ဗညားကျန်းထော

ဗညားဗရူးအားသတ်ဖြတ်နန်းချပြီး ဗညားကျန်းထောနန်းတက်သည်။ ဗညားဓမ္မရာဇာ ၏ သားတော်ဖြစ်သည်ဟုဆိုသည်။ နန်းသက်၅နှစ် တွင် ဝမ်းကွဲညီနောင်ဖြစ်သူ လိပ်မွတ်ထောကလုပ်ကြံသဖြင့် ကံကုန်သည်။ ၎င်းနောက်တွင် လိပ်မွတ်ထော ဟံသာ၀တီ နန်းကိုသိမ်းပိုက်စိုးစံသည်။၎င်းလက်ထက်တွင် ရွှေတိဂုံ စေတီတော်ကို ဉာဏ်တော်တိုးမြှင့်ပူဇော်ရာ ဉာဏ်တော် ၂၁၆ - တောင်၊ ၂ - မိုက်၊ ၅ - သစ်အထိသာ ပြီးသည်။

  • အချို့သောမူများတွင် ဗညားကျန်းထောမှာ အင်း၀တွင် သွားရောက်ခိုလှုံနေပြီးမှ ဗညားဗရူးလွန်သဖြင့် အင်း၀ဘုရင် နရပတိကလာရောက် နန်းတင်ပေးခဲ့သည်ဟုဆိုသည်။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya