မလွန်ဈေးဆန်လှူအသင်းကြီး![]() မလွန်ဈေးဆန်လှူအသင်းကြီးသည် သီပေါမင်းတရား ပါတော်မူသည့်နှစ် (၁၈၈၅)ခုနှစ်အလွန် (၁၁)နှစ်အကြာမှာ စတင်တည်ထောင်ခဲ့သည်။ မန္တလေးမြို့ရှိ နှစ်ပေါင်း(၁၂၀)ကျော်ရှိပြီ ဖြစ်၍ ရှားရှားပါးပါး ပရဟိတအသင်းကြီး ဖြစ်သည်။ ထိုနှစ်တစ်ရာကျော် ခရီးအတွင်း လှုပ်ရှားမှုနှင့် တိုးတက်ရှင်သန်နေသော အဖွဲ့အစည်းကြီး ဖြစ်သည်။ မြန်မာသက္ကရာဇ်(၁၂၅၈)-ခုမှ စတင် ဖွဲ့စည်းခဲ့သည်။ အသင်းကြီး၏ ဖွဲ့စည်းခွင့်အမှတ်မှာ (၁၂၅၃) ဖြစ်သည်။ တည်နေရာမလွန်မြို့ကို အပိုင်စားရသော ဘိုးတော်ဘုရား၏ သားတော် သတိုးမင်းလှကျော်စွာ ဘွဲ့ခံ မလွန်မြို့စား မလွန်မင်းသားကြီး နေထိုင်သွားခဲ့ရာ မန္တလေးမြို့ရှိ မလွန်ဈေးရပ်မှာ အခြေတည်ပြီး ဘုရားဒါယကာကြီး ဦးကျောက်ခဲ အမှူးပြုသော မန္တလေးသူ မန္တလေးသား ရှေးမြန်မာကြီးများက အသင်းကို စတင်တည်ထောင်ခဲ့သည်။ အသင်းကြီး၏ တည်နေရာမှာ ၃၂-လမ်း၊ ၈၅-လမ်းနှင့် ၈၆-လမ်းကြား၊ မလွန်ရပ်၊ မန္တလေးမြို့ဖြစ်သည်။ ဆက်သွယ်ရန် ဖုန်းနံပါတ်မှာ ၀၂-၄၀၃၉၂၄၀၊ ၀၂-၄၀၂၃၇၁၇ တို့ဖြစ်ပါသည်။ အသင်းတံဆိပ်၏ အဓိပ္ပာယ်ယုန်ဖြူတံဆိပ်ကို အဝါရောင်၏ အလယ်ဗဟိုတွင် အနီရောင် ဝန်းရံလျက် စက်ဝိုင်းပုံသဏ္ဌာန် ခတ်နှိပ် ထားခြင်း ဖြစ်သည်။ ယုန်မင်း (ဘုရားအလောင်းတော်) ဘဝက အလှူခံ ပုဏ္ဏားကို ပေးလှူစရာ ပစ္စည်းမရှိသဖြင့် ရိပ်က္ခာအလှူပေးရာတွင် မိမိ၏ အသက်ခန္ဓာကိုယ်ပင် မငဲ့ကွက်ဘဲ သူ၏ ခန္ဓာကိုယ်ကို သုံးဆောင်ပါတော့ဟု မီးပုံအတွင်းခုံဆင်းကာ အသက်စွန့်လှူဒါန်းခဲ့သည်။ ထိုသို့ ကြီးမြတ်သည့် စိတ်ဓာတ်ကြောင့် ယုန်မင်းကို မီးမလောင်ခဲ့ပေ။ ထိုအဖြစ်အပျက်ကို ရှေးလူကြီးများက ဇီဝိတဒါနပါရမီဟု မော်ကွန်းထိုးကြသည်။ အသင်း၏ လုပ်ဆောင်မှုမလွန်ဈေး ဆန်လှူအသင်းကြီးသည် မြန်မာပြည်အတွင်း အနယ်နယ်အရပ်ရပ်မှ အလှူခံရရှိသော ဆွမ်းဆန်များကို နှစ်စဉ် တော်သလင်းလ၌ စစ်ကိုင်း၊ မင်းကွန်း၊ မင်းဝံ တောင်ရိုးကြီး သုံးရပ်နှင့် မန္တလေး လေးပြင်လေးရပ်မှာ သီတင်းသုံးကြသည့် ရဟန်း သာမဏေ၊ သူတော်၊ သီလရှင်များကို ပေးလှူသော အသင်းကြီး ဖြစ်သည်။ တိုးချဲ့လှူဒါန်းမှုအသင်းကြီးတည်ထောင်စဉ်က အလှူခံရရှိသော ဆွမ်းဆန်များကို စစ်ကိုင်း၊ မင်းကွန်း၊ မင်းဝံ တောင်ရိုးကြီး သုံးရပ်ရှိ သီတင်းသုံးကြသည့် ရဟန်း သာမဏေ၊ သူတော်၊ သီလရှင်များကိုသာ လှူဒါန်းခဲ့သည်။ မြန်မာသက္ကရာဇ်(၁၃၄၃)ခုတွင် မင်းကွန်းဆရာတော်ဘုရားကြီး အရှင်ဦးဝိစိတ္တသာရဘိဝံသနှင့် သဲကုန်းသီတဂူအရှင်ဉာဏိဿရ ဆရာတော်ကြီးများ၏ တိုက်တွန်းနှိုးဆော်မှုများကို အခြေခံပြီး မန္တလေးငါးမြို့နယ်ရှိ သီတင်းသုံးကြသည့် ရဟန်း သာမဏေ၊ သူတော်၊ သီလရှင်များကိုပါ ဆွမ်းဆန်တော် တိုးချဲ့လှူဒါန်းလာခဲ့သည်မှာ ယခုချိန်အထိ ဖြစ်သည်။ အသင်းကြီး၏ ဩဝါဒါစရိယ ဆရာတော်ကြီးများ
ဓမ္မကထိကဆရာတော်ကြီးများနှင့် နယ်လှည့်ဓမ္မကထိကဆရာတော်ကြီးများဓမ္မကထိကဆရာတော်ကြီးများ
နယ်လှည့်ဓမ္မကထိကဆရာတော်ကြီးများ
အသင်း၏ ဌာနခွဲများ
အသင်း၏ ဖွဲ့စည်းပုံအသင်း၏ အစဉ်အလာ လုပ်ငန်းဆောင်တာများကို နာယက၊ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး(၂)ဦး၊ ငွေထိန်း၊ စာရင်းစစ်၊ အမှုဆောင်များ စုစုပေါင်း(၂၅)ဦးနှင့် စနစ်တကျ ဖွဲ့စည်းထားသည်။ ယခု အသင်းကြီး၏ ဥက္ကဋ္ဌကြီးမှာ ဦးစိန်ဝင်း ဖြစ်သည်။ တစ်ပြည်လုံးတွင် စေတနာ့ဝန်ထမ်း မလွန်ဆန်လှူ အသင်းထောက် (၄၀၀)ကျော်က ပရဟိတ စိတ်ရင်း အပြည့်နှင့် ပါဝင်လုပ်ဆောင်ပေးနေကြသည်။ ရေတစ်တန် ကုန်းတစ်တန်ရှေးဦးစွာ မြန်မာပြည်ရှိ နေရာဒေသအနှံ့ကို မလွန်ဓမ္မကထိက ဆရာတော်များက နယ်လှည့်တရားပွဲများ ဆင်ယင်ကျင်းပ ဟောကြားကြသည်။ လုပ်ငန်းပေါင်းစုံ၊ လူတန်းစားအလွှာစုံ၊ အနယ်နယ်အရပ်ရပ် အလှူရှင်များက လှူဒါန်းကြသော ဆွမ်းဆန်များကို စက်လှေ၊ မော်တော်၊ သင်္ဘော၊ ကားများ၊ ထော်လာဂျီများ၊ လှည်းများဖြင့် မလွန်ဆန်လှူ အသင်းထောက်များက အမျိုးမျိုးအဖုံဖုံ သယ်ယူကာ မန္တလေးအသင်းတိုက်သို့ ပို့ဆောင်ရလေသည်။ ထိုမှတဆင့် မန္တလေးအသင်းတိုက်က စနစ်တကျ မှတ်တမ်းပြုစုကာ ထားရသည်။ ပြီးလျှင် ဆွမ်းဆန်တော်များကို အလှူခံပုဂ္ဂိုလ်များ၏ လက်ဝယ်အရောက် ပို့ဆောင်ပေးရသည်။ စစ်ကိုင်းဘက်သို့ ရေလမ်းမှ စီဘီတွဲ၊ မော်တော်၊ သင်္ဘောများဖြင့် ပို့ဆောင်ဖြန့်ဝေ လှူဒါန်းပါသည်။ ဖြန့်ဝေလှူဒါန်းမှုနှုန်းတောင်ရိုး(၃)ရပ်ရှိ
ရဟန်းတော်တစ်ပါးလျှင် ဆွမ်းဆန် = ၃တင်း ၁စိတ်၊ မန္တလေး(၇)မြို့နယ်ရှိ ရဟန်း၊ သာမဏေ၊ သူတော်၊သီလရှင် တစ်ပါးလျှင် (၈)ပြည်ကျစီ ဖြန့်ဝေလှူဒါန်းပါသည်။[၁] ကိုးကား
|
Portal di Ensiklopedia Dunia