ပုဇွန်တောင်ဆရာခပုဇွန်တောင်ဆရာခ သည် ခရစ်သက္ကရာဇ် ၁၈၆၈ ခုနှစ် ဝန်းကျင်တွင် လူကြိုက်များခဲ့သော ပြဇာတ်ဆရာတစ်ဦး ဖြစ်သည်။ ၁၈၆၈ ခုနှစ် ပတ်ဝန်းကျင်၊ ရန်ကုန်မြို့နှင့် မော်လမြိုင်မြို့တို့တွင် ခေတ်ပေါ် ပြဇာတ်ရေးဆရာများ အများအပြား ပေါ်ပေါက်ခဲ့သည်။ ထိုသူများအနက် ဆတိုင်မွှတ် ဦးကူး နှင့် မော်လမြိုင် ဆရာယော တို့မှာ အထူးကျော်ကြားသည်။ ထိုသူများလောက် မကျော်ကြားသော်လည်း သူ့စာဖတ်ပရိသတ်နှင့်သူ အတော်အတန် လူကြိုက်များခဲ့သည့် ပြဇာတ်ဆရာ တစ်ဦးမှာ ပုဇွန်တောင် ဆရာခ ပင် ဖြစ်လေသည်။ ဆရာခသည် ပုဇွန်တောင် တပ်မြေတွင် နေထိုင်ပြီး စာဆိုတန်းခေါ် ၂၅ လမ်းရှိ ပြည်ကြီးမဏ္ဍိုင် စာပုံနှိပ်တိုက်တွင် စာပြင်ဆရာ၊ စာရေးဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ဆရာခသည် ခရစ်သက္ကရာဇ် ၁၈၈၁ ခုနှစ်မှ အစပြု၍ ပြဇာတ်အတော်များများကို ရေးသားခဲ့သည်။ သူရေးသားခဲ့သော ပြဇာတ်စာရင်း အပြည့်အစုံကို မသိရသော်လည်း ပုံနှိပ်စာကိုယ်များအရ သိရှိရသော ပြဇာတ်စာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။[၁]
ဆရာခ ရေးသားသမျှသော ပြဇာတ်စာအုပ်တို့ကို သူကိုယ်တိုင် စာပြင်ဆရာ၊ စာရေးဆရာအဖြစ် လုပ်ကိုင်ပေးနေသော ပြည်ကြီးမဏ္ဍိုင် စာပုံနှိပ်တိုက်မှပင် ရိုက်နှိပ်ထုတ်ဝေသည်။ ထိုသို့ ထုတ်ဝေသော စာအုပ်အကြောင်းနှင့် ပတ်သက်သည့် ကြော်ငြာကလေးများကိုလည်း ခေတ်ကာလနှင့် လျော်ညီအောင် သူကိုယ်တိုင် တေထပ်၊ သဖြန်၊ လေးချိုးများဖြင့် စပ်ဆိုရေးသားခဲ့သည်။ စာအုပ်တစ်အုပ်ပြီးတိုင်း အလျဉ်းသင့်သလို ထည့်သွင်း ကြော်ငြာခဲ့ပေသည်။ သက္ကရာဇ် ၁၈၈၂ ခုထုတ် "ဝိဇ္ဇာဖြစ် မယ်သော်တာပြဇာတ်" အဆုံးတွင် ရေးသားထားသော ဒွေးချိုးကို ကြည့်ခြင်းအားဖြင့် ထိုခေတ်၏ ကြော်ငြာပုံ ကြော်ငြာနည်းအပြင် ဆရာခ၏ ကဗျာအစွမ်း၊ ကဗျာအဆင့်အတန်းကိုလည်း မှန်းဆဆုံးဖြတ်နိုင်သည်။[၃]
ကိုးကား |
Portal di Ensiklopedia Dunia