နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး (အင်္ဂလိပ်: Constitutional Tribunal of the Union) သည် မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ၂၀၁၁ မတ်လ (၃၁)ရက်နေ့တွင် စတင် ဖွဲ့စည်းထားခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် (၉)ဦးဖြင့်ဖွဲ့စည်းထားပြီး နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဖွဲ့ဝင်သုံးဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဖွဲ့ဝင်သုံးဦးနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက အဖွဲ့ဝင်သုံးဦး အသီးသီးရွေးချယ်ရသည်။ နိုင်ငံတော်သမ္မတသည် အဆိုပါ(၉) ဦး၏အမည်စာရင်းကို၎င်း ယင်းတို့အနက် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် အဖွဲ့ဝင်တစ်ဦး၏အမည်စာရင်းကို၎င်း ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းလျက် သဘောတူညီချက်ရယူရသည်။ ခုံရုံး၏ သက်တမ်းမှာ ငါးနှစ်ဖြစ်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၏လုပ်ငန်းတာဝန် အသေးစိတ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၂ တွင် ပြဋ္ဌာန်းထားသည်။ အဖွဲ့ဝင်များ၃ ဩဂုတ် ၂၀၂၃-လက်ရှိ၂၀၂၃ ခုနှစ် ဩဂုတ် ၃ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌအသစ်အား ခန့်အပ်ခဲ့သည်။ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၇) ဦး တို့မှာ
၁၄ မတ် ၂၀၂၂ - ၃ ဩဂုတ် ၂၀၂၃၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ခန့်အပ်ခဲ့သည့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌအသစ်နှင့် အဖွဲ့ဝင်(၈) ဦး တို့မှာ
၈ ဖေဖော်ဝါရီ ၂၀၂၁ - ၁၄ မတ် ၂၀၂၂၂၀၂၁ ဖေဖော်ဝါရီ (၈)ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သမ္မတဦးထင်ကျော် ခန့်အပ်ခဲ့သည့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်တို့ကို အနားပေးပြီး ခန့်အပ်ခဲ့သော ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၈)ဦး [၁] တို့မှာ
၃၀ မတ် ၂၀၁၆ - ၃၁ ဖေဖော်ဝါရီ ၂၀၂၁၂၀၁၆ မတ်လ (၃၀)ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ခန့်အပ်ခဲ့သည့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၈) ဦးတို့မှာ[၄][၅]
၂၆ ဖေဖော်ဝါရီ ၂၀၁၃ - ၂၉ မတ် ၂၀၁၆
လုပ်ငန်းတာဝန်များ
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဆုံးဖြတ်ချက်၏ အကျိုးသက်ရောက်မှုမှာ တရားရုံး တစ်ရုံးသည် အမှုတစ်မှုကို စစ်ဆေး စီရင်ရာတွင် ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ဆန့်ကျင်မှု ရှိ-မရှိ၊ ညီညွတ်မှု ရှိ-မရှိ အငြင်းပွားမှု ပေါ်ပေါက်ပါက ထိုအငြင်းပွားမှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးကလည်း တစ်စုံတစ်ရာဆုံးဖြတ်ချက် ချမှတ် ထားခြင်း မရှိသေးလျှင် အဆိုပါ တရားရုံးသည် အမှုစစ်ဆေးစီရင် ခြင်းကို ရပ်ဆိုင်းထားပြီး မိမိ၏ ထင်မြင်ချက်ကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး သို့ တင်ပြ၍ အဆုံးဖြတ်ရယူရမည် ဖြစ်ကြောင်း၊ ယင်းအငြင်းပွားမှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်သည် အမှုအားလုံးနှင့် သက်ဆိုင်စေရမည်ဖြစ်သည်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ တွင် ပြဋ္ဌာန်းထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏အဓိပ္ပာယ်ဖွင့်ဆိုချက်ဆုံးဖြတ်ချက် သဘောထားရယူရန် ကိစ္စများကို နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌတို့သည် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တိုက်ရိုက်တင်သွင်းခွင့်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၅ တွင် ပြဋ္ဌာန်းထားသည်။ ထို့ပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အားလုံး၏အနည်းဆုံး ၁၀ ရာခိုင်နှုန်းတို့သည် သတ်မှတ်ထားသော နည်းလမ်းနှင့်အညီ ခုံရုံးသို့ တင်သွင်းခွင့်ရှိကြကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၆ တွင် ပြဋ္ဌာန်းထားသည်။ နောက်ခံသမိုင်းနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင်ပါဝင်မည့် နိုင်ငံတော်အခြေခံမူများ သတ်မှတ်ရေးအတွက် ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပခဲ့သည့် အမျိုးသားညီလာခံစုံညီအစည်းအဝေးက အခြေခံမူ ၁၀၄ ချက်ချမှတ်ခဲ့သည်။ ထိုအစည်းအဝေးတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဖွဲ့စည်းရေးနှင့်သက်ဆိုင်သောအခြေခံမူကို အမျိုးသားညီလာခံ အစု အဖွဲ့(၈)ဖွဲ့ ကိုယ်စားလှယ်အားလုံးက အညီအညွတ်သဘောတူ ဆုံးဖြတ်ချမှတ်ခဲ့ကြသည်။ ၂၀၀၇ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့တွင် ကျင်းပသည့်အမျိုးသားညီလာခံ စုံညီအစည်းအဝေး တွင် "နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး" ဖွဲ့စည်းရေး၊ အဖွဲ့ဝင်များ၏ အရည်အချင်း၊ ခုံရုံးသက်တမ်း၊ အဖွဲ့ဝင်များအပေါ် စွပ်စွဲပြစ်တင်ခြင်း၊ ခုံရုံး၏ လုပ်ငန်းတာဝန်များနှင့် ခုံရုံးအဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန် ကိစ္စများကို သတ်မှတ် သည့် နည်းလမ်း နှင့်အညီသာ တင်သွင်းခွင့်ရှိစေရေး စသည့် ခုံရုံးနှင့်စပ်လျဉ်းသော အသေးစိတ် အခြေခံရမည့် မူများကို ချမှတ်ခဲ့ကြသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) မူကြမ်းရေးဆွဲရေးကော်မရှင်သည် ၁၆-၉-၁၉၉၃ ရက်နေ့တွင် ကျင်းပခဲ့သည့် အမျိုးသားညီလာခံ စုံညီ အစည်းအဝေးက ချမှတ်ခဲ့သည့် "နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဖွဲ့စည်းရေး" နှင့်စပ်ဆိုင်သောအခြေခံမူကို အခန်း(၁)၊ "နိုင်ငံတော်အခြေခံမူများ"အခန်း၊ ပုဒ်မ ၄၆ အဖြစ်လည်းကောင်း၊ ၂-၈-၂၀၀၇ ရက်နေ့ ကျင်းပ ခဲ့သည့် စုံညီအစည်းအဝေးကချမှတ်ခဲ့သည့် "နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး" ဖွဲ့စည်းခြင်း၊ ခုံရုံးလုပ်ငန်း တာဝန်၊ ခုံရုံး ဆုံးဖြတ်ချက်၏ အကျိုးသက်ရောက်မှု၊ ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နှင့် သဘောထားရယူရန် တင်သွင်းခြင်း၊ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားစွပ်စွဲပြစ်တင်ခြင်းနှင့် ခုံရုံးသက်တမ်းနှင့်စပ်လျဉ်းသော အသေးစိတ်အခြေခံမူများကို အခန်း (၆)၊ "တရားစီရင်ရေး" အခန်း၊ ပုဒ်မ ၃၂၀ မှ ၃၃၆ ပါပြဋ္ဌာန်းချက်များအဖြစ် ပြဋ္ဌာန်းခဲ့သည်။ အထက်ဖော်ပြပါ ချမှတ်ခဲ့သည့်အခြေခံမူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တွင်"နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး"တစ်ရုံးဖွဲ့စည်းပြီး၊ ထိုခုံရုံးက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြု ပြဋ္ဌာန်းမည့် အခြေခံဥပဒေကြီး အရှည်ခန့်၍ တည်တံ့စေရန် ဆီဗီလ်ဥပဒေစနစ် (Civil Law System) ကျင့်သုံးသော နိုင်ငံများအသုံးပြုသည့် "ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကြီးစိုးလွှမ်းမိုးရေးမူ" (Principle of the Supremacy of Constitution)ကို အသုံးပြုအကောင်အထည်ဖော် ပြဋ္ဌာန်းဆောင်ရွက် နိုင်ရေးဖြစ်သည်။ ဤမူသည် နိုင်ငံတော်အချုပ်အခြာ အာဏာ၏ ခက်မ သုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို အခြေခံဥပဒေဖြင့် ပိုင်းခြားခွဲဝေအပ်နှင်းထားသော ဥပဒေပြုလွှတ်တော်၊ အုပ်ချုပ်ရေးအာဏာပိုင်အစိုးရနှင့် တရားလွှတ်တော်၊ တရားလွှတ်တော်ချုပ်တို့က အခြေခံဥပဒေနှင့်အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်နိုင်ရန်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဖွဲ့စည်းကျင့်သုံးသော အခြေခံဥပဒေစနစ်ကို ၂၀၀၈ခု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာမှသာ ဖော်ဆောင်နိုင်ခဲ့သည်။ မြန်မာ့ဖွဲ့စည်းပုံအခြေခံဥပဒေသမိုင်းတွင် ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၁၅၁ အရ "… ပြည်သူအတွက်အရေးကြီးသော ဥပဒေကြောင်းဆိုင်ရာပြဿနာပေါ်လျှင်၊ ပေါ်ရန်အကြောင်းရှိလျှင် နိုင်ငံတော်သမ္မတသည် ထိုပြဿနာကို တရားလွှတ်တော်ချုပ်သို့ လွှဲအပ်နိုင်သည်။ တရားလွှတ်တော်ချုပ်ကလည်း ကြားနာစစ်ဆေးပြီး သမ္မတထံအစီရင်ခံနိုင်ရမည်။ …" ဟူ၍ ပြဋ္ဌာန်းကျင့်သုံးခဲ့ကြ သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအငြင်းပွားမှု၊ ဥပဒေအနက် အဓိပ္ပာယ်ဖွင့်ဆိုမှုတို့ကို ထိုစဉ်ကတရားလွှတ်တော်ချုပ်က အဆုံးအဖြတ်ပေးခဲ့သည်။ ၁၉၇၄ ခုနှစ် တွင် ပေါ်ပေါက်လာ ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၂၀၀ နှင့် ၂၀၁ တို့အရ "နိုင်ငံတော်ကောင်စီ၊ ဗဟိုနှင့်ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များသည် အခြေခံဥပဒေနှင့်ကိုက်ညီခြင်း ရှိ၊ မရှိဆုံးဖြတ်ရန်" လိုအပ်ပါကလည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရန် ပေါ်ပေါက်လာပါကလည်းကောင်း ပြည်သူ့လွှတ်တော် ကသာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းကျင့်သုံးခဲ့ကြသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ အခြေခံဥပဒေကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ဥပဒေပြုလွှတ်တော်များကပြဋ္ဌာန်းသည့် ဥပဒေများ၊ အုပ်ချုပ်ရေး အာဏာပိုင် အစိုးရ၏ဆောင်ရွက်ချက်များသည် အခြေခံဥပဒေ နှင့်ညီမညီစိစစ်ခြင်း၊ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်းအပါအဝင် အခြေခံဥပဒေပုဒ်မ ၃၂၂-၃၂၃ ပါ ခုံရုံး၏လုပ်ငန်း တာဝန်များ နှင့် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့်ဥပဒေများက ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို ၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ဆုံးဖြတ်ခဲ့သော တင်သွင်းလွှာများနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး စတင်ဖွင့်လှစ်ခဲ့သော ၃၀-၃-၂၀၁၁ မှ ၂၀၂၀အထိ တင်သွင်းလွှာစုစုပေါင်း (၁၆) ခုကို စစ်ဆေးဆုံးဖြတ်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်များမှာ[၉]
ကိုးကား
|
Portal di Ensiklopedia Dunia