မိုးညှင်းဆရာတော်ဘုရားကြီး![]() မိုးညှင်းဆရာတော် သည် မြန်မာနိုင်ငံသား ရဟန်းတော်တစ်ပါးဖြစ်၍ သမ္ဗုဒ္ဓေစေတီ ကဲ့သို့သော သာသနိကအဆောက်အဦများကို ဆောက်လုပ်ခြင်း၊ ကျမ်းစာများရေးသားပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထေရုပ္ပတ္တိအကျဉ်မိုးညှင်း ဆရာတော် လောင်းလျာကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ ဝင်းခနီးရွာ (မြန်မာဂုံညှင်းစု) တွင် ဦးမိုးနှင့် ဒေါ်ဘော် တို့က ၁၂၃၄ ခုနှစ် တပေါင်းလဆန်း(၂ဝ)ရက် သောကြာနေ့တွင် ဖွားမြင်ခဲ့ကာ မွေးချင်း(၇)ဖော်တွင် အငယ်ဆုံးဖြစ်သည်။ ငယ်နာမည်မှာ မောင်ဘိုးစ ဖြစ်၏။ မိခင်က အသက်(၅၆)နှစ် အရွယ်ရောက်မှသာ မွေးဖွားခဲ့သော အထွေးဆုံးသား လည်းဖြစ်သည်။ ခရမ်းမြိုနယ် အေးရွာဆရာတော် ဦးအာစရထံ၌ အခြေခံပိဋက စာပေ များ သင်ယူလျှက် အသက် (၁၃) နှစ် အရွယ်တွင် အေးရွာ ဆရာတော်ကြီးကို ဥပဇ္ဈပြု၍ ရှင်သာမဏေဝတ်သည်။ အရှင်သုမနဟူ၍ ဘွဲ့အမည် ရရှိသည်။ (၁၂၅၄) ခုနှစ် ဝါဆိုလဆန်း (၈) ရက်နေ့၌ မောင်းမရွာ ဦးအာစရ ဆရာတော်ကြီးကိုပင် ဥပဇ္ဈပြု၍ ရဟန်းဘောင်သို့ တက်သည်။ ရဟန်း (၄) ဝါ အရတွင် မန္တလေးသို့ စာသင်ထွက်ခဲ့သည်။ ဒက္ခိဏာရာမဘုရားကြီးတိုက်ဦး ရန်ကုန်ကျောင်း၌နေ၍ စာဝါများလိုက်ခဲ့သည်။[၁] ရဟန်းဝါ(၁၇) တွင် ပထမဆုံးအနေဖြင့် တောရဆောက်တည် တရားကျင့်သည်။ ပထဆုံးနေသော တောရမှာ မန္တလေး၊ မြစ်ငယ်မြို့အနီး အဲ့ဗျမက္ခရာတောရ ဖြစ်သည်။ ထိုတောရ၌ (၂) နှစ်နေပြီးသောအခါ မုံရွာနယ်ဆီသို့ ကြွလာခဲ့ရာ ထိုခရီးစဉ်တွင် ချောင်းဦးမြို့နယ် ခင်မွန်ရွာရှိ ဗောဓိတောရ ရွှေကျင်သုံးဂိုဏ်းချုပ်ထံပါး၌ (၃) လမျှ နည်းခံခဲ့သည်။ ထို့နောက် ရေစကြိုမြို့နယ် ဂူဖြူတောရဆရာတော်ကြီးထံ အကျင့်နည်းခံ (၂) လမျှ နေခဲ့၏။ ထိုမှနောက် မုံရွာမြို့ ကမ္ဘာကျော် လယ်တီဆရာတော် ထံပါးတွင် ကမ္မဋ္ဌာန်းတရား အားထုတ်နည်းယူ၍ လယ်တီဆရာတော်ကြီး၏ ဩဝါဒနှင့် ညွန်ကြားမှုကို ခံယူလျှက် မိုးညှင်းတောရ သို့ ၁၂၇၃ ခုနှစ် ဝါဆိုလတွင် ရောက်ရှိခဲ့သည်။ ဤမိုးညှင်းတောရဌာနသို့ ရောက်သည်မှစ၍ လယ်တီဆရာတော်ကြီး၏ ဩဝါဒအတိုင်း လိုက်နာကာ ဒကာ၊ ဒကာမတို့နှင့် စကားမပြော တရားမဟောဘဲ ဆယ်နှစ်တိုင်တိုင် တရား ကျင့်ကြံခဲ့သည်။ ဆယ်နှစ်တိုင်တရားအားထုတ်၍ တရားအသိဉာဏ် ပေါက်သောအခါမှ မြန်မာနိုင်ငံ အမြို့မြို့ အရွာရွာ တရားဟောလှည့်လည် ဟောကြားခဲ့သည်။ ဆရာတော်၏ တရားများလှည့်လည်ဟောကြားမှုကြောင့် လူသိထင်ရှားလာခဲ့သည်။ ယင်းနောက် ပရိသတ်များ အမြဲထာဝရ ကုသိုလ်တရားတိုးပွားစေရန် ရည်ရွယ်၍ သမ္ဗုဒ္ဓေ စေတီတော်ကြီးမှအစ အမျိုးမျိုးသောသာသနိက အဆောက်အဦတို့ကို ဆောက်လုပ်ခဲ့လေသည်။[၁] သက်တော် ၉၃ နှစ်၌ ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။ ရေးသားခဲ့သောကျမ်းများဆရာတော်ကြီးသည် ကျမ်းစာ (၃၆) ကျမ်းကို ပြုစုခဲ့၍[၂] ထင်ရှားသော အချို့ကျမ်းများမှာ :
ယခုအခါ ထိုကျမ်းစာများကိုသမိုင်းပြတိုက်တွင်ပူဇော်တွေ့ရှိနိုင်သည်။ ဂုဏ်ပြုခံရမှု၁၉၄၁ ၌ နိုင်ငံတော်အစိုးရက အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် ဆပ်ကပ်ခဲ့သည်။ ကိုးကား
ပြင်ပလင့်ခ်မိုးညှင်းသမ္ဗုဒ္ဓေ 30 June 2017 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . |
Portal di Ensiklopedia Dunia