ချောင်းဦးမြို့နယ်
ချောင်းဦးမြို့နယ်သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ရှိ မြို့နယ်တစ်မြို့ ဖြစ်သည်။[၂] မြို့နယ်ရုံးစိုက်ရာမြို့မှာ ချောင်းဦးမြို့ ဖြစ်သည်။ ![]() ![]() အိမ်နီးချင်းမြို့နယ်များ/နယ်နိမိတ်ထိစပ်မြို့နယ်များအရှေ့ဘက်တွင် မြင်းမူမြို့နယ်၊ တောင်ဘက်တွင် မြောင်မြို့နယ်၊ အနောက်ဘက်တွင် ဆားလင်းကြီးမြို့နယ်နှင့် မြောက်ဘက်တွင် မုံရွာမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည်။ မြို့နယ်တွင်းကျေးရွာများမြို့နယ်တွင်း၌ ကျေးရွာပေါင်း (၇၃)ရွာ ရှိသည်။ ၎င်းတို့မှာ- 3
မြို့နယ်အဝှမ်း သမိုင်းဝင်ရွာများချောင်းဦးမြို့နယ်အဝှမ်း ကျေးရွာများ၊ ရပ်ကွက်များနှင့် ဘုန်းတော်ကြီးကျောင်းများကဲ့သို့သော သမိုင်းဝင်နေရာများ မြောက်မြားစွာရှိသည်။ ၎င်းတို့အနက်၊ ဥပမာအားဖြင့် နွယ်ခွေ၊ ပဲပြစ်တော၊ ခင်မွန်၊ အမြင့်နှင့် မှန်ချိုကျေးရွာများဖြစ်သည်။ အမြင့်ရွာရှေးဟောင်းသမိုင်းဝင် ရွာတစ်ရွာဖြစ်သည်။ အင်းဝနှင့် ကုန်းဘောင်မင်းများလက်ထက်တွင် ထင်ရှားသော မြို့ပြတစ်ခုဖြစ်သည်။ အင်းဝခေတ်တွင် အင်းဝဘုရင်များနှင့် တပ်မတော်များအတွက် အရေးပါအရာရောက်ခဲ့သော မြို့ကြီးတစ်မြို့ ဖြစ်ခဲ့သည်။ အင်းဝဘုရင် မင်းကြီးစွာစော်ကဲသည် မင်းမဖြစ်ခင်က အမြင့်မြို့စားဖြစ်သည်။ ကုန်းဘောင်မင်းများ အုပ်စိုးစဉ် အမြင့်မြို့ဝန် မင်းလက်ဖဝါးသည် ထင်ရှားသည်။ ရဟန္တာဆရာတော် အရှင်နန္ဒာသီရိသည် အမြင့်မြို့ဟောင်းကျေးရွာတွင် ဖွားမြင်တော်မူသည်။ ရှေးဟောင်းသမိုင်းဝင် ဘုရားပုထိုး၊ ဘုန်းကြီးကျောင်းများနှင့် အထောက်အထားများ စုဝေးနေသည့် ရွာဖြစ်သည်။ သမိုင်းဝင် မြို့ပေါ်ရပ်ကွက်များချောင်းဦးမြို့တွင် ရှေးဟောင်းသမိုင်းဝင် မြို့ပေါ်ရပ်ကွက်များရှိသည်။ ဥပမာအားဖြင့် ဆံတော်စွဲ၊ အရှေ့မအုပ်၊ အနောက်မအုပ်၊ ရဲလှေရပ်ကွက်များ ထင်ရှားသည်။ ၎င်းရပ်ကွက်များသည် သမိုင်းအားဖြင့် ကျန်စစ်မင်းနှင့် ပတ်သက်ဆက်နွယ်နေသည်။ သမိုင်းဝင်ကျောင်းတော်ကြီးများမြို့နယ်အဝှမ်း ရှေးဟောင်းသမိုင်းဝင် ဘုန်းတော်ကြီးကျောင်းများနှင့် စေတီပုထိုးများရှိသည်။ မြို့ပေါ်ရပ်ကွက်များတွင်လည်း ကျန်စစ်မင်း တည်ထားကိုးကွယ်ခဲ့သော စေတီပုထိုးများရှိသည်။ ဥပမာအားဖြင့် မန်ကျည်းတောကျောင်းတိုက်ရှိ ဝင်္ခယစေတီတော်၊ ထီးလှိုင်ရှင်ကျောင်းရှိ ထီးလှိုင်ရှင်စေတီတော်တို့ဖြစ်သည်။ မြို့နယ်အဝှမ်း အခြား ရှေးဟောင်းသမိုင်းဝင် ဘုရားပုထိုးစေတီ၊ ကျောင်းတော်များလည်း ရှိနေပေသေးသည်။ အချို့သော ရှေးဟောင်းကျောင်းတော်ကြီးများမှာ အသစ်ပြန်လည်တည်ဆောက်ကြသဖြင့် ရှေးဟောင်း ရှေးမူလက်ရာများ ပျောက်ကွယ်နေပြီး၊ ထိန်းသိမ်းရန်လိုအပ်နေပြီဖြစ်သည်။ ထို့အတူ ဘုရားပုထိုး စေတီတော်များကိုလည်း ရှေးမူလက်ရာမပျက်သာ ပြန်လည်ပြုပြင်သင့်သည်။ ထင်ရှားသောနေရာများ
ချောင်းဦးမြို့နယ်ဖွား ထင်ရှားပုဂ္ဂိုလ်ကြီးများ
ချောင်းဦးမြို့နယ်တွင်း ထူးခြားထင်ရှားမှု
စီးပွားရေး
ကိုးကား
|
Portal di Ensiklopedia Dunia