အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်
မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် သည် မြန်မာအစိုးရအဖွဲ့ရှိ ရာထူးနေရာတစ်ခု ဖြစ်သည်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အစိုးရ လက်ထက်တွင် စတင်ပေါ်ပေါက်လာသည့် ရာထူးတခုလည်း ဖြစ်သည်။ ထိုရာထူးနေရာကို သမ္မတဦးထင်ကျော် က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၈/၂၀၁၆) ဖြင့် သဘောတူဆုံးဖြတ်ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် လက်မှတ်ရေးထိုး ခန့်အပ်တာဝန်ပေးသည်။[၁] ဤရာထူးကို ဦးသောင်းထွန်း အား စတင်ခန့်အပ်သည်။ တာဝန်နှင့် လုပ်ပိုင်ခွင့်များအမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် သည် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အား ပြည်တွင်းပြည်ပ အန္တရာယ်များနှင့်စပ်လျဉ်း၍ မဟာဗျူဟာရှုထောင့်မှ လေ့လာသုံးသပ်အကြံပြုရသည်။ အကြံပေးပုဂ္ဂိုလ်ရာထူး ကို ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်သည်။ ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးသည့်နောက်ပိုင်း တွင်လည်း အဆိုပါရာထူးနေရာအား ဆက်လက်ခန့်ထားသည်။[၂] ထိုသို့ဆက်လက်ခန့်ထားရာတွင် တာဝန် နှင့် လုပ်ပိုင်ခွင့် အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတို့ အား အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဘက်ပေါင်းစုံမှ လေ့လာသုံးသပ်အကြံပြုနိုင်ရန်အတွက် ဟု သတ်မှတ်ပေးသည်။[၃]
အကြံပေးပုဂ္ဂိုလ်များ စာရင်း
ကိုးကား
|
Portal di Ensiklopedia Dunia