နျူကလီးယား အပြင်းစက်
![]()
နျူကလီးယား အပြင်းစက်သည် လျှပ်စစ်သံလိုက်ဓာတ်၊ နျူကလီးယား အပျော့စက်နှင့် ဒြပ်ဆွဲမှုတို့နှင့်အတူ အခြေခံ သက်ရောက်မှုကြီး ၄ ခုထဲမှ တစ်ခုအပါဝင်ဖြစ်သည်။ ၁၀−၁၅ မီတာ အတိုင်းအတာ၌ ဤအပြင်းစက်သည် လျှပ်စစ်သံလိုက်ဓာတ်ထက် အဆပေါင်း ၁၃၇ နီးပါးခန့်၊ အားနည်းစွာ အချင်းချင်းသက်ရောက်မှုထက် အဆပေါင်း တစ်သိန်း၊ ဒြပ်ဆွဲငင်အားထက် အဆပေါင်း ၁၀၃၈ ပိုမိုများပြားသည်။[၁] ကွာ့ခ်များကို စုစည်းလျက် နျူကလီယွန်များကို ဖြစ်ပေါ်စေသကဲ့သို့ ၎င်းနျူကလီယွန်များကို ထပ်မံစုစည်းလျက် အက်တမ့် ဗဟိုဆံ ဖြစ်ပေါ်စေသည်မှာလည်း ဤ နျူကလီးယား အပြင်းစက် ဟု ဆိုနိုင်သည်။ ဤ အခြေခံသက်ရောက်မှိုကို ဖော်ဆောင်သူ ဘိုဇွန် ၂မျိုး တွေ့ရသည်။ ၁ မှ ၃ ဖန်တိုမီတာခန့်မျှသော တိုင်းဝန်းတာ(scale) တွင် နျူကလီယွန်တို့ကို အက်တမ်ဗဟိုဆံအဖြစ် စုစည်းပေးနေသည်မှာ မေဇွန်များက ဖြစ်သည်။ (၎င်းမေဇွန် တစ်ခုချင်းမှာ ကွာ့ခ်၂ခု စုစည်းထားခြင်းဟု နားလည်နိုင်သည်။) ပိုသေးငယ်သည့် ၀.၈ ဖန်တိုမီတာခန့်သော တိုင်းဝန်းတာအတွင်း ကွာ့ခ်များကို ၃ခု၁စု စုစည်းလျက် နျူကလီယွန် ဖြစ်ပေါ်စေသည်မှာ ဖော်ဆောင်သူ ဂလူယွန် (gluon) အမှုန် ဖြစ်လေသည်။ [၂] ထို့ကြောင့် နျူကလီးယားအပြင်းစက်ကို အရင်းခံ ဖော်ဆောင်သူ ဘိုဇွန်မှာ ဂလူယွန်ပင် ဖြစ်သည်။ ၎င်း၏ သဘောတရားက အရောင်ဓာတ် (color charge) ရှိသော အရာများကို ပေါင်းစည်းပေးခြင်း ဖြစ်သဖြင့် ဤနျူကလီးယားအားအပြင်းကို အရောင်အား (color force) ဟုလည်း ခေါ်နိုင်သည်။
ကိုးကား
ထပ်မံဖတ်ရန်
|
Portal di Ensiklopedia Dunia