အမျိုးသားလွှတ်တော် |
---|
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် |
 |
အမျိုးအစား |
---|
အမျိုးအစား | ပြည်ထောင်စုလွှတ်တော် ၏ |
---|
သမိုင်းကြောင်း |
---|
တည်ထောင်ခြင်း | ၃၁ ဇန်နဝါရီ ၂၀၁၁ (၂၀၁၁-၀၁-၃၁) |
---|
ခေါင်းဆောင်များ |
---|
ဥက္ကဋ္ဌ | လစ်လပ် |
---|
ဒုဥက္ကဋ္ဌ | |
---|
ဖွဲ့စည်းပုံ |
---|
အမတ်ဦးရေ | အမတ်ဦးရေ ၂၂၄ ဦး |
---|
 |
အမျိုးသားလွှတ်တော် နိုင်ငံရေး အုပ်စုများ | NLD (၁၃၅)
USDP (၁၁)
ANP (၁၀)
SNLD (၃)
TNP (၂)
ZCD (၂)
MNP (၁)
NUP (၁)
PONO (၁)
တစ်သီးပုဂ္ဂလ (၂)
တပ်မတော် (၅၆) |
---|
ရွေးကောက်ပွဲများ |
---|
အမျိုးသားလွှတ်တော် နောက်ဆုံး ရွေးကောက်ပွဲ | ၈ နိုဝင်ဘာ ၂၀၂၀ |
---|
ဆွေးနွေးရာနေရာ |
---|
 |
ပြည်ထောင်စုလွှတ်တော်၊ နေပြည်တော် |
ဝက်ဘ်ဆိုဒ် |
---|
amyotha.hluttaw.mm |
အမျိုးသားလွှတ်တော်သည် မြန်မာနိုင်ငံ၏ ဥပဒေပြုဌာနတစ်ရပ်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်၏ အထက်လွှတ်တော်ဖြစ်သည်။ အမျိုးသားလွှတ်တော်တွင် အမတ် ၂၂၄ ဦး ပါဝင်ဖွဲ့စည်းထားသည်။ ၁၆၈ ဦးမှာ လူထုမှ ရွေးကောက်တင်မြှောက် ထားသူများဖြစ်ကာ ကျန် ၅၆ ဦးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ အမည်တင်သွင်းထားသည့် တပ်မတော်သား ကိုယ်စားလှယ်များ ဖြစ်သည်။ လူထုရွေးကောက်တင်မြှောက်ပုံမှာ ပြည်နယ်(သို့)တိုင်းဒေသကြီး တစ်ခုစီမှ ကိုယ်စားလှယ် ၁၂ ဦးစီ အချိုးကျနှုန်းဖြင့် သက်ဆိုင်ရာပြည်နယ် (သို့) တိုင်းဒေသကြီးများတွင် ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသည့် မဲဆန္ဒနယ်များမှ ရွေးကောက်တင်မြှောက်ခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုတို့မှ ကိုယ်စားလှယ် ၁၆၈ ဦး (၁၄×၁၂) တင်မြှောက်ခြင်းဖြစ်သည်။
အမျိုးသားလွှတ်တော်၏ သက်တမ်းမှာ ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့် နေ့မှစ၍ ၅ နှစ် ဖြစ်သည်။ လက်ရှိ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌမှာ လစ်လပ်နေသည်။
အမျိုးသားလွှတ်တော်ရှိ လူထုမှ ရွေးကောက်တင်မြှောက်သော ကိုယ်စားလှယ်များသည် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ဖွဲ့စည်းကာ ဒုတိယသမ္မတ တစ်ဦးကို ရွေးချယ်ခွင့်ရှိသည်။
တပ်မတော်သား ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော်မှ တပ်မတော်သား ကိုယ်စားလှယ်များနှင့် သမ္မတရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ ၎င်းတို့နှစ်သက်ရာ ဒုတိယသမ္မတ ၁ ဦးကို ရွေးချယ်ခွင့်ရှိသည်။
အမတ်များ
၂၀၁၀ - ၂၀၁၅
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ
၂၀၁၆ မှ ယနေ့အထိ
ကော်မတီ/ကော်မရှင်များ [၅]
ကိုးကား
|
---|
|
အုပ်ချုပ်ရေး | In government | |
---|
ပြည်ပရောက် အစိုးရအဖွဲ့ | |
---|
|
---|
ဥပဒေပြုရေး | In government | |
---|
ပြည်ပရောက် အစိုးရအဖွဲ့ | |
---|
|
---|
တရားစီရင်ရေး | |
---|
ဝန်ကြီးဌာနများ | |
---|
အဖွဲ့အစည်းများ | |
---|
ကော်မရှင်များ | |
---|
ဥပဒေစိုးမိုးရေး | |
---|
|