ပအိုဝ်းဘာသာစကား
ပအိုဝ်းဘာသာစကား သည် မြန်မာနိုင်ငံရှိ ပအိုဝ်းလူမျိုး ၁ သန်းကျော်ခန့် ပြောဆိုအသုံးပြုကြသော ကရင်ဘာသာစကားအုပ်စုဝင် ဘာသာစကားတစ်ခု ဖြစ်သည်။ ဒေသိယစကားများမှာ တောင်ပိုင်းပအိုဝ်းနှင့် မြောက်ပိုင်းပအိုဝ်း တို့ ဖြစ်ကြသည်။[၃] အမည်များEthnologue တွင် Black Karen, Northern Taungthu, Taungsu, Pa Oh, Pa-O, Pa’o Karen, Pa-U ဟူ၍ အမည်ကွဲများကို ဖော်ပြထားသည်။ ပအိုဝ်းဘာသာစကားကို "Black Karen" (ကရင်နက်) ဟူ၍ ကရင်နီ နှင့် ကရင်ဖြူ (စကောကရင်) တို့၏ ဆန့်ကျင်ဖက်အမည်အဖြစ် ကိုလိုနီခေတ်အချိန်က ခေါ်ဆိုခဲ့ကြသော်လည်း တောင်သူ (ပအိုဝ်း) တို့က ယင်းတို့အား ကရင် အမည်ဝေါဟာရဖြင့် ရည်ညွှန်းခြင်းကို လက်မခံကြပေ။[၄]Ethnologue တွင် ပအိုဝ်းဘာသာစကားကို "Black Karen" ၏ အတိုကောက် "BLK" ဖြင့် ကဏ္ဍခွဲထားသည်။[၅] ပျံ့နှံ့မှု
ရေးထုံးပအိုဝ်းဘာသာစကားကို မြန်မာအက္ခရာကို အခြေခံသော ပအိုဝ်းစာပေဖြင့်ရေးသားကြသည်။ စာပေအားဖြင့် တောင်ပေါ်ပအိုဝ်းလူမျိုးသုံး ထီသိမ်စာပေ ခေါ် တောင်ကြီးစာမူ နှင့် မြေပြန့်ဒေသနေပအိုဝ်းလူမျိုးသုံး အလံတရာစာပေ ခေါ် သထုံစာမူ ဟူ၍ မူကွဲနှစ်မျိုးရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia