ပင်လယ်ကွေ့ စစ်ပွဲ
ထိုစစ်ပွဲကို အီရတ်ခေါင်းဆောင်ဟောင်း ဆဒမ် ဟူစိန်မှ စစ်ပွဲများအားလုံး၏ မိခင်စစ်ပွဲဟု ရည်ညွန်းလေ့ရှိပြီး ပြန်လှန်တိုက်ခိုက်သော စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေး အမည်နှင့် ရောနှော၍ ကန္တာရမုန်တိုင်း စစ်ဆင်ရေး ဟု လွဲမှားစွာ ခေါ်ဝေါ်လေ့ ရှိကြသည်။ ၂၀၀၃-၂၀၁၀ အီရတ်စစ်ပွဲ ပေါ်မူတည်၍ ပထမ ပင်လယ်ကွေ့ စစ်ပွဲ၊ ပင်လယ်ကွေ့ စစ်ပွဲ ၁၊ အီရတ်စစ်ပွဲ စသည်ဖြင့်လည်း ခေါ်ဝေါ်လေ့ ရှိကြသည်။ အီရတ်တပ်ဖွဲ့များက ၁၉၉၀ ဩဂုတ်လ ၂ ရက်တွင် ကူဝိတ်နိုင်ငံကို ကျူးကျော်ခြင်းကို နိုင်ငံတကာမှ ဝိုင်းဝန်းရှုံ့ချမှုများဖြင့် တုံ့ပြန်ခဲ့သည်။ အီရတ်နိုင်ငံကိုလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင် နိုင်ငံများမှ ချက်ချင်း စီးပွားရေး ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။ အမေရိကန် သမ္မတ ဂျော့ချ် အိတ်ချ် ဒဗလျူ ဘုရှ်က အမေရိကန် တပ်များကို ဆော်ဒီအာရေဗျ နိုင်ငံ အတွင်းတွင် ၆ လအကြာတွင် ပို့ဆောင် တပ်စွဲစေခဲ့သည်။ အခြားနိုင်ငံများကိုလည်း ထိုနေရာသို့ သူတို့၏ တပ်များ ပို့ဆောင်ရန် တိုက်တွန်းခဲ့သည်။ နိုင်ငံအများအပြားကပင် မဟာမိတ်တပ်သို့ ပူးပေါင်း ဝင်ရောက်ခဲ့ကြသည်။ မဟာမိတ် တပ်များတွင် စစ်အင်အားအများစုကို အမေရိကန် ပြည်ထောင်စု၊ ဆော်ဒီအာရေဗျနိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်းနှင့် အီဂျစ်တို့မှ ပါဝင်ပံ့ပိုးကြသည်။ ယူအက်စ် ဒေါ်လာ ၆၀ ဘီလီယံ ကုန်ကျရာတွင် ၃၆ ဘီလီယံကို ဆော်ဒီအာရေဗျ နိုင်ငံမှ ပေးခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia