မိုက်မဲသောသူဌေး ပုံဥပမာ

မိုက်မဲသောသူဌေး၏ ပုံဥပမာ (အင်္ဂလိပ်: Parable of the Rich Fool) သည် ယေရှုခရစ် မိန့်ကြားခဲ့သော ပုံဥပမာတစ်ခု ဖြစ်ပြီး လုကာခရစ်ဝင်ကျမ်း တွင် ပါဝင်သည်။

ဤပုံဥပမာသည် ပိုင်ဆိုင်သည့်စည်းစိမ်ဥစ္စာများက ဘဝကို လုံခြုံစေမည် သို့မဟုတ် ကောင်းမွန်သောဘဝကို ဖန်တီးပေးနိုင်မည်ဟူသော ယုံကြည်မှု၏ အချည်းနှီးဖြစ်ပုံကို ဖော်ပြထားသည်။ ပုံဥပမာထဲမှ သူဌေးသည် မိမိ၏ လယ်မြေမှ အထွက်နှုန်းများစွာရရှိ၍ သိုလှောင်ရန် နေရာမလုံလောက်သောအခါ၊ လက်ရှိတိုက်များကို ဖျက်ဆီးပြီး ပိုမိုကြီးမားသည့် တိုက်များ ဆောက်လုပ်ကာ ပစ္စည်းဥစ္စာများကို သိုလှောင်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက် မိမိဝိညာဉ်အား နှစ်ပေါင်းများစွာ စားသောက်ပျော်မွေ့ရန် သတိပေးခဲ့သော်လည်း၊ ဘုရားသခင်က ၎င်း၏ဝိညာဉ်ကို ထိုည၌ပင် ရုပ်သိမ်းတော့မည်ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။ ထိုအခါ သူဌေးဆည်းပူးထားသော ဥစ္စာများ အဘယ်သူပိုင်မည်နည်းဟု မေးခွန်းထုတ်ခဲ့သည်။

ဤပုံဥပမာသည် စည်းစိမ်ဥစ္စာအပေါ် လွန်ကဲစွာ မှီခိုခြင်း၏ ဘေးဥပဒ်ကို သတိပေးပြီး၊ မြေကြီးပေါ်ရှိ ယာယီပစ္စည်းဥစ္စာများထက် ဘုရားသခင်ရှေ့တော်၌ ကြွယ်ဝခြင်း၏ အရေးပါပုံကို အလေးပေး ဖော်ပြထားသည်။

ပန်းချီဆရာ ရမ်းဗရန့် ရေးဆွဲခဲ့သော 'မိုက်မဲသောသူဌေး" (၁၆၂၇ ခုနှစ်)

ကျမ်းပိုဒ်

ဤကျမ်းပိုဒ်သည် လုကာခရစ်ဝင်ကျမ်း အခန်းကြီး ၁၂၊ အငယ် ၁၆ မှ ၂၁ ဖြစ်ပြီး၊ ယေရှုက "မိုက်မဲသောသူဌေး" ၏ ပုံဥပမာကို မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

၁၆ တဖန် ဥပမာစကားကို မိန့်တော်မူသည်ကား၊ “သူဌေးတဦး၌ မြေကောင်း၍ အသီးအနှံများလှ၏။ ၁၇ ထိုသူဌေးက၊ 'ငါသည် အဘယ်သို့ ပြုရမည်နည်း။ အသီးအနှံများကို သိုထားစရာအရပ်မရှိ။ ၁၈ ပြုမည်အကြံမူကား၊ ငါ့တိုက်များကိုဖျက်၍ ကျယ်သောတိုက်တို့ကို တည်ပြီးမှ၊ ငါ၏အသီးအနှံဥစ္စာရှိသမျှတို့ကို သိုထားမည်။ ၁၉ ငါ့ဝိညာဉ်အားလည်း၊ အချင်းဝိညာဉ်၊ သင်သည် နှစ်ပေါင်းများစွာသုံးဆောင်ရန် ဥစ္စာများကို သိုထားလျက်ရှိပြီ။ ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကို ပြုလော့' ဟု သူဌေးအကြံရှိ၏။ ၂၀ ထိုသို့ အကြံရှိစဉ်တွင် ဘုရားသခင်က၊ 'အချင်းလူမိုက်၊ ယနေ့ညဉ့်ပင် သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာအချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထားသော ဥစ္စာကို အဘယ်သူပိုင်မည်နည်း' ဟု သူဌေးအား မိန့်တော်မူ၏။ ၂၁ ထိုအတူ ကိုယ်အဘို့ ဘဏ္ဍာများကို ဆည်းဖူး၍၊ ဘုရားသခင်ရှေ့တော်၌ ဆင်းရဲသောသူ မည်သည်ကား၊ ထိုသူဌေးနှင့်တူသည်” ဟု မိန့်တော်မူ၏။ - ရှင်လုကာခရစ်ဝင်ကျမ်း ၁၂: ၁၆-၂၁, သမ္မာကျမ်းစာ

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya