အဝန္တိတိုင်းဝံသတိုင်းကြီး၏ သာ၍ တောင်ဘက်ကျသော၎င်းနှင့်စပ်လျက် တည်ရှိသော နိုင်ငံ အဝန္တိတိုင်းဖြစ်၍ မြတ်စွာဘုရားလက်ထက်တော်က ထင်ရှားသော တိုင်းကြီးတစ်တိုင်း ဖြစ်သည့်အပြင် ဝိနည်းဒေသနာတော်တွင် ထင်ရှားသော ဇီဝက သမားတော်ကြီးအကြောင်း အတ္ထုပ္ပတ် ဖြစ်ပွားရာဌာန ဥဇ္ဇေနီမြို့တော်ကြီးလည်း သာသနာနောက်ခေတ်တိုင်အောင် ထင်ရှားသော မြို့တော်ကြီးဖြစ်လေသည်။ ၎င်းမြို့တော်၌ ပဇ္ဇောတမင်းတရားကြီး အုပ်ချုပ် စိုးစံ၍ ၎င်းမင်းကြီးမှာ ကြမ်းတမ်းခက်ထန်သော စိတ်သဘောရှိသောအားဖြင့် စဏ္ဍပဇ္ဇောတ မင်းကြီး-ဟု နောက်အခါ၌ တွင်ခဲ့လေသည်။ [၁]
အရှေ့တောင်ဘက် နယ်စပ်မှာ အဿကတိုင်းနှင့် စပ်၍ အနောက်မြောက်ဘက်မှာ ဝိန္ဒုတောင်တန်း နမ္မဒါမြစ်ကမ်းတလျောက် သောဝီရတိုင်းနှင့် စပ်လျက် တည်ရှိသင့်၏။ နယ်ပယ်အကျယ်အဝန်း အပိုင်းအခြားမှာကား ကာလရှည်လျားသဖြင့် အမှန် အကန် အမြဲတည်နေနိုင်ရန် မဖြစ်နိုင်အောင် ခဲယဉ်းကုန်၏။ [၁] မဟေသယမြို့တော်၎င်းအဝန္တိတိုင်း၏ မြို့တော်မှာ မဟာဂေါဝိန္ဒပုဏ္ဏားကြီး တည်ထောင်စဉ်က မဟေသယ မြို့တော် ဖြစ်သော်လည်း မြတ်စွာဘုရား လက်ထက်တော်မှာ ဥဇ္ဇေနီမြို့တော်ဖြစ်နေသည်ကား ၎င်းမဟေသယ-ဟူသော အမည်မှာ နောက်၌တည်ထောင်သော မြို့တော်ဖြစ်၍ ၎င်းမဟေသယမြို့တော်သည်ကား ရှေးဟောင်းရာဇဝင် မှတ်တမ်းများ၌လည်းကောင်း, သက္ကတကျမ်းစာများ၌လည်းကောင်း ရေးသားသော မဟိသျှမတိခေါ် နမ္မဒါမြစ်တောင် ဘက်ကမ်း၌ တည်ရှိသော မြို့ဟောင်းကြီးဖြစ်ကြောင်း, ၎င်းအမည်မှာ မဟေသယမဟိသျှ မဟိသယ-ဟု အနည်းငယ်မျှသာ ခြားနားကြောင်း နေရာဌာနမှာလည်း မှန်နိုင်လောက် သည်-ဟု ယူဆထိုက်ကြောင်း, ရှေးဟောင်းပထဝီဝင်ဆရာကြီးများ ရေးသားသည်မှာ အမှန် ဟုပင် မှတ်ယူသင့်၏။ [၁] ဤဇမ္ဗူဒီပါကျွန်းကြီးမှာ မြတ်စွာဘုရားလက်ထက်တော်က များသောအားဖြင့် အလယ်ပိုင်း၌ တိုင်းကြီး ၁၆-တိုင်း ရှိနေသဖြင့် ရှေး ၇-တိုင်းမှ ၂-ဆမျှ တိုင်းနယ်ကွဲပြား၍ တိုင်းနိုင်ငံတို့၏ အကျဉ်းအကျယ်ကား မတူညီနိုင်သည့်ပြင် မြို့တော်သစ်များလည်း တည်ဆောက်ကာ နေရာဌာန မတည်မြဲနိုင်ဘဲ ခေတ်အားလျော်စွာ ပြောင်းလဲမည်ဖြစ်သောကြောင့် တိုင်းနိုင်ငံ တည်ရာဌာနသာ ပဓာနထားလျက် ပိုင်းခြားဝေဖန်အပ်ကုန်၏။ ထိုမှတစ်ပါး အကြောင်းအရာ အတ္ထုပ္ပတ်နှင့် အသေးစိတ် စိစစ်ချက်များသည် နောက်သောဠသ အပိုင်း၌ ထင်ရှားလတ္တံ့ဖြစ်၍ အထူး မစိစစ်တော့ပြီ။ [၁] ကိုးကား |
Portal di Ensiklopedia Dunia