ပအိုဝ်းအမျိုးသားတပ်မတော်

ပအိုဝ်းအမျိုးသားတပ်မတော်
ပအိုဝ်ႏစွိုးခွိုꩻတပ်မတောႏ
ခေါင်းဆောင်များဦးအောင်ခမ်းထီ(နာယက)[]
စတင်လှုပ်ရှားခြင်း၁၉၄၉ (၁၉၄၉) – ၉ ဒီဇင်ဘာ ၂၀၀၉၊ ၂၀၂၁–လက်ရှိ
ဌာနချုပ်တောင်ကြီးမြို့ရှမ်းပြည်နယ်မြန်မာနိုင်ငံ
လှုပ်ရှားနယ်မြေ
နိုင်ငံရေးအယူဝါဒပအိုဝ်းအမျိုးသားရေး
မဟာမိတ်
ပြိုင်ဘက်များ မြန်မာ

ပြည်ထောင်စု မြန်မာနိုင်ငံ
ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံ (၁၉၈၈ အထိ)

ပြည်ထောင်စုဗမာနိုင်ငံ (၁၉၆၂ အထိ)
စစ်ပွဲနှင့် တိုက်ပွဲများမြန်မာ့ပြည်တွင်းပဋိပက္ခများ
Preceded by
* ပအလဖ (၁၉၄၉-၁၉၆၈)

ပအိုဝ်းအမျိုးသားတပ်မတော် (အင်္ဂလိပ်: Pa-O National Army; ပအိုဝ်း: ပအိုဝ်ႏစွိုးခွိုꩻတပ်မတောႏ; အတိုကောက် PNA ) သည် မြန်မာနိုင်ငံရှိ ပအိုဝ်း လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည်။ ၁၉၄၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(ပအလဖ)နှင့် ၁၉၆၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ရလလဖ အဖွဲ့တို့မှ ၁၉၇၇ ခုနှစ်တွင် ပေါက်ဖွားလာသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။[][]

PNA သည် ရှမ်းပြည်တောင်ပိုင်း ရှိ မြို့နယ်သုံးမြို့နယ်ဖြစ်သည့် ဟိုပုံးဆီဆိုင် နှင့် ပင်လောင်းမြို့နယ်များ ပါဝင်သော PNO အုပ်ချုပ်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အကာအကွယ်ပေးသည်။[]

PNA အခြေပြုလှုပ်ရှားဒေသကို အထူးဒေသ-၆လို့ သတ်မှတ်ထားပြီး အထူးဒေသ-၆တွင် စစ်တိုင်း(၄)ခုနှင့် အင်းအထူးဒေသ ဖြင့် ဖွဲ့စည်းထားသည်။ စစ်တိုင်း(၄)ခုမှာ မျင်ꩻမိုရ်ႏခမ်း (မြင့်မိုရ်တိုင်း)၊ စန္တာႏခမ်း (စန္တာတိုင်း)၊ ခွန်ဖြားဗွာခမ်း (ခွန်ဖြားဗွာတိုင်း) နှင့် သူရိယခမ်း (သူရိယတိုင်း) တို့ဖြစ်သည်။ မျင်ꩻမိုရ်ႏခမ်း (မြင့်မိုရ်တိုင်း) သည် ကလော-တောင်ကြီး-လွိုင်လင်-နမ့်စန် ပြည်ထောင်စုလမ်းမကြီး မြောက်ဖက်ခြမ်းရှိ တောင်ကြီးမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ လွိုင်လင်မြို့နယ် ၊ ပင်လုံ၊ မိုင်းပွန်၊ နမ့်စန်မြို့နယ် စသည့် မြို့နယ်မြောက်ဖက်ခြမ်း ဧရိယာများ ပါဝင်သော နယ်မြေဖြစ်သည်။[]

စန္တာႏခမ်း (စန္တားတိုင်း) သည် ကလော(အောင်ပန်း)၊ ဟဲဟိုး တောင်ဖက်ခြမ်း၊ ပင်လောင်းမြို့နယ်များဖြစ်သော အင်းလေးအနောက်ဖက်ကမ်းဒေသ ဧရိယာတို့ပါဝင်သော နယ်မြေဖြစ်သည်။ ခွန်ဖြားဗွာခမ်း (ခွန်ဖြားဗွာတိုင်း) သည် တောင်ကြီးမြို့တောင်ဘက်မှ ကရင်နီ(ကယား)ပြည်နယ် နယ်စပ်အထိ အကျုံးဝင်သော အင်းလေးအရှေ့ဖက်ကမ်းဒေသ နယ်မြေဖြစ်ပြီး၊ သူရိယတိုင်းသည် ဟိုပုံး-ဆီဆိုင်-လွိုင်ကော် ကားလမ်းမကြီး အရှေ့ဖက်ခြမ်းဒေသ ဟိုပုံးမြို့နယ် တောင်ဖက်ခြမ်းနှင့် မဲနယ်တောင်တန်းဒေသအပါအဝင် ဆီဆိုင်မြို့နယ်နှင့် မောက်မယ်မြို့နယ် အနောက်ဖက်ခြမ်းအထိ ပါဝင်သည်။

PNA သည် ၎င်းတို့နယ်မြေအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် မှောင်ခိုကူးခြင်းကို တားဆီးရန် ကြိုးပမ်းသည့် အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ကရင်နီတပ်မတော်တို့ နှင့် အလွတ်သဘော မဟာမိတ်ဖွဲ့ထားသည်။

၁၉၉၁ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် PNA သည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် အခြားသော ပအိုဝ်းလက်နက်ကိုင်အဖွဲ့များနှင့် ပေါင်းစည်းခဲ့သည်။[][] ၂၀၀၉ ခုနှစ်တွင် ၂၀၀၈ အခြေခံဥပဒေအရ PNO/PNA အသွင်ပြောင်း ပြည်သူ့စစ်အနေဖြင့် ပြည်သူ့စစ်ပြောင်းလဲခဲ့ပြီး စစ်ကွပ်ကဲရေးရုံးချုပ်ကိုလည်း တောင်ကြီးမြို့တွင် ဖွင့်လှစ်ထားသည်။

ကိုးကား

  1. ၁.၀ ၁.၁ South၊ Ashley (2008)။ Ethnic Politics in Burma: States of Conflict။ Oxon: Routledge။ pp. 122–124။ ISBN 978-0-203-89519-1
  2. Armed ethnic groups။ Myanmar Peace Monitor။
  3. ၃.၀ ၃.၁ PNLO။ Myanmar Peace Monitor။ 17 April 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 February 2022 တွင် ပြန်စစ်ပြီး။
  4. https://myanmar-now.org/mm/news/58435/
  5. Kyaw၊ Sann; Christensen၊ Russ (2006)။ The Pa-O: Rebels and Refugees။ Chiang Mai: Silkworm Books။ ISBN 978-974-9575-93-2
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya