မော့စကော့ကျွန်းများ
မော့စကော့ကျွန်းများ သည် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး မြောက်ပိုင်းကမ်းရိုးတန်း၏ လက်ယာဘက် ကပ္ပလီပင်လယ်ပြင်တွင် တည်ရှိသည့် ကျွန်းတစ်ခု ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ တောင်ဘက်ပိုင်းတွင် တည်ရှိသည်။ ကျွန်းသို့ ခရီးသွားများ သွားလာခြင်းကို ခွင့်မပြုပေ။ ပထဝီသွင်ပြင်ကျွန်း၏ အရှည်သည် ၇၀ ကီလိုမီတာရှည်သည်။ ကျွန်းတစ်ခုလုံး၏ ခြေသွေ့နေရာဒေသသည် ၄၁.၁၉ စတုရန်းကီလိုမီတာ ရှိသည်။[၁] ကျွန်းတွင် လူအခြေချနေထိုင်မှု မရှိပေ။ သို့သော် ကျွန်းအနီးရှိ ကမ်းရိုးတန်းများမှ ငါးဖမ်းသမားများမှာမူ ခြောက်သွေ့ရာသီ၌ ကျွန်းတွင် ယာယီအလို့ငှါ နေထိုင်ကြသည်များ ရှိသည်။ ပုံမှန်အားဖြင့် ထိုငါးဖမ်းသမားများသည် ငါးဖမ်းရန်အတွက်ဖြစ်သော်လည်း သစ်များ ခုတ်လှဲခြင်း၊ ပင်လယ်လိပ်ဥများ၊ ငှက်သိုက်များ (Swiftlet nests) ရယူခြင်းနှင့် သစ်တောထွက်ပစ္စည်းများရယူခြင်းများ လုပ်ဆောင်ကြသည်။[၂] ဂေဟဗေဒပုံမှန်အားဖြင့် ကျွန်းများအားလုံးသည် သစ်တောများထူထပ်ကြကာ ကျောက်ဆောင်များက နက်ရှိုင်းစွာ တည်ရှိသည်။ ကျွန်းများ၏ ကမ်းခြေသည် ပင်လယ်လိပ်မျိုးစုံ၏ ဥ ဥရာ ဒေသလည်းဖြစ်သည်။ ကိုလိုနီခေတ် ၁၉၂၄ ခုနှစ်တွင် ကျွန်းစုတစ်ခုလုံးအား ထိန်းသိမ်းရေးနယ်မြေအဖြစ် ကြေညာခဲ့ပြီး ၁၉၂၇ ခုနှစ်တွင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အဖြစ် သတ်မှတ်ခဲ့သည်။ လက်ရှိတွင် ကျွန်းစုတစ်ခုလုံးအား မော့စ်ကော့ကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အဖြစ် သတ်မှတ်ထားသည်။ လိပ်ဥနှင့် ငှက်သိုက်များ စုဆောင်းခြင်းကို အကန့်အသတ်ဖြင့် ခွင့်ပြုထားသည်။[၃][၄] ကျွန်းများမော့စ်ကော့ကျွန်းစုတွင် အဓိက ကျွန်းအုပ်စုလေးခု ပါဝင်သည်။
ပြင်ပလင့်များကိုဩဒိနိတ်: 14°07′30″N 97°48′15″E / 14.12500°N 97.80417°E ကိုးကား
|
Portal di Ensiklopedia Dunia