အခြေခံ သက်ရောက်မှုကြီးရူပဗေဒအရ လောက (Universe) တွင် အခြေခံ သက်ရောက်မှုကြီး (the Fundamental Interaction) ၄မျိုး ရှိသည်။[၁]
(ဤတွင် ထည့်သုံးသော "စက်" မှာ machine ကို မဆိုလိုဘဲ mechanism ကို ဆိုလိုသည်။ မြန်မာစာပေ၏"အာဏာစက်"၊ "ဆောင်းစက်ရိပ်ခို ရေတွက်လို့ ဆိုတော့မည်" စသည်တို့၌ တွေ့ရသည်မျိုးကို မှီငြမ်း၏။) ရှင်းလင်းချက်ဖြစ်ပျက်သမျှသော သဘာဝအလုံးစုံ၏ အခြေခံ ဖြစ်သောကြောင့် အခြေခံ သက်ရောက်မှုကြီးများဟု ခေါ်သည်။ နေ့စဉ်ဘဝ၌ တွေ့ရသော ပစ္စည်းများ မြေပြင်သို့ ပြေးကပ်ခြင်းသည် ဒြပ်ဆွဲမှု(Gravity) ကြောင့် ဖြစ်ပေါ်သည်။ ပြုတ်မကျစေရန် ချိတ်ဆွဲမှုသည် ကြိုး၏ တင်းခံမှုကြောင့် အထမြောက်မည်တွင် ၎င်းတင်းခံမှုက ကြိုးအတွင်းရှိ အက်တမ်အောက်အမှုန်များ၏ အပြန်အလှန် သက်ရောက်မှုကြောင့် ဖြစ်ပြီး ၎င်းသက်ရောက်မှုတို့မှာ လျှပ်စစ်သံလိုက်ဓာတ် (Electromagnetism) ကြောင့် ဖြစ်ပေါ်သည်။ ဝိုင်ယာကြိုးထဲတွင် လျှပ်စီးဖြစ်ပေါ်ခြင်း၊ သံလိုက်တုံး အချင်းချင်း ဆွဲငင်ခြင်း၊ တွန်းကန်ခြင်း တို့ချည်းကသာ လျှပ်စစ်သံလိုက်ဓာတ် မဟုတ်ဘဲ ဘောလုံးတစ်လုံးက နံရံတစ်ခုကို ဖောက်မထွက်ဘဲ ပြန်ကန်ခြင်းသည်လည်း အမှုန်အချင်းချင်းကြား လျှပ်စစ်သံလိုက်ဓာတ်ဆိုင်ရာ သက်ရောက်မှုကြောင့် ဖြစ်သည်။[၂]
အက်တမ်အတွင်းရှိ နျူကလီယွန်များ ဖြစ်ပေါ်နိုင်မှုသည် နျူကလီးယား အပြင်းစက် (Nuclear Strong Interaction) ကြောင့် ဖြစ်သည်။ ထို့ကြောင့်သာ ကျွန်ုပ်တို့ သိသော ရေ၊ မြေ၊ လေ၊ ကြယ်၊ ဂြိုဟ် ဒြပ်အစုအဝေးတို့ ဖြစ်ပေါ်လာနိုင်သည်။ နျူကလီးယား အပျော့စက် (Nuclear Weak Interaction) ကြောင့် ကြယ်များအတွင်း၌ နျူကလီးယား ပေါင်းစည်းမှု ဖြစ်ပေါ်နိုင်က နေကလည်း စွမ်းအင်ဖြာထွက်လျက် ကမ္ဘာဂြိုဟ်ကို အပူနှင့် အလင်းတို့ ပေးနိုင်ခြင်း ဖြစ်သည်။ တစ်ဖန်၊ ထို အလင်းဆိုသည်မှာလည်း လျှပ်စစ်သံလိုက်ဓာတ်၏ စွမ်းအင်သီးသန့် (pure energy) ဒြပ်မဲ့ ရွေ့လျားမှု ဖြစ်ပြန်သည်။ အပြန်အလှန် ဆက်စပ်မှု![]() လျှပ်စစ်ဓာတ် (electricity) နှင့် သံလိုက်ဓာတ် (magnetism) တို့ကို သီးခြားသတ္တိများသဖွယ် ရှေးလူတို့ ထင်မှတ်လေ့လာဖူးသော်လည်း ရူပဗေဒ ထွန်းကားလာသောအခါ ထို၂မျိုးလုံး၏ လျှပ်စစ်သံလိုက်ဓာတ်ဟူသော ဘုံသတ္တိ၏ အသွင်ကွဲများကို တလှည့်စီတွေ့နေရခြင်းသဖွယ် ဖြစ်ကြောင်း နားလည်လာရသည်။ လျှပ်စစ်သံလိုက်ဓာတ် (Electromagnetism) နှင့် နျူကလီးယား အပျော့စက် (Weak Interaction) ၏ ဆက်စပ်နိုင်မှုကိုမူ လျှပ်နျူပျော့ သက်ရောက်မှု (Electroweark Interaction) တွင် လေ့လာနိုင်သည်။
မြန်မာအသိုင်းအဝိုင်းနှင့် ပတ်သက်၍ဝေါဟာရ သတိပြုဖွယ်အချို့စာအုပ်များတွင် "အခြေခံ အားကြီး ၄မျိုး" ဟူသည်မျိုး သုံးနှုန်းကြသည်။ သို့သော် အထွေထွေနှိုင်းရသီအိုရီတွင်မူ ဒြပ်ဆွဲမှုက နျူတန်ပျိုး ရူပဗေဒတွင်ကကဲ့သို့ အား(force) တစ်ခု မဟုတ်ဘဲ အာကာသ-အချိန် (spacetime)၏ ရလဒ်သာ ဖြစ်ကြောင်း တွေ့ကြရသည်။[၃] ထို့ကြောင့် အဆင့်မြင့် ရူပဗေဒ စာပေတွင် သက်ရောက်မှု ဟူသည်ကို အစားထိုး အသုံးပြုကြသည်လည်း ရှိပေသည်။ ဓာတ်ကြီး၄မျိုးနှင့် ဆက်စပ်လျှင်မဟာဘူတရုပ် ၄ခုနှင့် အခြေခံသက်ရောက်မှုကြီး ၄ခုမှာ ထပ်တူမကျပေ။ အဘိဓမ္မာ၏ ပထဝီဓာတ် (pathavi) ဆိုသည်မှာ အရာဝတ္ထုတို့၏ မည်မျှပျော့ခြင်း မည်မျှမာခြင်း သတ္တိအခြင်းအရာ ဖြစ်လေရာ ရူပဗေဒ၏ သိပ်သည်းဆနှင့် ဆင်တူသည်။ သိပ်သည်းမှု (density) ဟူသည်မှာ ဒြပ်မကြီးလွန်းသော အရာများတွင် လျှပ်စစ်သံလိုက်ဓာတ်၏ အဆုံးအဖြတ် ဖြစ်ပြီး ဒြပ်ကြီးလွန်းသော အရာများတွင် ဒြပ်ဆွဲမှု၏ ပါဝင်ဆုံးဖြတ်မှုကို ခံရသည်။ အာပေါဓာတ် (apo) ဆိုသည်မှာ အရာဝတ္ထုတို့ မည်မျှ စေးခြင်း မည်မျှပျစ်ခြင်း သတ္တိအခြင်းအရာ ဖြစ်လေရာ ၎င်းက အက်တမ်တွင်းအမှုန်တို့၏ လျှပ်စစ်သံလိုက်ဓာတ်အရ အပြန်အလှန် သက်ရောက်ပုံ၏ ရလဒ် ဖြစ်ပေသည်။ ဝါယောဓာတ် (vayo) ဆိုသည်မှာ အရာဝတ္ထု၏ ဖိအားရွေ့ကူးစေမှု (pressure transmittance) ၏ အဆုံးအဖြတ် ဖြစ်လေရာ[၄] ၎င်းအခြင်းသတ္တိအဖို့ အကြောင်းမှာလည်း လျှပ်စစ်သံလိုက်ဓာတ် ဖြစ်ပြန်သည်။ တေဇောဓာတ် (tejo) ဆိုသည်မှာ ဒြပ်သားတို့၌ အစဉ်ခိုကပ်သော အပူစွမ်းအင်နှင့် ဆင်တူလေရာ ၎င်းအပူစွမ်းအင်၏ ဖြာထွက်စီးကူးမှုမှာလည်း လျှပ်စစ်သံလိုက်ဓာတ်နှင့် ဆိုင်ပြန်သည်။ နျူကလီးယား အပြင်းစက်၊ နျူကလီးယား အပျော့စက် တို့၏ မဟာဘူတရုပ် ၄မျိုးနှင့် ဆက်စပ်မှုကိုမူ မတွေ့ရချေ။ အကိုးအကား
|
Portal di Ensiklopedia Dunia