ရွှေဘိုရွာ၊ ဂန့်ဂေါမြို့နယ်

ရွှေဘို
ရွာ
ရွှေဘိုရွာ
ရွှေဘို သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရွှေဘို
ရွှေဘို
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 22°37′28″N 94°06′02″E / 22.6243095397949°N 94.100486755371°E / 22.6243095397949; 94.100486755371ကိုဩဒိနိတ်: 22°37′28″N 94°06′02″E / 22.6243095397949°N 94.100486755371°E / 22.6243095397949; 94.100486755371
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မကွေး
ခရိုင်ဂန့်ဂေါခရိုင်
မြို့နယ်ဂန့်ဂေါမြို့နယ်
ကျေးရွာအုပ်စုရွှေဘို
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ရွှေဘိုရွာ (အင်္ဂလိပ်: Shwebo)သည် မကွေးတိုင်းဒေသကြီးဂန့်ဂေါခရိုင်ဂန့်ဂေါမြို့နယ်ရွှေဘိုကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၂၁၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ရွှေဘိုကျေးရွာအုပ်စုတွင် ကျား ၁၆၀၃ ဦး၊ မ ၁၆၆၆ ဦး၊ လူဦးရေ စုစုပေါင်း ၃၂၆၉ ဦးနေထိုင်သည်။ [] ၂၀၂၄ ဧပြီလ ၁၆ ရက်နံနက် က အာဏာလုစစ်တပ်လက်အောက်ခံ ပျူစောထီး ပြည်သူ့စစ် အင်အား ၂၀၀ ခန့်ပါသည့် စစ်ကြောင်းသည် အိမ်ခြေ ၅၀၀ နီးပါးရှိ ရွှေဘိုရွာထဲသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ဖောက်ဝင်ရောက်လုယက်ပြီး အရပ်သား နေအိမ် ၂၆၆ လုံးကို (တတိယအကြိမ်) မီးရှို့၍ အရပ်သား ၂ ဦး ဖြစ်သည့် မျက်စိမမြင်၊ နားမကြားသဖြင့် ထွက်မပြေးနိုင်သူ အသက် ၈၀ အရွယ် ဦးသာနွယ်နှင့် အသက် ၄၀ အရွယ် ခန့်ရှိ အမျိုးသားတစ်ဦးတို့ကိုလည်း ညှင်းပန်း နှိပ်စက် သတ်ဖြတ်သွားခဲ့သည်။ [] [] [] ၂၀၂၄ ‌မေလ ၃၀ ရက် နံနက်တွင် ပျူစောထီး အင်အား သုံးရာကျော် က ရွှေဘိုရွာသို့ ဝင်ရောက် လုယက်ပြီး ‌‌အရပ်သားနေအိမ် ၆၆ လုံးကို မီးရှို့ဖျက်ဆီးကာ အသက် ၂၆ နှစ် အရွယ် စိတ်ကျန်းမာ‌ရေးဝေဒနာသည် ကိုဇင်မျိုးဝင်းကို ခေါင်းဖြတ်သတ်ခဲ့သည်။ []


ကိုးကား


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya