နှမ်းခါးရွာ၊ ဂန့်ဂေါမြို့နယ်

နှမ်းခါး
ရွာ
နှမ်းခါးရွာ
နှမ်းခါး သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
နှမ်းခါး
နှမ်းခါး
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 22°33′19″N 94°05′15″E / 22.5552196502686°N 94.0875015258789°E / 22.5552196502686; 94.0875015258789ကိုဩဒိနိတ်: 22°33′19″N 94°05′15″E / 22.5552196502686°N 94.0875015258789°E / 22.5552196502686; 94.0875015258789
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မကွေး
ခရိုင်ဂန့်ဂေါခရိုင်
မြို့နယ်ဂန့်ဂေါမြို့နယ်
ကျေးရွာအုပ်စုနှမ်းခါး
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

နှမ်းခါးရွာ (အင်္ဂလိပ်: Hnankhar)သည် မကွေးတိုင်းဒေသကြီးဂန့်ဂေါခရိုင်ဂန့်ဂေါမြို့နယ်နှမ်းခါးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၂၂၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ နှမ်းခါးကျေးရွာအုပ်စုတွင် ကျား ၂၁၀၁ ဦး၊ မ ၂၂၇၆ ဦး၊ လူဦးရေ စုစုပေါင်း ၄၃၇၇ ဦးနေထိုင်သည်။ ကလေး-ဂန့်ဂေါ ကားလမ်း၊ ရထားထမ်းပေါ်၊ မြစ်သာမြစ်ကမ်းတွင် ရှိသောရွာကြီးဖြစ်သည်။ ဘူတာရုံ၊ အထက်တန်းကျောင်းနှင့် ကျေးလက်ကျန်းမာရေးဌာနများရှိသည်။ []

၂၀၂၁ ဇွန်လ တွင် မြန်မာ့တပ်မတော် က နှမ်းခါးရွာ နေအိမ်များကို မီးရှို့ခဲ့သည်။[]

၂၀၂၁ ဩဂုတ်လ ၁၈ ရက်တွင် မြန်မာ့တပ်မတော် က နှမ်းခါးရွာ နေအိမ်များကို ဒုတိယအကြိမ် မီးရှို့ခဲ့သည်။[]

၂၀၂၁ စက်တင်ဘာ ၉ ရက်က ရွာအနီး ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်အပြီး စက်တင်ဘာ ၁၀ ရက်တွင် မြန်မာ့တပ်မတော်က မီးရှို့သဖြင့် နေအိမ် ၃၆ လုံး မီးလောင်ပျက်စီးခဲ့သည်။[]

၂၀၂၁ စက်တင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီခန့် တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မြန်မာ့တပ်မတော်စစ်ကြောင်းက ရွာတွင်းသို့ သေနတ်ပစ်ဖောက်ဝင်လာပြီး ဒုတိယအကြိမ် မီးရှို့ပြီး မီးလောင်ဗုံးဖြင့်ထုသဖြင့် နေအိမ် ၁၄ လုံး၊ ဆန်စက်ရုံတစ်ရုံ၊ ရိက္ခာတဲ နှစ်တဲ မီးလောင်ပျက်စီးခဲ့သည်။ စစ်ဘေးဒုက္ခသည်များအတွက် စုဆောင်းထားသည့်ရိက္ခများလည်း မီးလောင်ပျက်စီးခဲ့သည်။ [] [] []

၂၀၂၁ စက်တင်ဘာ ၉ ရက် နံနက် ၁၁ နာရီကျော်ခန့်အချိန်တွင် မြန်မာ့တပ်မတော်က တတိယအကြိမ် မီးရှို့သဖြင့် နေအိမ် ၈ လုံး မီးလောင်ပျက်စီးခဲ့သည်။ စစ်တပ်သည် ရွာ နေအိမ်များမှ ငွေကြေး၊ ပစ္စည်း၊ ကျွဲနွားတိရစ္ဆာန်များကိုလည်း လုယက်ခိုးဝှက်ယူဆောင်သွားခဲ့သည်။ အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ဦးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားခဲ့သည် ။ []

၂၀၂၁ ဒီဇင်ဘာ ၁၇ ရက် က ရွာအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များအစည်းအဝေးလုပ်နေချိန် [] မွန်းလွဲ ၂ နာရီ ၄ဝ မိနစ်ခန့်တွင် တပ်မတော်က ဝင်ရောက်စီးနင်းပြီး လေကြောင်းမှလည်းတိုက်ခိုက် ခဲ့ရာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့သည်။ [] [] [၁၀]

၂၀၂၁ ဒီဇင်ဘာ ၂၉ ရက်က တပ်မတော်စစ်ကြောင်း နှမ်းခါရွာတွင်းသို့ ဝင်ရောက်က တစ်ည တပ်စွဲထားစဉ် စိတ်ကျန်းမာ‌ေး မကောင်းသူနှစ်ဦးအပါအဝင် ရွာသားသုံးဦးကို ဖမ်းဆီးပြီး တစ်ဦးကို ပစ်သတ်ထားခဲ့သည်။ [၁၁]

၂၀၂၅ ခုနှစ် မတ်လ ၂၂ ရက် နံနက် ၈ နာရီ ၃၈ မိနစ် ခန့်က ရွာလယ်‌ ဆေးခန်းကို စစ်လေယာဉ်က ပေါင်ငါးရာဗုံးနှင့် ကျဲချတိုက်ခိုက် မှုကြောင့် ကလေးမြို့နယ်၊ တင်သားတိုက်နယ်ဆေးရုံတာဝန်ခံ စီဒီအမ် ဆရာဝန် ‌ေါက်ဒေါက်တာမြစိုး‌ေအောင်၊ ဆရာဝန်၏ဇနီးကိုယ်ဝန်သည် သူနာပြု ဒေါ်ခိုင်နှင်းဝေ ၊ ဆရာဝန်မောင်နှံ၏ကလေးငယ်တစ်ဦး၊ အခြားကလေးငယ်ငါးဦး၊ အမျိုးသမီးသုံးဦး၊ အမျိုးသားတစ်ဦး ‌သေဆုံးသည်။ [] [၁၂] [၁၃]

ကိုးကား

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။
  2. ၂.၀ ၂.၁ ၂.၂ ဂန့်ဂေါ နှမ်းခါးရွာ ဒုတိယအကြိမ်မီးရှို့ခံရ၊ ၂၀၂၁ စက်တင်ဘာ ၁၃၊ အမေရိကန်အသံ မြန်မာပိုင်းအစီအစဉ် VOA Burmese
  3. ၃.၀ ၃.၁ ဂန့်ဂေါ နှမ်းခါးရွာဆေးခန်းကို လေကြောင်းတိုက်ခိုက်မှု ဆရာဝန်မိသားစုအပါအဝင် ၁၁ဦး သေဆုံး၊ ၂၀၂၅ မတ်လ ၂၃၊ မဇ္ဈိမသတင်းဌာန
  4. ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို စစ်တပ်က မီးထပ်ရှို့ ၊ ၂၀၂၁ စက်တင်ဘာ ၁၃၊ Myanmar Now News
  5. ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို စစ်တပ်က မီးထပ်ရှို့ ၊ ၂၀၂၁ စက်တင်ဘာ ၁၃၊ Myanmar Now
  6. နှမ်းခါးရွာကို အကြမ်းဖက်စစ်တပ်က တတိယအကြိမ်မီးရှို့၊ နေအိမ် ၈ လုံး ပျက်စီးဆုံးရှုံး၊ ၂၀၂၁ စက်တင်ဘာ ၃၀၊ ဒီမိုကရက်တစ်မြန်မာ့အသံ DVB
  7. ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာ၌ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအစည်းအဝေးလုပ်နေစဉ် စစ်ကောင်စီတပ်ဖွဲ့မှဝင်ရောက်စီးနင်းရာ(၆)ဦးသေဆုံးဟုဆို၊ ၂၀၂၁ ဒီဇင်ဘာ ၁၈၊ NP News
  8. နှမ်းခါးရွာကို စစ်ကောင်စီ လေကြောင်းကနေ တိုက်ခိုက်၊ ၂၀၂၁ ဒီဇင်ဘာ ၁၇၊ ဘီဘီစီ မြန်မာပိုင်း
  9. နှမ်းခါးရွာကို စစ်ကောင်စီ လေကြောင်းကနေ တိုက်ခိုက်၊ ၂၀၂၁ ဒီဇင်ဘာ ၁၇၊ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်
  10. ဂန့်ဂေါ်မြို့နယ် နှမ်းခါးရွာတွင် တိုက်ခိုက်မှုမရှိပဲ အာဏာသိမ်းစစ်တပ်က လေ ‌ကြောင်းမှ ပစ်ခတ်၊ ၂၀၂၁ ဒီဇင်ဘာ ၁၇၊ Tachileik News Agency
  11. ဂန့်ဂေါတွင် စစ်တပ်က ရွာသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့အလောင်းဖျောက်၊ ၂၀၂၁ ဒီဇင်ဘာ ၃၁၊ by Myanmar Now, Progressive Voice Myanmar News
  12. ဂန့်ဂေါက နှမ်းခါးရွာ ဆေးခန်းဗုံးကြဲခံရပြီး ၁၁ ဦး သေဆုံး၊ ၂၀၂၅ မတ်လ ၂၂၊ လွတ်လပ်တဲ့အာရှအသံ RFA Burmese
  13. ဂန့်ဂေါမြို့၊နှမ်းခါးရွာဆေးပေးခန်းကိုစစ်တပ်ဗုံးကြဲ – အနည်းဆုံးလူ(၁၁)ဦးသေဆုံး၊ ၂၀၂၅ မတ်လ ၂၃၊ Myanmar Now


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya