မျိုးညွန့်

ဦးမျိုးညွန့်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၆ – ၈ ဖေဖော်ဝါရီ ၂၀၂၁
သမ္မတဦးထင်ကျော်
ဦးဝင်းမြင့်
ယခင်လူဦးမြသိန်း
ဆက်ခံသူဦးသန်းကျော်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၄၄
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့
လူမျိုးမြန်မာ
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်မန္တလေးတက္ကသိုလ်

ဦးမျိုးညွန့် သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ တတိယမြောက် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ခန့်အပ်ခဲ့သည်။[] [] သူသည် စစ်အာဏာသိမ်းခံရပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီ ၈ရက်တွင် ရာထူးမှ အနားပေးခံရသည်။[]

ဝန်ထမ်းဘဝ

ဦးမျိုးညွန့်ကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် ၁၉၄၄ ခုနှစ်၌ မွေးဖွားခဲ့သည်။ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့မှ B.A (Bachelor of Art), R.L (Registered Lawyer) and D.B.L (Diploma of Business Law) ဘွဲ့များ ရရှိခဲ့သည်။ ဦးမျိုးညွန့်သည် မြို့နယ်တရားသူကြီး၊ ခရိုင်တရားသူကြီးနှင့် တိုင်းတရားသူကြီးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ထို့အပြင် စစ်အယူခံ တရားရုံးတရားသူကြီး အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံရှေ့နေများကောင်စီအဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

ကိုးကား

  1. နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌခန့်အပ်တာဝန်ပေးခြင်း။ နိုင်ငံတော် သမ္မတရုံး (၃၁ မတ် ၂၀၁၆)။ ၃၁ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင် စာရင်း တင်သွင်းVOA Burmese (၂၄ မတ် ၂၀၁၆)။ ၇ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်းMOI Myanmar (၈ ဖေဖော်ဝါရီ ၂၀၂၁)။ ၇ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya