လယုန်
လယုန် သည် အရှေ့တိုင်းရိုးရာမှ ဒဏ္ဍာရီဆန်ဆန်ပုံရိပ်ဖြစ်ပြီး လပေါ်တွင် မှောင်မိုက်သောအမှတ်အသားများကို ယုန်အဖြစ်ဖော်ပြသည့် ဆင်တူအဓိပ္ပာယ်ကောက်ယူမှု (pareidolia) အပေါ် အခြေခံသည်။ ဤရိုးရာယဉ်ကျေးမှုသည် တရုတ်နိုင်ငံမှ စတင်ခဲ့ပြီး အခြားအာရှယဉ်ကျေးမှုများသို့လည်း ပျံ့နှံ့သွားခဲ့သည်။ အရှေ့အာရှ ရိုးရာယဉ်ကျေးမှုတွင် ယုန်သည် ဆန်ဖွတ်နေသည်ဟုရှုမြင်သော်လည်း တရုတ်၊ ဂျပန် နှင့် ကိုရီးယား ရိုးရာတို့တွင်မူ ခြားနားသည်။ တရုတ်ရိုးရာယဉ်ကျေးမှုတွင် ယုန်သည် လနတ်သမီး ချန်အာ ၏အဖော်အဖြစ် မကြာခဏဖော်ပြလေ့ရှိသည်။ သို့သော် ဂျပန်နှင့်ကိုရီးယားဘာသာပြန်ကျမ်းများတွင်ယုန်သည် Mochi (ဂျပန်ဆန်ကိတ်မှုန့်) သို့မဟုတ် အခြားဆန်ကိတ်မုန့်တို့အတွက် ပါဝင်ပစ္စည်းများကို ဆန်ဖွတ်သလို ဖွတ်ပေးနေသည်ဟု ယူဆထားကြသည်။ အချို့သော တရုတ်ဘာသာပြန်ကျမ်းများတွင် ယုန်သည် လူများအတွက် ဆေးကိုထောင်းပေးသည်ဟု ဆိုသည်။ သမိုင်းနောက်ကြောင်းဗုဒ္ဓဘာသာထေရဝါဒ ဗုဒ္ဓဘာသာတွင် မြတ်စွာဘုရား ဟောကြားထားသော ယုန်နှင့်လအကြောင်း ဇာတ်တော်ရှိသည်။[note ၁] ဗာရာဏသီပြည်ရှိ တောအုပ်ကြီးတစ်ခုတွင် ဘုရားလောင်းသည် ယုန်မျိုးဖြစ်၍ ညချမ်းရောက်လျှင် ယုန်ပညာရှိက ဒါန၊ သီလ၊ ဥပုသ် စသော ကုလိုလ်ကောင်းမှုများကို ပြုကျင့်သင့်ကြောင်း ပညာရှိမိတ်ဆွေ ဖျံ၊ မြေခွေး၊ မျောက်တို့အား ဟောပြောဆုံးမလေ့ရှိသည်။ ညတစ်ညတွင် ယုန်မင်းသည် လကိုကြည့်၍ မနက်ဖြန်ဥပုသ်နေ့ဖြစ်မည်ကိုသိသဖြင့် မိတ်ဆွေတို့အား မနက်ဖြန်ဥပုသ်စောင့်တည်ရန်နှင့် မိမိတို့ရှာဖွေရရှိသော အစားအစာတချို့ကို အလှူခံပုဂ္ဂိုလ်အား ပေးလှူရန် ယုန်မင်းက ဆုံးမသည်။ ဥပုသ်နေ့ နံနက်စောစော၌ ပညာရှိဖျံသည် အစာရှာထွက်သောအခါ ပိုင်ရှင်မဲ့ ငါးကြင်းခုနှစ်ကောင်ကိုတွေ့၍ ဥပုသ်သီလကို အောက်မေ့သတိရလျက် ‘ရရှိသောငါးတချို့ကို လှူစရာရှိလျှင်လှူမည်၊ ကိုယ်တိုင်လည်း မွန်းမတည့်မီ စားသုံးမည်’ ဟု ဆုံးဖြတ်ချက်ချခဲ့သည်။ ပညာရှိမြေခွေးလည်းအစာရှာထွက်သောအခါ ပိုင်ရှင်မဲ့ အမဲတံစို့ ၂ ခု၊ ဖွတ်ကင် ၁ ခု၊ နို့ဓမ်း (နို့ချဉ်၊ နို့ခဲ) အိုး ၁ လုံးတွေ့၍ ပညာရှိမျောက်မှာ တောတွင်းရှိ သရက်သီးတစ်ခိုင်တွေ့လေသည်။ ပညာရှိမြေခွေးနှင့် ပညာရှိမျောက်တို့လည်း ပညာရှိဖျံကဲ့သို့ပင် ဆုံးဖြတ်ချက်ချခဲ့ကြသည်။ ဘုရားလောင်းယုန်မင်းသည်လည်း နေဇာမြက်ကိုစားမည်ဟုကြံရွယ်ပြီး ဥပုသ်သီလကို ဆင်ခြင်နေသည်။ သို့သော် အလောင်းတော်ယုန်မင်းက “ငါစားသုံးသည့်မြက်သည် သူတစ်ပါးအား ပေးလှူရန် မသင့်တော်ပေ။ လှူဒါန်းရန်သင့်သည့် အစားအသောက်ဖြစ်သော ပြောင်း၊ ဆန်၊ နှမ်း ငါ့မှာမရှိချေ။ အကယ်၍ အလှူခံပုဂ္ဂိုလ် ငါ့ထံလာခဲ့သော် ငါ၏ကိုယ်အသွေးအသားတို့ကို ပေးလှူမည်။” ဟု တွေးတောနေခဲ့သည်။ ထိုအချိန်တွင် ဘုရားလောင်းယုန်မင်း၏အကြံအား သိရှိသော သိကြားမင်းသည် ပုဏ္ဏားအသွင်ဖန်ဆင်းပြီး ယုန်မင်းထံတွင် အလှူခံရန် အကြံထုတ်လေသည်။ ရှေးဦးစွာ ပုဏ္ဏား (သိကြားမင်း) သည် ပညာရှိဖျံ၏နေရာထံသွား၍ ဥပုသ်ဆောက်တည်လိုသောကြောင့် စားစရာတစ်ခုအလိုရှိသည်ဟု အလှူခံလေရာ ဖျံက သူ့ထံတွင်ရှိသော ငါးကို ချက်ပြုတ်စားသောက်ရန် ပုဏ္ဏားအား ပေးအပ်လေသည်။ ပုဏ္ဏားကလည်း အချိန်တန်မှ စားသုံးမည်ဟု သဘောတူခဲ့သည်။ ထို့နောက် ပညာရှိမြေခွေးထံသို့ စားစရာအလှူခံလေရာ မြေခွေးက အမဲ၊ ဖွတ်ကင်နှင့်နို့ဓမ်းတို့ကို စားသုံး၍ နေထိုင်နိုင်သည်ဟုဆိုသဖြင့် ပုဏ္ဏားက အချိန်တန်မှ စားသုံးမည်ဟူ၍ ပြန်လည်ပြောကြားခဲ့သည်။ ထိုနည်းတူ ပညာရှိမျောက်ထံသို့သွားရောက်ပြီး အလှူခံရာ မျောက်ကလည်း သရက်သီးမှည့်ပေး၍ အေးချမ်းသာယာသည့် အရိပ်အာဝသတွင် နေထိုင်ရန် ပုဏ္ဏားအား ဖိတ်ခေါ်ရာ ပုဏ္ဏားက ခေတ္တစောင့်ပါ၊ အချိန်တန်မှ စားသုံးမည်ဟု ပြောဆိုပြန်သည်။ နောက်ဆုံးတွင် ဘုရားအလောင်းယုန်မင်းထံသွားရောက်ကာ ဥပုသ်ဆောက်တည်လိုသည်ဖြစ်၍ စားစရာအလှူခံပါကြောင်း ပုဏ္ဏားက ပြောဆိုလေရာ ယုန်မင်းသည် လွန်စွာဝမ်းမြောက်ပြီး “အသင်ပုဏ္ဏား....ကျွန်ုပ်သည် မလှူဖူးသောအလှူမျိုးကို ယနေ့လှူမည်။ ထင်းချောင်းများကိုစု၊ မီးကျီးပြု (မီးကျီးမီးခဲများ ရဲတောက်အောင်ပြု) ပြီးလျှင် ငါ့အား ပြောပါ။ ငါသည် မီးကျီးစု၌ဆင်းလျှင် ငါ၏ကိုယ်သည် အသားအဖြစ် ကျက်လတ်သည်ရှိသော် ငါ့အသားကို သင်စား၍ ရဟန်းတရားကိုကျင့်ပေလော့။” ပုဏ္ဏားအယောင်ဆောင်ထားသော သိကြားမင်းသည် မီးကျီးပြုပြီးနောက် ယုန်မင်းအား သွားရောက်ပြောကြားလေရာ ဘုရားအလောင်းယုန်မင်းသည် နေဇာမြက်အိပ်ရာမှထ၍ မီးကျီးစုထံသို့သွားပြီး ဝမ်းမြောက်သောစိတ်ဖြင့် မီးကျီးစုအတွင်းသို့ ခုန်ဆင်းလေသည်။ ထိုမီးကျီးစုသည် သိကြားမင်း၏တန်ခိုးအာနုဘော်ဖြင့် ဖန်ဆင်းထားခြင်းကြောင့် ယုန်မင်း၏ကိုယ်နှင့်အမွှေးတို့မှာ ပူလောင်ခြင်းမရှိ၊ ဆီးနှင်းသကဲ့သို့ အေးမြနေသည်။ ထိုအခါ ပုဏ္ဏားကိုခေါ်၍ ယုန်မင်းက “ပုဏ္ဏား…သင်ပြုသောမီးသည် အလွန်အေးနေသည်။ အဘယ်ကြောင့်နည်း။” ဟု မေးမြန်းရာ ပုဏ္ဏားက မိမိသည် ပုဏ္ဏားမဟုတ်ပဲ သိကြားမင်းဖြစ်ကြောင်း၊ ယုန်မင်း၏ဒါနပါရမီကို စုံစမ်းခြင်းဖြစ်ကြောင်းဆိုသည်။ ထို့နောက် သိကြားမင်းက “ယုန်ပညာရှိ…သင်၏ဂုဏ်ကျေးဇူးအကြောင်း ကမ္ဘာပတ်လုံးထင်ရှားခြင်းဖြစ်စေမည်” ဟုဆို၍ သိကြားမင်းသည် တောင်ကိုညှစ်၍ ထွက်လာသော တောင်ဆီဖြင့် လပြည့်ဝန်း၌ ယုန်ရုပ်အမှတ်ကိုရေးသားပြီးနောက် သိကြားမင်းလည်း မိမိနေရာသို့ ပြန်သွားလေသည်။ ပညာရှိလေးဦးစလုံး ဝမ်းမြောက်ကြည်နူးလျက် ဒါနကုသိုလ်၊ သီလကုသိုလ်ဖြင့် ဥပုသ်စောင့်ကြလေသည်။[၁][note ၂] တရုတ်နိုင်ငံတရုတ်နိုင်ငံ ဟန်ပြည်နယ်ကာလမှ ရှေးကဗျာဖြစ်သော Chu Ci အရ လပေါ်တွင် ယုန် (hare) ရှိသည်ဟု မှတ်ချက်ချသည်။ အနောက် ဟန်ပြည်နယ်ကာလ ယုန်များကိုတရုတ်နိုင်ငံသို့ မိတ်မဆက်ရသေးသဖြင့် မူရင်းပုံမှာ ယုန် (rabbit) မဟုတ်ဘဲ hare (ယုန်တစ်မျိုး) ဖြစ်ခဲ့သည်။ [၂] ဟန်မင်းဆက်မှ ကဗျာဆရာများသည် လပေါ်မှ ယုန်ကို Jade Hare (玉兔) သို့မဟုတ် Gold Hare (金兔) ဟုခေါ်ဆိုလေ့ရှိကြသည်။ တန်တရုတ် Tang China မှ နာမည်ကြီးကဗျာဆရာ လီပိုက သူ၏ကဗျာဖြစ်သော The Old Dust တွင် လပေါ်ရှိယုန်အကြောင်း စပ်ဆိုထားခဲ့သည်။ [၃]
အာရှတစ်ဝှမ်း ယုံကြည်မှုများလယုန်ဒဏ္ဍာရီသည် လူကြိုက်များပြီး အာရှရိုးရာအစဉ်အလာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ခေါ်ဆိုနိုင်သည်။ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ကိုရီးယား၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာ နိုင်ငံအသီးသီးရှိ ရိုးရာယဉ်ကျေးမှုတို့တွင်လည်း ၎င်းကို တွေ့မြင်နိုင်သည်။[၄][၅][၆] ဆောင်းဦးရာသီပွဲတော် ဗီယက်နမ် မြန်မာ အမေရိကားယဉ်ကျေးမှုများတွင် ယုန်ဇာတ်ကောင်များပါရှိသည်ဟုဆိုသည်။ ခေတ်သစ်ကိုးကားချက်များစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး
ပညာရေး
စာပေ
ရုပ်ရှင်ဂီတ
မှတ်စုများ
ကိုးကားချက်များ
ဆက်လက်လေ့လာရန်ပြင်ပလင့်များ |
Portal di Ensiklopedia Dunia