မော့စ်ကော့ကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော
မောစ်ကော့ကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ထားဝယ်ခရိုင်၊ တနင်္သာရီတိုင်းဒေသကြီးတွင် တည်ရှိသည်။ တောင်၊ မြောက်၊ အလယ် မော့စ်ကော့ကျွန်းများကို ပေါင်းစည်း၍ ဘေးမဲ့တောအဖြစ် တည်ထောင်ထားခြင်း ဖြစ်ပြီး အက်ဒမန်ပင်လယ်၏ မြောက်ဘက်တွင်တည်ရှိသည်။ တည်နေရာမြောက်လတ္တီတွဒ်၁၄°၀၄'၊ အရှေ့လောင်ဂျီတွဒ် ၉၇°၅၀'၊ ရေဖြူမြို့နှင့် လောင်းလုံမြို့နယ်များအတွင်း တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် တည်ရှိသည်။ ၁၉၂၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၄၉.၁၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ သဘာဝအရင်းအမြစ်များကျောက်ဆောင်၊ ကျောက်တုံးများပေါများသော ကျွန်းများမှတပါး ကျန်ဒေသများကို အမြဲစိမ်းတော ၇၅ ရာခိုင်းနှုန်းဖုံးလွှမ်းထားသည်။ ကျောက်ဆောင် ကျောက်ဂူများပေါများသော ကျွန်းများတွင် ဇီဝဇိုးငှက်(Collocalia fuciphaga) အသိုက်များပြုလုပ်ကြပြီး ငှက်သိုက်များသည် စီပွားရေးဈေးကွက်အရ ဝယ်ယူလိုမှု အလွန်မြင့်မားသည်။ ခြိမ်းခြောက်နေသောအန္တရာယ်များမောင်းမကန်ကျွန်း(အလယ်ကျွန်း)တွင် တပ်မတော် (ရေ)၏ ကာကွယ်မှုအောက်တွင်ရှိနေသော်လည်း ဇီဝဇိုးငှက်သိုက်များကို အလွန်အမင်း ခွာယူ(ထုတ်ယူ)မှုများ မြင့်မားနေသည်။ ထို့ပြင် ရေပြင်သယံဇာတများ သုံးစွဲမှုများကလည်း မြင့်မားနေသည်။ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများခရီးသွားလာရေးလုပ်ငန်းများခရီးသွားများကို ကျွန်းထိ လာရောက်ခြင်းကို ကန့်သတ်ထားသည်။ အလယ်မောစ်ကော့ကျွန်း၏ ရှေ့မျက်နှာတွင်ရှိသော ကမ်းရိုးတန်းတွင် တည်ရှိသည့် မောင်းမကန်ကမ်းခြေသည် မြန်မာနိုင်ငံတွင်ရှိသော လည်ပတ်သွားလာမှုများသော ကမ်းခြေထဲမှ တစ်ခုဖြစ်ကာ ခရီးသွားများကြားတွင် ရေပန်းစားလှသည်။ ထားဝယ်မြို့တောင်ဘက် ၁၅ကီလိုမီတာအကွာတွင် တည်ရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia