ပဲခူးမြို့မ ဆရာတော်
ဘဒ္ဒန္တဣန္ဒာစာရမဟာထေရ် (၁၈၉၇ - ၁၉၉၃ ) သည် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာရဟန်းတော်တစ်ဦးဖြစ်ကာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၏ ပထမဦးဆုံးသော ဥက္ကဋ္ဌဆရာတော်ဖြစ်ခဲ့သည်။သက်တော်ရှည် ပဲခူးမြို့မ ဆရာတော် ဟူ၍ ထင်ရှားသည်။နိုင်ငံတော်ပရိယတ္တိတက္ကသိုလ် များ၏ အဓိပတိဆရာတော် လည်းဖြစ်ခဲ့သည်။[၁] ဆရာတော် အား ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဝမ်းဘဲအင်းရွာ တွင် ခမည်းတော် ဦးရွှေအေး ၊မယ်တော် ဒေါ်လှညိမ်း တို့က ၁၂၅၉-ခုနှစ်၊ ဝါဆိုလဆန်း(၁၃)ရက်၊တနင်္ဂနွေနေ့ တွင် ဖွားမြင်ခဲ့သည်။ ရဟန်းဘောင်သို့ ဝင်ရောက်လာပုံ၁၂၆၉-ခုနှစ် သက်တော် ၁၀ နှစ် အရွယ်တွင် ဝမ်းဘဲအင်းရွာအနောက်ကျောင်းကြီး ဆရာတော် ဘဒ္ဒန္တသုဒဿနကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေ အဖြစ်သို့ ရောက်သည်။သက်တော် ၁၉ နှစ်အရွယ် ၁၂၇၈-ခုနှစ်၊ တပေါင်းလဆန်း (၄) ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် ဘဒ္ဒန္တသုဒဿန ကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူပြီး ဝမ်းဘဲအင်းရွာ အနောက်ကျောင်း ခဏ္ဍသိမ်၌ ရဟန်းအဖြစ်သို့ ရောက်သည်။ စာသင်သားဘဝရဟန်း (၃)ဝါအရတွင် အစိုးရ ငယ်၊ လတ်၊ ကြီး တန်းတို့ကို ဖြေဆိုရာ နှစ်ချင်းဆက် အောင်မြင်ခဲ့သည်။ပိဋကတ် ကျမ်းစာများ သင်ယူမှု တို့ကို ဝမ်းဘဲအင်းရွာ ဆရာတော်၊ ချောင်းဦးမြို့ မဟာဓမ္မာရုံ ဆရာတော်၊ မန္တလေးမြို့ မစိုးရိမ်တိုက်ဆရာတော် ဘဒ္ဒန္တသောမ၊ ဘဒ္ဒန္တသူရိယ၊ ဘုရားကြီးတိုက် ဆရာတော် ဘဒ္ဒန္တနာရဒ၊ ရွှေရေးဆောင်ဆရာတော် ဦးကြည် နှင့် ဖက်ပင်အိုင်ဆရာတော် ဘဒ္ဒန္တမေဃိယ စသော ဆရာတော်များ၏ထံရင်းတို့၌ သင်ယူခဲ့သည်။ သာသနာ့ကိစ္စများဆောင်ရွက်ခြင်း၁၂၉၃-ခုနှစ်တွင် ဝမ်းဘဲအင်းရွာ၊ အနောက် ကျောင်းကြီး၌ စာပေပို့ချခဲ့ပြီး ၁၂၉၅-ခုနှစ် မှစ၍ ပဲခူးမြို့၊ မြို့မပရိယတ္တိစာသင်တိုက်ကြီးဖွင့်လှစ် တည်ထောင်ကာ သက်တော်(၈၀)အထိ စာပေ ပို့ချခဲ့သည်။ ထို့အပြင် အောက်ပါ သာသနာရေး တာဝန် များလည်း ထမ်းဆောင်ခဲ့သည်။
ရေးသားခဲ့သော ကျမ်းများ
ဆက်ကပ်ပူဇော်ခြင်းခံရသောဘွဲ့တံဆိပ်များ
ဘဝနတ်ထံ ပျံလွန်တော်မူခြင်းဆရာတော်ကြီး သည် ၁၉၉၃ ခုနှစ်၊ ဧပြီ ၂၇ ရက်နေ့ တွင် အင်္ဂါနေ့ တွင် ရန်ကုန်မြို့ ၌ တစ်ဘဝ ခန္ဓာဇာတ် ကင်းပြတ်ချုပ်ငြိမ်း၊ ရုပ်သိမ်း ပျံလွန်တော်မူခဲ့သည်။[၂] ကိုးကား
|
Portal di Ensiklopedia Dunia