ဟိမဝန္တာ ဝက်ဝံ
အာရှဝက်ဝံနက် (Ursus thibetanus၊ ယခင်အမည် Selenarctos thibetanus) သို့ မြင်းဝံ ကို လဝက်ဝံ သို့မဟုတ် ရင်ခေါင်းဖြူဝက်ဝံ ဟု လည်း ခေါ်လေ့ ရှိကြပြီး ခန္ဓာကိုယ် အသင့်အတင့် အရွယ်အစား ရှိသော ဝက်ဝံမျိုးဖြစ်သည်။ ပုံမှန်အားဖြင့် သစ်ပင်များပေါ်တွင် နေထိုင်လေ့ ရှိပြီး တောင်အာရှ၊ ကိုရီးယား၊ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ ရုရှားနိုင်ငံ အရှေ့စွန်းပိုင်း၊ ဂျပန်နိုင်ငံ ဟွန်ရှူးကျွန်း နှင့် ရှီကိုကူးကျွန်းများ တို့တွင် တွေ့ရသည်။ သစ်တောများ ပျက်စီးခြင်းနှင့် ၎င်းတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းအတွက် လူတို့၏ အမဲလိုက် ခံရခြင်းတို့ကြောင့် နိုင်ငံတကာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ မျိုးသုဉ်းရန် စိုးရိမ်ရသည့် ဝက်ဝံအမျိုးအစား အဖြစ် သတ်မှတ်ထားသည်။ ပုံပန်းသဏ္ဌန်အားဖြင့် သမိုင်းမတင်မီခေတ်က ဝက်ဝံများနှင့် ဆင်တူသဖြင့် အချို့သော သိပ္ပံပညာရှင်တို့က အခြားဝက်ဝံမျိုးကွဲတို့ ဆင်းသက်လာရာ မျိုးစုဟု ကောက်ချက်ချကြသည်။ အသီးအရွက်သာ စားလေ့ ရှိကြသော်လည်း အာရှဝက်ဝံနက်တို့မှာ လူတို့နှင့် မယဉ်ပါးဘဲ အကြောင်းမဲ့သက်သက် လူသားတို့အား မကြာခဏ တိုက်ခိုက်လေ့ ရှိကြသည်။ ကမ္ဘာကျော် ကဗျာဆရာကြီး ရုတ်ယဒ် ကစ်ပလင်က "ဝက်ဝံတို့ထဲတွင် အထူးဆန်းဆုံး မျိုးနွယ်စု" ဟု ဖော်ပြခဲ့ဖူးသည်။ ကိုးကား |
Portal di Ensiklopedia Dunia