နှုတ်သီးရှည်ဝက်ဝံ
နှုတ်သီးရှည်ဝက်ဝံ (Ursus ursinus =Melursus ursinus) ကို စလော့တ်ဝက်ဝံ (Sloth bear) ဟုလည်း ခေါ်ဆိုလေ့ ရှိကြသည်။ အိန္ဒိယတိုက်တွင် တွေ့ရလေ့ရှိပြီး ညဘက်တွင် ကျင်လည်ကျက်စားကာ အင်းဆက်များကို စားသုံးလေ့ ရှိသည်။ သီရိလင်္ကာတွင် တွေ့ရသော ဝက်ဝံများကို မျိုးစိတ်တစ်ခု အဖြစ် သတ်မှတ်ထားကြသည်။ ဝက်ဝံညို ဝက်ဝံနက်များနှင့် မတူပဲ နှုတ်ခမ်းရှည် ဝက်ဝံများမှာ ပိန်ပိန်ရှည်ရှည် ဖြစ်ပြီး မျက်နှာတဝိုက်တွင် လည်ဆံမွေး ကဲ့သို့သော အမွေးများ ရှိသည်။ တံစဉ်းနှင့်တူသော ရှည်လျားသည့် လက်သည်းများရှိပြီး အင်းဆက်များကို စုပ်ယူစားသုံးနိုင်သည့် ထူးခြားသည့် နှုတ်ခမ်း ပုံသဏ္ဌန်ရှိသည်။ နှုတ်ခမ်းရှည်ဝက်ဝံများသည် နွေဦးရာသီနှင့် နွေရာသီ အစောပိုင်းတွင် သန္ဓေယူလေ့ ရှိပြီး ဆောင်းရာသီ မစမီ အချိန်တွင် မွေးဖွားလေ့ ရှိကြသည်။ ခြများ၊ ပျားများ၊ သစ်သီးများကို စားသုံးလေ့ ရှိကြသည်။ သူတို့၏ နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော လူများကို တိုက်ခိုက်လေ့ ရှိကြသည်။ သမိုင်းကြောင်းအားဖြင့် လူတို့သည် သူတို့နေထိုင်ကျက်စားရာ နေရာများကို ပျက်စီးစေပြီး သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ၊ လက်သည်းများကို ရယူရန်နှင့် စားသုံးရန် အတွက် သတ်ဖြတ်ခဲ့ကြသည်။ ဤဝက်ဝံမျိုးသည် ယဉ်ပါးစေရန် လွယ်ကူသဖြင့် ဖျော်ဖြေရေး အတွက်လည်း အသုံးချလေ့ ရှိကြသည်။
ကိုးကား
|
Portal di Ensiklopedia Dunia