဗိုလ်ချုပ်မှူးကြီးဖြစ်လာသည်။ အဆောင်ယောင်များဗိုလ်ချုပ်မှူးကြီးရာထူးသည် တပ်မတော် (ကြည်း) ၌သာရှိသော်လည်း ထိုရာထူးကိုရရှိသောသူသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်နေသည့်အလျောက် ကြည်း၊ ရေ၊ လေ ယူနီဖောင်းသုံးမျိုးစလုံးကို ဝတ်ဆင်နိုင်သည်။[၁][၂]
သမိုင်းကြောင်း၁၉၉၀ ပြည့်နှစ် တွင် တပ်မတော်ကို တိုးချဲ့ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့ရာတွင် ရာထူးတာဝန်များပြင်ဆင်ဖွဲ့စည်းရာ ၁၉၉၀ မတ်လ ၁၈ ရက်နေ့တွင် ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်သည် မိမိကိုယ်ကို ဗိုလ်ချုပ်ကြီးအဆင့်မှ ဗိုလ်ချုပ်မှူးကြီးအဆင့်သို့ ရာထူးတိုးမြှင့်ခဲ့သည်။[၆] ထို့ကြောင့်သူသည် ဗိုလ်ချုပ်မှူးကြီးရာထူးရယူခဲ့သည့် ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးအဆင့်ရရှိခဲ့သူများ
ဒုတိယဗိုလ်ချုပ်မှူးကြီး![]() ဒုတိယဗိုလ်ချုပ်မှူးကြီး (Vice Senior General) သည် ဗိုလ်ချုပ်ကြီးနှင့်ဗိုလ်ချုပ်မှူးကြီး အဆင့်တို့ကြား၌ဖြစ်၍ မြန်မာ့တပ်မတော်၌သာ ရှိသောရာထူးအသစ်ဖြစ်သည်။ လက်ရှိတပ်မတော်တွင်ထိုရာထူးကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)တာဝန်တို့ကို ပူးတွဲတာဝန်ယူသောသူများကရရှိသည်။ ခြွင်းချက်အနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခါစအချိန်တွင် ဗိုလ်ချုပ်ကြီး အဆင့်သာဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်မှူးကြီး၊ ၂၀၁၃ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး အဆင့်များ ရယူခဲ့သည်။
ဆက်စပ်ကြည့်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia