မဇ္ဈိမဒေသ

မဇ္ဇျိမ

မဇ္ဈိမဒေသ

ဝိနယပိဋက၌ မဇ္ဈိမဒေသ၏အပိုင်းအခြားကို ဤသို့သောနည်းဖြင့် ပြဆိုအပ်ခဲ့သည်။

အရှေ့အရပ်၌ ကဇင်္ဂလနိဂုံး၊ အရှေ့တောင်အရပ်၌ သလလဝတီမြစ်၊ တောင်အရပ်၌ သောတကဏ္ဏိကနိဂုံး၊ အနောက်အရပ်၌ ထူဏအမည်ရှိ ဗြဟ္မာဏ်တို့၏ရွာ၊ မြောက်အရပ်၌ ဥသီရဒ္ဓဇတောင်ဖြစ်၏။ မဇ္ဈိမဒေသသည် (၃၀ဝ)ယူဇနာရှည်သည်။ ထို့ပြင် ၂၅၀-ယူဇနာကျယ်ပြန့်လေသည်။ ဤမဇ္ဈိမဒေသ၏ အဝန်းသည် ၉၀ဝ-ယူဇနာ ရှိလေသည်။

ဤအဝန်းကား ဇဗ္ဗူဒီပ ခေါ် ဘာရတနိုင်ငံ၏ တစ်ခုသော ကျယ်ဝန်းသော အဘို့ ဖြစ်လေသည်။

ထိုခေတ်ကာလ၌ တိုင်းကြီး (၁၆)တိုင်းတို့တွင် ယင်း(၁၄)တိုင်းတို့သည် ဤမဇ္ဈိမဒေသထဲ၌ပင် ရှိခဲ့သည်။

တိုင်းကြီး (၁၆)တိုင်း

  1. ကာသိတိုင်း
  2. ကောသလတိုင်း
  3. အင်္ဂတိုင်း
  4. မဂဓတိုင်း
  5. ဝဇ္ဇီတိုင်း
  6. မလ္လတိုင်း
  7. စေဒိတိုင်း
  8. ဝစ္ဆတိုင်း
  9. ကုရုတိုင်း
  10. ပဉ္စာလတိုင်း
  11. မစ္ဆတိုင်း
  12. သူရသေနတိုင်း
  13. အဿကတိုင်း နှင့်
  14. အဝန္တိတိုင်း တို့ဖြစ်သည်။


ကြွင်းသော တိုင်းနှစ်တိုင်းမှာ ဂန္ဓာရတိုင်း နှင့် ကမ္ဗောဇတိုင်းတို့သည် ဥတ္တရာပထ၌ တည်ရှိခဲ့ကြကုန်သည်။


  • မဇ္ဈိမဒေသဆိုင်ရာစကားရပ်၌ ပါဝင်ခဲ့သော ရှေးဟောင်းဌာနများ၏ ယခုခေတ် တည်ရှိရာဌာနများကို အောက်ပါအတိုင်း လေ့လာမှတ်သားကြကုန်၏။
  1. ထုလ္လကောဋ္ဌိတ = ဒေလီမြို့အနီးရှိ ဗုဒ္ဓခေတ်က ထင်ရှားခဲ့သောမြို့ ဖြစ်သည်။
  2. ကဇင်္ဂလ, မုခေလုဝန = ယခုအခါ ကံကဂျိုလ် ခေါ်သည်။ ဆံထာလ ပရဂနာခရိုင်အတွင်း ဗီဟာရ်ပြည်နယ်ထဲ၌ ရှိသည်။
  3. သလလဝတီ = မေဒိနီပုရ် နှင့် ဟဂျာရီဗာဂ်ခရိုင်တို့၌ စီးဆင်းသော ဆိလာအီမြစ်။
  4. သံသုမာရဂိရိ = ယခုအခါ ကျူနာရ် ခေါ်သည်။ မိရ်ဂျာပုရ်ခရိုင်တွင် ရှိသည်။
  5. ဥသီရဒ္ဓဇ = ဟိရိဒွါရမြို့အနီးရှိ တစ်ခုသော တောင်ဖြစ်သည်။
  6. သေတကဏ္ဏိက = ဟဂျာရီဗာဂ်ခရိုင်အတွင်းရှိ တစ်ခုသော အရပ်ဌာန ဖြစ်သည်။
  7. ထူဏ = ယခုခေတ် ထာနေဆရ် ခေါ်သည်။ ကရ်နာလ်ခရိုင်အတွင်း (ဒေလီမြို့ မြောက်ဘက်၌) ရှိသည်။



ဗုဒ္ဓဘုရားရှင်သည် မဇ္ဈိမဒေသ၌သာလျှင် လှည့်လည်တော်မူ၍ ဗုဒ္ဓဓမ္မကို ဟောကြားတော်မူခဲ့သည်။ ဘုရားရှင်သည် ဒေသစာရီကြွချီတော်မူရာဝယ် အနောက်ဘက်အရပ်၌ မထုရာ၊ ထို့ပြင် ကုရုတိုင်း၏ ထုလ္လကောဋ္ဌိတမြို့မှ ရှေ့သို့တိုး၍ ကြွတော်မမူခဲ့ပေ။ အရှေ့ဘက်အရပ်၌ ဂဇင်္ဂလနိဂုံး၏ မုခေလုဝန ထို့ပြင် အရှေ့တောင်အရပ်ရှိ သလလဝတီမြစ်၏ ကမ်းတဘက်ကို ကူးကြွတော်မမူခဲ့ပေ။ တောင်ဘက်အရပ်၌ သံသုမာရဂိရိစသော ဝိဉ္ဈာစလတောင်အနီးရှိ နိဂုံးတို့သို့တိုင်အောင်သာလျှင် ကြွတော်မူခဲ့သည်။ မြောက်ဘက်အရပ်၌ ဟိမဝန္တာတောင်ခြေအပြင်ရှိ ဆာပုဂနိဂုံး၊ ထို့ပြင် ဥသီရဒ္ဓဇတောင်မှအထက် ကြွတော်မူခဲ့ကြောင်းကို မတွေ့မမြင်ခဲ့ရပေ။ []

ကိုးကား

  1. ဘဒ္ဒန္တဇောတိကာဘိဝံသ ပါဠိပါရဂူ၊ သိရီပဝရဓမ္မာစရိယ၊ သကျသီဟဓမ္မာစရိယ (သက္ကတ, ပါကတ, ပါဠိ, ဟိန္ဒီ, အင်္ဂလိပ် ၅-ဘာသာ) ဘာသန္တရကောဝိဒ၊ ဇောတိကာရုံစာချကျောင်း၊ တောင်ထီးလင်းတိုက်၊ မန္တလေးမြို့။ (ဗုဒ္ဓခေတ် ဘာရတနိုင်ငံ ပထဝီဝင် လေ့လာချက် စာအုပ်)
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya